ဒီနေ့အတွက်ရှင်သန်ခြင်း
8000 (ကျပ်)
လူတိုင်းက ချမ်းသာချင်တာ မဟုတ်သလို လူတိုင်းကလည်း အောင်မြင်ချင်တာ မဟုတ်ပါဘူး။ဘ၀ကို အေးချမ်းစွာ ဖြတ်သန်းချင်းတဲ့ လည်းရှိမယ်။လူအများကြီးနဲ့ မထိတွေ့ချင်တဲ့လူလည်းရှိပါမယ်။ဒါကြောင့် ဘ၀ရဲ့ပျော်ရွှင်မှုဟာ တစ်ယောက်နဲ့တစ်ယောက် တိုင်းတာတဲ့ ပေတံချင်း မတူပါဘူး။လူတိုင်းရဲ့ အိပ်မက်ဟာ မတူညီနိုင်တာမို့ အိပ်မက်တိုင်းကို လေးစားပါ လူတိုင်းကို လေးစားပါ။သူ့ရဲ့ အသားရောင်၊ Gender၊အလုပ်အကိုင်၊ ဆင်းရဲချမ်းသာ၊အသက်ကြီးကြီး၊ငယ်ငယ်၊ဘာပဲဖြစ်ဖြစ် လူသားတိုင်းကို လေးစားစွာဆက်ဆံပါ။အဲဒီပဲ မိမိကိုလည်း လေးစားစွာ ဆက်ဆံတဲ့ လူတွေနဲ့ပဲနေထိုင်ပါ။ဒါကသာ စစ်မှန်တဲ့ လူ့ဘ၀ရဲ့ အနှစ်သာရမို့လို့ပါ…။
Nayvel ရဲ့ ၈ အုပ်မြောက်ထွက်ရှိလာတဲ့စာအုပ်လေးဖြစ်ပြီး လူတွေကြားမှာ ရှင်သန်နေထိုင်တဲ့အခါ လူတွေရဲ့မတူညီမှုကို သတိပြုရမယ် အကြောင်းအရာ အတွေးအခေါ်များကို ရေးသားထားတဲ့ စာအုပ်ကောင်းလေးဖြစ်ပါတယ်
| စာမျက်နှာ | 165(woodfree) |
|---|---|
| စာအုပ်အရွယ်အစား | 5.3 x 0.3 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ကိုလတ်စာပေ၊ 2025 မတ်လ (တတိယအကြိမ်) |
Out of stock





May Myat Noe Naing 05 (verified owner) –
အရမ်းကောင်းတဲ့စာအုပ်လေးမို့ အခြားစာဖတ်သူများကိုလည်း ဖတ်ကြည့်ဖို့ အကြံပြုချင်ပါတယ်
Aeri Myat –
ဒီနေ့အတွက်ညွှန်းပေးချင်တဲ့စာအုပ်လေးကတော့ဆရာမနေဗလ်ရဲ့ဒီနေ့အတွက်ရှင်သန်ခြင်းဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်စာအုပ်နာမည်လေးကို
သဘောကျလို့ဝယ်ဖတ်ဖြစ်ခဲ့တယ်
သုတစာစုလေးတွေကိုစိတ်ထဲစွဲဝင်အောင်ရေးဖွဲ့ထားတာကိုဖတ်ရှူရတဲ့အတွက်လည်းပိုသဘောကျမိပါတယ်ဆရာမကအညွှန်းမှာပြောထားပါတယ်တထိုင်တည်းဖတ်တာမျိုးမဟုတ်ဘဲကိုယ်စိတ်ခွန်အားရဖို့လိုအပ်တဲ့နေ့မျိုးတွေမှာကိုယ်ဖတ်ချင်တဲ့ခေါင်းစဥ်ခွဲလေးတခုလောက်ပဲဖတ်ကြည့်ပါတဲ့ဒီလိုသုတစာစုလေးတွေကတွေးရင်တွေးသလောက်ချဲ့တွေးနိုင်တာမို့ဆရာမအကြံပေးသလိုပဲကိုယ်ဖတ်ချင်တဲ့နေ့လေးတွေမှာနည်းနည်းစီခွဲဖတ်ဖြစ်ပါတယ်အခုနောက်ပိုင်းစိတ်ခွန်အားပေးတဲ့စာတွေကိုလူတွေပိုအရေးစိပ်လာကြတာကိုသတိထားမိပါတယ်လူတွေဟာဒီကာလမှာ
စိတ်ဖိစီးမှူတွေကိုအနည်းနဲ့အများခံစားနေကြရတာမို့ဒီလိုစာအုပ်လေးတွေများများထွက်လာတာကိုသဘောကျပါတယ်ဆရာမနေဗလ်ရဲ့စာလေးတွေက
သူငယ်ချင်းတယောက်ကကိုယ်နဲ့ဆွေးနွေးနေသလိုမျိုးကိုယ့်ထက်ကြီးတဲ့ချစ်ခင်ရတဲ့အစ်မက
ကိုယ့်ကိုဆုံးမပြီးနှစ်သိမ့်နေသလိူမျိုးခံစားမိပါတယ်
ပထမဆုံးအကြိမ်ဖတ်မိပြီးဆရာမနေဗလ်ရယ်လို့စိတ်ထဲစွဲမိသွားစေတဲ့သုတစာအုပ်ကောင်းလေးတအုပ်ပါပဲစိတ်ခွန်အားရစေတဲ့စာတွေဖတ်ရတာသဘောကျတဲ့သူများအတွက်ဒီစာအုပ်လေးကို
ဖတ်ရှုကြည့်ဖို့ညွှန်းချင်ပါတယ် ❤️