ဆုံနေရက်နဲ့ လွမ်းလေခြင်း

( 8 မှတ်ချက်)

15000 (ကျပ်)

…

စာမျက်နှာ

424

စာအုပ်အရွယ်အစား

4.8 x 0.5 x 7.2 inches

ပုံနှိပ်မှတ်တမ်း

ဂျူးစာပေ၊2013 ဒီဇင်ဘာလ၊ (ပ-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

21.11.2026 ရက်နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 15000 ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

28 in stock

ဆုံနေရက်နဲ့ လွမ်းလေခြင်း အား ဝေဖန်သုံးသပ်မှု 8 ရှိပါသည်။

  1. Saw Zayer Oo –

    အချစ်နဲ့‌မေတ္တာကို ခွဲခြားတွေဝေနေတဲ့ မိန်းကလေး…
    ဂရုစိုက်ကြင်နာခြင်းရဲ့အဆုံးမှာ အချစ်ရှိတယ်ဆိုတာ
    သေချာမှတ်ယူထားခဲ့တဲ့ ကောင်လေး…

    မြန်မာ့ဧရာ၀တီမြစ်ကမ်းနားက ကျေးရွှာအလှကနေ
    ပြင်သစ်ရဲ့မာဆေးမြို့က လာဗင်ဒါပန်းအလှအထိ
    ခုနှစ်နှစ်မပြည့်သေးတဲ့ကလေးတွေရဲ့ ဇာတ်လမ်းနဲ့အတူ
    နူးညံ့သော လှပသော ဆွေးမြည့်သော ချစ်ခြင်းမေတ္တာတွေရဲ့
    လွမ်းမောစရာ ဇာတ်လမ်းတစ်ပုဒ်ပါ…

    ဒီစာအုပ်လေးဖတ်ပြီး မေးခွန်းတစ်ခုရှိခဲ့တယ်
    ကျ‌နော်တို့ရော အချစ်နဲ့မေတ္တာကို သေချာခွဲခြားနိုင်ခဲ့ပြီလား?

  2. Cho Tun –

    #ဆုံနေရက်နဲ့လွမ်းလေခြင်း
    #ဂျူး
    ဒီစာအုပ်ဖတ်ပြီးတော့ ခရမ်းရောင်လာဗင်ဒါပန်းခင်းကြီးထဲ အပြေးသွားချင်စိတ် ဖြစ်ပေါ်မိတယ်။တစ်အုပ်လုံးမှာ လာဗင်ဒါပန်းရနံ့တွေ သင်းပျံ့နေတာပါပဲ။
    မောင်သက်ဝေကို တကယ်ချစ်ပါရဲ့နဲ့
    ဘယ်အရာတွေကြောင့် ကိုယ့်ရဲ့စိတ်ကို အင်ကြင်းဝေတစ်ယောက်က
    လိမ်ညာနေမိခဲ့တာလဲ
    အင်ကြင်းဝေက တစ်ခါလောက်သာ မောင့်ကိုသဘောကျကြောင်း ဖွင့်ဟမိခဲ့ရင် ဒီဇာတ်လမ်းဟာ ပေါင်းဆုံမှာ အသေအချာပါပဲ။
    ငယ်ငယ်ထဲက ရင်းနှီးခဲ့ကြတဲ့ သံယောဇဉ်ကြိုးတွေကို အချစ်ကြိုးအဖြစ် အင်ကြင်းဝေက လက်ခံခဲ့ရင် ဒီကြိုးဟာ ထာ၀ရခိုင်မြဲနေမှာပါ။
    age is just number လို့ပဲ သဘောထားလို့မရဘူးလား။ပတ်၀န်းကျင်ကို ထည့်မတွက်ပဲ‌နဲ့လေ။ချစ်ရဲ့သားနဲ့ ဘာအ‌တွက်ကြောင့် အမြဲတမ်း ကိုယ့်ရဲ့နှလုံးသားကိုလိမ်ညာပြီး
    နှစ်ယောက်လုံးနာကျင်ရမယ့်လမ်းကို ရွေးချယ်ခဲ့‌နေရတာလဲ။
    မောင်သက်‌ဝေတစ်ယောက် အင်းကြင်ဝေကို အဆက်အသွယ်ဖြတ်ထားတဲ့ ၄နှစ်အတွင်းမှာ အတော်ပြောင်းလဲလာခဲ့သလို ကိုယ်လည်း
    နောင် ၄နှစ်ကြာရင် ဘယ်လိုတွေ ပြောင်းလဲနေမလဲ။
    ‘ပုဆိုးဖြူ မှန်ကူကွက်
    မနက်လည်းခြုံ ညလည်းခြုံ
    ခြုံနေရက်နဲ့ ချမ်းလေခြင်း။
    မိ နဲ့ မောင် မှာ
    မနက်လည်းဆုံ ညလည်းဆုံ
    ဆုံနေရက်နဲ့ လွမ်းလေခြင်း
    #review_by_khin
    #books_by_kcctun

  3. Cho Tun –

  4. Mitsuhha –

    အဆုံးမှာ မောင်သက်ဝေနဲ့အင်ကြင်းဝေ ပေါင်း‌‌ဆုံနိုင်မလားဆိုပြီးရင်တမမနဲ့ ဖတ်ရတယ်…။ မျှော်လင့်ထားသလိုပါပဲ အဆုံးမှာ မျက်ရည်ကျရတယ်.. မိန်းမတွေရဲ့နှလုံးသားနဲ့စိတ်ကိုနားမလည်နိုင်ဘူး ။ ချစ်ရက်နဲ့ဘာလို့များ ကိုယ့်နှလုံးသားကို
    လိမ်ညာနိုင်ရတာလဲ။

  5. Shoon Lae Htoo –

    အရမ်းကိုကြိုက်သောလေး အင်ကြင်းဝေနဲ့မောင်သက်ဝေသာ ကိုယ်စီမာနတွေနဲ့တင်းခံမထားခဲ့ရင် ပျော်ရွှင်စရာဇာတ်သိမ်းလေးဖြစ်မှာ ခုတော့….

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဂျူး စာအုပ်များ