လူတစ်လုံး၊ သူတစ်လုံး၊ လူစွမ်းလူစနှင့် လူဖြစ်နည်း

( 2 မှတ်ချက်)

5000 (ကျပ်)

အောင်မြင်ရေးနှင့် ကြီးပွားရေး တက်ကျမ်းများစွာကို ပြုစုရေးသားခဲ့သော ဆရာကြီး ပီမိုးနင်း၏ စာအုပ်ကောင်း သုံးအုပ်ကို စုပေါင်း စီစဉ်ခြင်း ဖြစ်သည်။ လောက၌ လူဟူ၍ဖြစ်လာလျှင် ကိုယ်ပိုင်အစွမ်းအဆများဖြင့် တိုးတက်ကြီးပွားရန် ဖန်တီးပြီး လူတစ်လုံး သူတစ်လုံးဖြစ်အောင် နေထိုင်ကြရသည်ချည်းဖြစ်သည်။ ယခုစာအုပ်သည် မိမိကိုယ်ကို အစွမ်းအစရှိသော လူတစ်ဦးဖြစ်စေရန် နေထိုင်ပုံ၊နေထိုင်နည်းများအပါအဝင် စိတ်ကို ခွန်အားဖြစ်စေသည့် သဘောတရားများကိုလည်း ရေးသားဖော်ပြထားပါသည်။ ခက်ခဲသောလမ်းကို ရှောင်ကွင်းပြီး အလွယ်လမ်းကိုလိုက်ခြင်းသည် မိမိကိုယ် မိမိ ဉာဏ်ရှိသူတစ်ဦးဟု အထင်မှားခြင်းဖြစ်ပြီး မိမိစိတ်ကို လှည့်စားခြင်းသာဖြစ်ကြောင်း ဆရာကြီးက စာအုပ်ထဲတွင် ရှင်းပြထားသည်။ ‘အသင်၏ အကြီးမားဆုံးရန်သူသည် အသင်၏စိတ်ပင် ဖြစ်၏။ အသင့်ကို နှောင့်ယှက်သောသူသည် အသင်ပင်ဖြစ်၏။ အသင်၏ ခက်ခဲခြင်းသည် အခြားမဟုတ်၊ အသင်ပင် ဖြစ်ပေသတည်း’ ဟု မိမိကိုယ်ကို မလှည့်စားမိစေရန်အတွက် သတိပြုနိုင်မည့် လမ်းညွှန်ချက်များကိုလည်း ဖတ်ရှု ဆင်ခြင်သုံးသပ်နိုင်မည်ဖြစ်သည်။

စာမျက်နှာ

188

စာအုပ်အရွယ်အစား

5 x 0.3 x 7.5 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2024 ဇူလိုင်လ (ပထမအကြိမ်)

စျေးနှုန်းအပြောင်းအလဲ

20.1.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 5000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

4 in stock

လူတစ်လုံး၊ သူတစ်လုံး၊ လူစွမ်းလူစနှင့် လူဖြစ်နည်း အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. အမည်မသိ –

    သတိရှိရန်နိုးဆော်နေဘိသကဲ့သို့ခံစားမိပါ၏။ဖတ်ပီးသော်လည်းဆက်၍ဖတ်ချင်ပါသည်။

  2. moekoko –

    ဖတ်ပီးရင်းဆက်၍ဖတ်ချင်ပါ၏။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ပီမိုးနင်း စာအုပ်များ