ဘဝတိုက်ပွဲ၊ တက်လမ်းနှင့် ကမ္ဘာ့အလင်း
9500 (ကျပ်)
လောကီကြီးပွားတိုးတက်ရေး၊ အောင်မြင်ရေး စသည့် တက်ကျမ်းပေါင်းများစွာကို ရေးသားခဲ့သည့် ဆရာကြီး ပီမိုးနင်း၏ ဘဝတိုက်ပွဲ၊ တက်လမ်းနှင့် ကမ္ဘာ့အလင်း စာအုပ် (၃)အုပ်ကို စုစည်းရိုက်နှိပ်ထားခြင်းဖြစ်သည်။ စာအုပ်ထဲတွင် စိတ်၏ အစွမ်းသတ္တိကို မည်သို့မည်ပုံ အသုံးချသင့်ကြောင်း၊ အောင်မြင်မှုကို ရရှိနိုင်ရန်အတွက် မိမိစိတ်ကို စူးစိုက်ခြင်း အလေ့အကျင့်ပြုလုပ်ရန် အရေးကြီးကြောင်း စသည့် စိတ်ပညာနှင့် ပတ်သက်သည်များကိုလည်း ဆရာကြီးက ရှင်းပြထားသည်။
‘မသေလျှင် ရွှေထီး၊ သေလျှင်မြေကြီး’ ဟူသော စကားသည် လွန်စွာမှန်၏။ မှန်သော်လည်း မည်သူမဆို ထိုစကား သုံးနေကြ၍နေသဖြင့် ရိုးလျက်စကားမျှသာ ဖြစ်သကဲ့သို့ မှတ်ထင်နေကြလေသည်။ ထိုစကားကို ပါးစပ်ကပြောလျက် ထိုတရားကို မကျင့်ချေက ‘မသေရွှေထီး – သေမြေကြီး’ မဟုတ်၊ ‘မသေမြေကြီး – သေမြေကြီး’ ဟူသော အဖြစ်မျိုးသို့ ရောက်တတ်လေသည်…ဟု စာအုပ်ထဲတွင် ဆိုထားပါသည်။
| စာမျက်နှာ | 357 |
|---|---|
| စာအုပ်အရွယ်အစား | 5.1x 0.6 x 7.5inches |
| ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2024 မတ်လ (ပထမအကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 10.11.2025 ရက်နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 9500 ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
2 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ