ဘဝရဲ့ Pandora box
10000 (ကျပ်)
ပန်ဒိုရာသေတ္တာဆိုတဲ့ ပုံပြင်ကိုကြားဖူးတဲ့လူတွေကြားဖူးကြမှာပါ။ ဒီပုံပြင်ကို ကျွန်တော်ကြားလိုက်ရချိန်မှာ သိလိုက်တာ တစ်ခုက လူ့ဘဝဟာ ပန်ဒိုရာသေတ္တာပဲ ။ဒါဆိုရင် လူ့ဘဝဟာ ဝမ်းနည်းမှု ၊ ကျရှုံးမှု၊နာကျင်မှု တွေနဲ့ ကြုံတွေ့ရစမြဲပဲ ၊ ဘဝမှာ ပျော်ရွှင်ခြင်း၊အောင်မြင်ခြင်းတွေကမသေချာပေမံ့သေချာတာတစ်ခုကတော့ ဖြစ်ပြီးရင် ပျက်မယ်၊ ချစ်ပြီးရင်ကွဲကွာရမယ်၊ ကံကောင်းတလှည့် ကံဆိုးတလှည့် အောင်မြင်ပြီးရင် ရှုံးနိမ့်နိုင်သေးတယ်။
ဒီစာအုပ်ဟာ သုတပေးတဲ့စာအုပ်တစ်ခု Motivation စာအုပ်တစ်ခုမဟုတ်ပါဘူး။ ဘဝရဲ့အရှိအတိုင်း၊လူတွေရဲ့ပုံစံအမှန်အတိုင်း၊ကံတရားရဲ့မျက်နှာလိုက်မှုတွေကိုအမှန်တိုင်း ရေးပြထားတဲ့စာအုပ်ပါ။ ကျွန်တော်တို့က ဘဝမှာ မျှော်လင့်ချက်နဲ့ပဲအသက်ရှင်နေကြတယ်။
မျှော်လင့်ချက်ကြောင့်ရှင်သန်နိုင်ကြတာပေမဲ့ မျှော်လင့်ချက်တွေများသွားရင်လည်း ပင်ပန်းရပြန်ရော ။ ဒါကြောင့် တချို့အရာတွေကို အမှန်အတိုင်းသိမြင်ထားဖို့ အများကြီးမမျှော်လင့်နေဖို့ ဒီစာအုပ်ကိုရေးသားခဲ့တာပါ
ဘဝရဲ့ ဝမ်းနည်းမှုတွေ ကျရှုံးမှုတွေ အဆင်မပြေမှုတွေ ရှိလာလည်း ရှင်သန်နေရဦးမယ့် အကြောင်း ရေးပြမယ့်စာအုပ်တစ်အုပ်ဖြစ်ပါတယ် ။
| စာမျက်နှာ | 170 (Woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.3× 0.3 ×8.3 inches |
| ပုံနှိပ်မှတ်တမ်း | ကိုလတ် 2025ခုနှစ် ၊ ဇွန်လ ၊ (ပထမအကြိမ်) |
4 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ