စိတ်တန်ခိုးအောင်စိတ်နှင့် မနောမယိဒ္ဓိ သုခချမ်းသာစိတ်ပညာနှင့် ဆိုင်ကိုလိုဂျီ
6000 (ကျပ်)
ဤကျမ်းငယ်၌ပါရှိသော စကားများကို အဖိုးနည်းသောကြောင့် တစ်ကြောင်း၊ ပါဠိမပါသောကြောင့်တစ်ကြောင်း ပေါ့သည်ဟု မမှတ်အပ်ပေ။ စာဖြစ်ရုံသဘောထားကာ ရေးရိုးရေးတမ်း ဖြစ်ကတတ်ဆန်းရေးသော ဆုံးမစာမျိုးမှတ်ထင်ကာ ပေါ့သည်ဟု အယူမရှိအပ်ပေ။ စင်စစ်မှာ ဩဝါဒစကား ဟောစာတမ်းမျိုးလည်းမဟုတ်၊ တာဝန်ရှိ၍ရေးရသော သတင်းစာခေါင်းကြီးမျိုးလည်းမဟုတ်၊ အလုပ်မရှိ၍အလုပ်ရှာရေးသော သာမညစာမျိုးလည်းမဟုတ်၊ မလွဲနိုင်သော တရားစကားများကို လက်စွမ်းပြရန် ရေးသောစာလည်းမဟုတ်၊ အထူးထက်သန်သော စေတနာနှင့် အမျိုးသားအားလုံးတို့ အဟုတ်တကယ် ဖြစ်မြောက်အောင်မြင် အထင်အရှားအကျိုးစီးပွား ကိုယ်တိုင်ခံစားရပြီးသဖြင့် လက်တွေ့သိရသည့် အံ့ဖွယ်သောစိတ်ပညာ ကို ဖော်ပြခြင်းဖြစ်ရာ နားလည်ရန် လွယ်ကူသည့်အတွက်လည်း ပေါ့ပါးသဘောမထားအပ်ပေ။ ယုံယုံကြည်ကြည် ကိုးစားအားထားသောစိတ်နှင့် ဖတ်ရှုကျင့်သုံးအဆုံးမရှိရနိုင်သော ကြီးပွားအောင်မြင်ခြင်း၊ အသီးအပွင့်တို့ကို ကျုံးယူရှိရှိ ခံစားကြရစေဖို့ရန် ထက်သန်သော စေတနာနှင့် ရေးလိုက်သောစာများ ဖြစ်သဖြင့် အထပ်ထပ် ဖတ်ရှုကြပါကုန်။
(ပီ-မိုးနင်း)
စာမျက်နှာ | 148 |
---|---|
စာအုပ်အရွယ်အစား | 5.1 x 0.7 x 7.5 inches |
ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချို ၊ 2022 ဇူလိုင်လ (ငါးစောင်တွဲစုစည်းရိုက်နှိပ်ခြင်း) |
2 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ