မေတ္တာချိုချို ဘ၀ခက်ခက်

( 1 မှတ်ချက်)

7500 (ကျပ်)

ဟန်အာရင်းမ် ….။ လူ့လောကကို သူရောက်ရှိချိန်မှာ သူ့မိဘတွေက သိပ်ကိုငယ်လွန်းသေးတဲ့ ဆယ်ကျော်သက်။ နောက်ဆယ့်ခြောက်နှစ်အကြာမှာ သူဟာ သူ့ရဲ့ အသက်၃၂ နှစ်အရွယ် သွင်ပြင်ကို သူ့ဖခင် ထံမှာ မြင်တွေ့နေရပြီး သူ့ဖခင်ရဲ့ အသက် ၈၀ သွင်ပြင်ကိုတော့ သူ့ထံမှာ မြင်တွေ့နေရပါပြီ။ သူဟာ ပုံမှန်ထက် ပိုပြီး အိုမင်းမှု ဆယ်ဆခန့်ကို ရင်ဆိုင်ဖြတ်သန်းနေရသူ Progeria ဝေဒနာရှင်လေး တစ်ယောက်ပါ။မီရာနဲ့ ဒယ်ဆူ တို့အတွက်တော့ ထူးချွန်တဲ့ ပါရမီနဲ့ မွေးဖွားလာတဲ့ သားလိမ္မာလေးတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဘဝတူ အများထက်ပိုလို့ နှစ်တွေအများကြီးပိုရှင်သန်အောင် ကြိုးစားနိုင်တဲ့ ဇွဲတွေကြောင့် သူဟာ ပိုပြီး ရင့်ကျက်လာခဲ့တယ်။လူ့ဘဝရဲ့ တန်ဖိုးကို အာရင်းမ်က ကောင်းကောင်းသိပါတယ်။ ရှင်သန်နေထိုင်ခြင်း အနုပညာကို The Brilliant Life ဇာတ်ကားကနေ တစ်ဆင့် ဖော်ကျူးနိုင်ခဲ့ပါတယ်။ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းသရုပ်ဆောင် Song Hey Kyo နဲ့အတူ Gand Dong Woo၊ Cho Sung Mok တို့က ပီပြင်စွာ သရုပ်ဆောင်ထားပြီး ကမ္ဘာကျော်ခဲ့တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ခဲ့ပါတယ်။ ဒီစာအုပ်မှာတော့ စာ​ရေးသူက ရုပ်ရှင်ဖန်သားပြင်ထက် ခံစားထိတွေ့ဖို့ မမီနိုင်တဲ့ အသေး စိတ်ခြယ်မှုန်းသရုပ်ဖော်မှုတွေနဲ့ ပိုမို သက်ဝင်လှုပ်ရှားလာအောင် ရေးဖွဲ့ထားပါတယ်။ ပိုမိုထိမိ စူးရှတဲ့ ရသကို ခံစားရမယ့် စိတ်ဝင်စားဖွယ် ဘာသာပြန်စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။

စာမျက်နှာ

247

စာအုပ်အရွယ်အစား

5.4 x 0.4 x 8.1 inches

ပုံနှိပ်မှတ်တမ်း

အိပ်မက်အသစ်စာပေ ၊ 2023 ဖေဖော်ဝါရီလ (ဒုတိယအကြိမ်)

4 in stock

မေတ္တာချိုချို ဘ၀ခက်ခက် အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Aeri Myat

    ဒီနေ့တော့ ဆရာမ စုမြတ်ချစ် မြန်မာပြန်ထားတဲ့ မေတ္တာချိုချို ဘဝခက်ခက်
    စာအုပ်လေး ဖတ်ဖြစ်တယ်။
    ပုံမှန်ဆို ကျွန်မက မပေါင်းရတဲ့
    ဇာတ်သိမ်းတို့ ဝမ်းနည်းပြီးကျန်ခဲ့ရမဲ့
    ခံစားချက်တို့ ရစေမဲ့ စာအုပ်တို့ ရုပ်ရှင်တို့
    သိပ်မဖတ်ချင် မကြည့်ချင်ဘူး။
    အလိုလိုနေရင်း ဝမ်းနည်းဓါတ်ခံရှိတဲ့သူမို့
    ထိလွယ်ရှလွယ် ဖြစ်တတ်တာမို့ပါ။
    ဒီစာအုပ်လေးကိုကျ ဆရာမအညွှန်းလေး အမှတ်မထင် တွေ့မိရင်း ဖတ်ချင်စိတ် ဖြစ်မိတယ်။
    ဆရာမအညွှန်းမှာ ရေးထားတဲ့စာလေး…
    “ပျော်ရွှင်စရာ မကောင်းတဲ့ ကာလမှာ
    Areumတို့ မိသားစုရဲ့ဘဝကို သတ္တိရှိရှိ
    ကြံ့ကြံ့ခံ ဖြတ်သန်းခဲ့တာလေးကို
    ခံစားမှူပေါင်းစုံနဲ့ စီးမျောကြည့်စေချင်လို့ပါတဲ့။”
    Areum(အာရင်းမ်း)က Progeria
    Syndrome လို့ခေါ်တဲ့ ရှိရင်းစွဲအသက်ထက် အသက်ကြီးမြန်တဲ့ရောဂါကို
    ခံစားနေရတဲ့ ကလေး။
    သူ့ဖေဖေ ဟန်ဒယ်ဆူ နဲ့ မေမေ ချွဲမီရာ
    တို့ ဆယ်ကျော်သက် အရွယ်မှာ
    မမျှော်လင့်ဘဲ ရခဲ့တဲ့ ကလေးဖြစ်တယ်။
    သူ့ဖေဖေ နဲ့ မေမေက
    သူတို့တတ်နိုင်သလောက် ကြိုးစားပြီး
    သားလေးကို ကုသပေးရှာပါတယ်။
    ဒါပေမဲ့လည်း မပြည့်စုံတဲ့ ဘဝဆိုတော့
    ရုပ်သံအစီအစဥ်မှာ ပါဝင်ဖို့
    ဆုံးဖြတ်ခဲ့တယ်။
    (လှူဒါန်းငွေလည်းရတာမို့ ဆေးကုသစရိတ်အတွက် အထောက်အပံ့ကောင်း တစ်ခု ဖြစ်တာမို့ပါ)
    Areumကိုယ်တိုင်က လိုလိုလားလားနဲ့
    ပါဝင်ခဲ့တာ… သူ့ဖေဖေနဲ့ မေမေကို
    အနည်းငယ်ဖြစ်ဖြစ် ပင်ပန်း သက်သာစေချင်တဲ့ စိတ်ကလေးတစ်ခုကြောင့်ပေါ့။
    နေမကောင်းတဲ့ကလေး ဖြစ်ပေမဲ့
    Areumက ရှင်သန်ချင်စိတ်ရှိတယ်။
    သူ့အခြေအနေသူ သိပေမဲ့ စာအုပ်တွေဖတ်တယ်၊ စကားလုံးအသစ်တွေ သင်ယူတာမျိုးတွေလုပ်တယ်။
    သူထွက်သွားရတဲ့ အချိန်မှာ
    သူ့ဖေဖေနဲ့ မေမေအကြောင်း ရေးထားတဲ့
    ဘဝဇာတ်ကြောင်းလေးကို လက်ဆောင်အဖြစ် အမှတ်တရ ပေးချင်ခဲ့တဲ့ စိတ်ထားလေးကလည်း သိပ်
    ချစ်ဖို့ကောင်းတယ်။
    Areum ကြိုးစားရှင်သန်တာကို
    ကြည့်ပြီး စိတ်ခွန်အားတွေ ရစေပါတယ်။
    နောက်ပြီး…. ချစ်ခြင်းမေတ္တာကြောင့်
    Areum ရှင်သန်ခဲ့တဲ့ နေ့ရက်တွေက
    အဓိပ္ပါယ်ရှိရှိ ကုန်ဆုံးခဲ့ရတယ်လို့
    ထင်မြင် ယူဆမိတယ်။
    “ဖေဖေ မေမေတို့ကို လွမ်းနေမှာပါ”ဆိုတဲ့နေရာလေး ရောက်တော့ ငိုမိရောပဲ။🥺
    အနည်းဆုံးတော့..အာရင်းမ်းရော
    သူ့ရဲ့ဖေဖေ မေမေရောက ရှင်သန်နိုင်ဖို့
    လက်မလျော့စတမ်း ကြိုးစား
    အားထုတ်ခဲ့ကြတာပဲမလား။
    ဆရာမ စုမြတ်ချစ်ရဲ့ ဘာသာပြန်
    အရေးအသား ချောမွေ့မှူကြောင့်လည်း
    ဖတ်ရတာ ပိုပြီး ကောင်းမွန်တယ်လို့
    ခံစားမိပါတယ်။
    စာအုပ်ကောင်းလေး ဖတ်ခွင့်ရတဲ့အတွက်
    ဆရာမကိုလည်း ကျေးဇူးတင်ပါတယ်။🥰💛
    Ps: My Brilliant life ရုပ်ရှင်ကိုလည်း
    စာအုပ်ဖတ်ပြီးတဲ့အခါ ကြည့်ဖြစ်တယ်။
    စာအုပ်ကတော့ ခံစားချက်တွေကို
    သေချာလေး ပြည့်ပြည့်ဝဝ ခံစားရေးသားထားတာမို့ ပိုပြီး
    သဘောကျမိပါတယ်။
    #မေတ္တာချိုချိုဘဝခက်ခက်
    #စုမြတ်ချစ်
    #အိမ်မက်အသစ်စာပေ
    #MyBrilliantLife
    #두근두근내인생
    #하은
    #bookno31

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

စုမြတ်ချစ် စာအုပ်များ