နေညိုညို

( 1 မှတ်ချက်)

5500 (ကျပ်)

စာမျက်နှာ

238

စာအုပ်အရွယ်အစား

5.2 x 0.4 x 7.4 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2017 ဇန်နဝါရီလ

စျေးနှုန်းအပြောင်းအလဲ

21.2.2025 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 5500 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

2 in stock

နေညိုညို အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Aeri Myat

    ဒီနေ့တော့ ဆရာကြီး
    ပီ-မိုးနင်းရဲ့ “နေညိုညို”
    စာအုပ်လေး ဖတ်ဖြစ်ပါတယ်။

    မြန်မာဝတ္ထုသမိုင်း၏ ကဏ္ဍသစ်တစ်ခုကို
    ခေါင်းဆောင်မှု ပေးခဲ့သော ဝတ္ထုကြီး
    လို့ စာအုပ်အဖုံးမှာ တွေ့တာနဲ့
    ဖတ်ဖို့ ငှားဖြစ်ခဲ့ပါတယ်။

    ၁၉၂၀က ပထမအကြိမ် ထုတ်ထားတဲ့
    ဝတ္ထုဆိုတော့ အခုဆို နှစ်ပေါင်း ရာချီ
    ကြာခဲ့ပြီပေါ့။

    ဇာတ်လမ်း အကျဥ်းကို
    ဖော်ပြရမယ်ဆိုရင်…

    လူတစ်ယောက် မြင်းတစ်ကောင်နဲ့
    ခရီးနှင်လာရင်း ရေတပေါက်လောက် သောက်ဖို့ အိမ်ကလေး တအိမ်စီ ဝင်ရောက်တောင်းခံရာက စထားတဲ့
    ဇာတ်လမ်းကလေးဖြစ်ပါတယ်။

    အိမ်ပိုင်ရှင် ဦးမြတ်စံ၊ သားဖြစ်သူ
    မောင်နေဦးတို့နေတဲ့ ထိုအိမ်ကလေး။

    ညိုညိုဆိုတဲ့ မိန်းကလေးတစ်ဦး
    သူတို့ရဲ့ဘဝထဲ ရောက်လာချိန်ကစလို့

    ပျော်ရွှင်ဖွယ်၊ အေးချမ်းဖွယ်

    အိမ်ဂေဟာလေး ဖြစ်ခဲ့ရတယ်။

    သွေးသားမတော်စပ်တဲ့ မောင်နေဦးနဲ့
    ညိုညိုတို့ရဲ့ သံယောဇဥ်တွေကလည်း
    ပိုမိုရစ်နွယ်လာတဲ့အခါ……။

    ကိုယ့်ကို မွေးစားထားတဲ့
    ကျေးဇူးရှင် မိသားစုဆိုတဲ့ အသိနဲ့
    မောင်နေဦး အချစ်ကို ငြင်းပယ်တဲ့
    ညိုညို…။

    ညိုညို့ကို မျက်နှာတချက်
    အညှိုးမခံ၊ မေတ္တာရှိရက် နောက်ဆုတ်ပေးတဲ့ မောင်နေဦး…။

    သမီးရင်းကို မွေးဖွားပြီး စွန့်ပစ်ခဲ့တဲ့
    ညိုညို့ရဲ့ မိခင်ရင်း ပွဲကတော်ကြီး
    မစော…။

    မွေးစားဖခင် ဆုံးပါးသွားလေတော့

    မိခင်ရင်းကို မကျေနပ်လို့ သူ့ဘဝသူ
    တိုးတက်ဖို့ အခုထက် သာအောင်၊ ကြိုးစားမယ်ဆိုတဲ့ စိတ်နဲ့ နေထိုင်ရာ
    အိမ်ကလေးကို စွန့်ခွာပြီး ရန်ကုန်မြို့ကြီး
    ကို ထွက်လာခဲ့သူ ညိုညို….။

    ဝမ်းရေးအတွက် စာရေးခြင်းနဲ့
    အသက်မွေးရင်း “မျိုးသူ”ဆိုတဲ့
    ကလောင်အမည်နဲ့ တရှိန်ထိုး
    အောင်မြင်လာခဲ့ချိန်….

    ဂုဏ်သရေရှိ အရေခြုံ၊ မိန်းကလေးတွေကိုအပျော်ကြံတတ်တဲ့ ဝတ်လုံတော်ရ
    မောင်ထွန်းခင် ဆိုသူနဲ့ တွေ့ဆုံလာရတယ်။

    ဘယ်လောက်ပဲ စာပေဗဟုသုတ
    ပြည့်ဝတဲ့သူပင် ဖြစ်ပါစေ၊
    အချစ်ဆိုတဲ့ စွဲလန်းစိတ်ကြောင့်
    စိတ်နှလုံး ညစ်နွမ်းနိုင်ပါလား
    ဆိုတဲ့ အသိလေး ရစေပါတယ်။

    ညိုညို့ဘဝလေး မညစ်နွမ်းခဲ့ရတာကိုပဲ
    ဖတ်ရင်း ကျေးဇူးတင်မိပါတယ်။

    ညိုညို့၏မွေးစားဖခင် ဦးမြတ်စံ
    ထားရစ်ခဲ့တဲ့ ငွေထုပ်ကို ခိုးယူခဲ့တဲ့
    လူတစ်ယောက်…။

    မောင်နေဦးတို့အိမ်မှာ
    ညိုညိုမနေတော့ပေမဲ့ လစဥ်
    ရောက်လာတဲ့ အမြတ်ဝေစုဆိုတဲ့
    ငွေတွေ…။

    ဒီလိုမြှုပ်ကွက်ကလေးတွေလည်း ထည့်ထားတာမို့ ဖတ်နေတဲ့ စာဖတ်သူကို
    စိတ်ဝင်တစား ဖြစ်စေတော့တာပဲ။

    ညိုညို သိပ်လိုချင်ခဲ့တဲ့ ဂုဏ်ပကာသန
    ဆိုတဲ့အရာတွေကလည်း တကယ်တမ်း
    ပိုင်ဆိုင်ရတဲ့အခါ ထင်သလောက်
    မအေးချမ်းရကြောင်း
    သူမ နားလည်သွားတဲ့အချိန်…
    နေညိုညိုဆိုတဲ့ ဒီဝတ္ထုလေး
    အဆုံးသတ် ရောက်ခဲ့ပါပြီ…။

    ရိုးသလိုနဲ့ ဆန်းဆန်းလေး ဖြစ်အောင်
    ရေးဖွဲ့ထားတဲ့ စာအုပ်လေးပါ။

    စကားလုံး၊ အဖွဲ့အနွဲ့ သုံးထားတာလေးတွေကိုလည်း အများကြီး သဘောကျရတယ်။

    ခုလိုစာအုပ်လေး ဖတ်ခွင့်ရတာကိုလည်း
    ကျေးဇူးတင်ပါတယ်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ပီမိုးနင်း စာအုပ်များ