Petrichor
6500 (ကျပ်)
ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ ချစ်ခြင်းဖွဲ့ဝတ္ထုဆန်းဆန်းလေးဖြစ်ပါတယ်….။မိုးရွာသီမှာ မိုးတွေရွာကျတဲ့အခါတိုင်း အမှတ်တရရှိစေမည့် စာအုပ်လေးဖြစ်ပါတယ်။
” ဖြစ်ရပ်မှန်ကိုအခြေခံထားတာမို့ အဲ့ဒီချစ်ခြင်းမေတ္တာဟာ
တစ်ကယ်ရှိတယ်ဆိုတာ….ယုံကြည်လိုက်ပါ။
ချစ်တယ်ဆိုတာ ဘာလဲတဲ့… အချစ်ကို ဘယ်လိုခံယူလဲ
ချစ်တယ်ဆိုတာ…ဘာကြောင့်ချစ်တာမျိုးမဟုတ်ဘဲ
ဘာဖြစ်ဖြစ်ကို ချစ်တာမျိုး…။
This is Love….. အဲ့ဒါအချစ်ပါပဲ…..။
Petrichor က ချစ်ခြင်းမေတ္တာအကြောင်းကို နူးနူးညံ့ညံ့လေးဖော်ကျူးပြပါလိမ့်မယ်…။
ကျွန်တော်နဲ့အတူ..
ချစ်ခြင်းမေတ္တာတွေလွှမ်းခြုံထားတဲ့ ကမ္ဘာဆီ ခဏလောက်
အလည်သွားရအောင်….. ” စာအုပ်အမှာစာထဲမှ ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါတယ်…။
| စာမျက်နှာ | 179 |
|---|---|
| စာအုပ်အရွယ်အစား | 5.2 x 0.3 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ကိုလတ်စာပေ၊ 2024 ဇူလိုင်လ (စတုတ္ထအကြိမ်) |
4 in stock





Sandi Win (verified owner) –
ရန်ကုန်တက္ကသိုလ်မြင်တိုင်းသတိရနေတော့မဲ့လွမ်းဆွတ်အောက်မေ့ဖွယ် စာအုပ်လေးပဲဖြစ်ပါတယ်
Htet Htet Tin Zar –
❝တချို့ယောက်ျားတွေရဲ့ အချစ်က အံ့သြစရာကောင်းတယ်
ချစ်တယ်လို့ တစ်ခါမှ ဖွင့်မပြောဘူး
ဒါပေမဲ့ တစ်ဘဝလုံးအနားမှာ လိုအပ်တိုင်း ရှိနေပေးတာမျိုး။❞ (ရိပ်)
❝သူက ကျွန်တော်ရှေ့မှာ ရှိနေပေမဲ့ သူ့စိတ်တွေက တခြားတစ်ယောက် ရှိနေကြောင်းကို ကျွန်တော်သေချာသိနေခဲ့ပါတယ်။ မျက်နှာချင်းဆိုင်ရင်းလည်း ဝေးတတ်ပါတယ်။ ဘယ်လို အခက်အခဲကိုမဆို ဖြတ်ကျော်ပါ့မယ်လို့ သတ္တိတွေရှိပေမဲ့ မင်းတားတဲ့စည်းကျ ငါမကျော်နိုင်ဘူး။❞ (ခွန်း)
❝မတွေ့ရတာ ကြာတဲ့ အချစ်ကို ပြန်တွေ့တယ်
အရင်လိုမဟုတ်ဘဲ နွေးထွေးမှုတွေ မရှိတဲ့ ရင်ခွင်တစ်ခုအဖြစ်
ကြင်နာမှုတွေ မရှိတော့တဲ့ မျက်ဝန်းတွေနဲ့ ကိုယ်နဲ့တစ်ခါမှ
မရင်းနှီးတဲ့၊ ကိုယ့်ကို ဘယ်တုန်းကမှ မချစ်ခဲ့တဲ့သူတစ်ယောက် လိုမျိုး။
မတွေ့ရတာ ကြာတဲ့ အချစ်ကို ပြန်တွေ့တယ် … တခြားသူတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာပေါ့။❞ (စေညွှန်)
__________________________
☔ ဆရာမနေဗလ် လုံးချင်းစာအုပ်တွေထဲမှာဆို ဒီစာအုပ်က လူကြိုက်များတယ်ထင်တယ်။ နေဗလ်ဆို Petrichor ဖတ်ကြည့်ဖို့ ပြောကြတယ်။ ခုဆို ဒီစာအုပ်က စတုတ္ထအကြိမ်ထိတောင်မှ ထွက်ပြီးပြီ ထင်တယ်။ ကိုယ့်လက်ထဲမှာ ရှိတာကတော့ တတိယအကြိမ် ထုတ်လေးပါ။ ဇာတ်လမ်းလေးက သုံးပွင့်ဆိုင် လွမ်းမောစရာ အချစ်ဇာတ်လမ်းလေး။
__________________________
❝Petrichor … Based on True Story.❞
Petrichor …
မိုးရေစက်တွေ တဖျောက်ဖျောက်ကျသလိုမျိုး
မိုးဆိုတာ… အေးစက်မှုမဟုတ်ဘူး အေးချမ်းမှုပါ။
အဲ့လိုပဲ ဒီချစ်ခြင်းမေတ္တာဟာလည်း နွေးထွေးမှုအပြင်
စိတ်အေးချမ်းမှုပါ ခံစားရစေပါလိမ့်မယ်..
ကျွန်တော့် စာအုပ်နာမည်တွေက ထူးဆန်းမယ်ထင်ပါတယ်။ အရင် Day 0 တုန်းကလည်း တစ်မျိုးလေးပေါ့။ ဘာလို့ အဲ့လို နာမည်လေးတွေ ရွေးလဲဆိုရင် ပြင်ပလောကမှာလည်း ခင်ဗျားတို့နဲ့ ရင်းရင်းနှီးနှီး ထိတွေ့နေတဲ့ အရာတွေရဲ့ အမည်ကို ပေးလိုက်တဲ့အခါ . . . အဲ့အရာကို တွေ့မိတိုင်း ကျွန်တော့်စာအုပ်လေးကို အမှတ်ရစေချင်လို့ပါ။
ဝတ္ထုတစ်အုပ်ဆိုတာထက် ချစ်ခြင်းမေတ္တာအကြောင်းဖော်ကျူးထားတဲ့ နွေးထွေးမှုတစ်ခုလို့ပဲ တင်စားလိုက်ပါတယ်။
ဒီစာအုပ်လေးကို ဖတ်ပြီးတဲ့အခါ မိုးရာသီမှာ မိုးတွေရွာကျတဲ့အခါတိုင်း မြေသင်းနံ့တွေ ရတဲ့အခါတိုင်း ဒီပုံပြင်တစ်ပုဒ်ကို အမှတ်တရလေးဖြစ်ဖြစ် သတိရပေးရင် ကျေနပ်ပါပြီ။
ဖတ်ပြီးတဲ့သူတိုင်းဆီကနေ တစ်ပြိုင်နက်တည်း စကားတစ်ခွန်းပဲ ကြားရတယ်။ အရမ်းချစ်တာပဲနော်တဲ့။ အခုခေတ်ပိုင်းတွေမှာ ချစ်ခြင်းမေတ္တာတွေဟာ အရောင်စွန်းလာကြပြီ။ အဖြူထည်တွေ လွင့်စဉ်ကုန်ပြီ။
__________________________
☔ ရိပ်ဆိုတဲ့ ဆောင်းရိပ်မွန်ဆိုတဲ့ ကောင်မလေးက နာမည်ကြီး ပန်းချီဆရာမလေး။ တိရစ္ဆာန်တွေကို မကြောက်တတ်ပေမဲ့ မိုးသံကြားရင် အိပ်မပျော်တတ်သူ။ သူမရဲ့ ပတ်ဝန်းကျင်မှာ ဆောင်းလို့ ခေါ်သူရှိကြသလို ရိပ်လို့ ခေါ်သူလည်း ရှိကြတယ်။ နှလုံးရောဂါအခံရှိတဲ့ ရောဂါသည်လေးပေမဲ့ ကော်ဖီကိုတော့ အလွန်ကြိုက်တယ်။ ဆယ်ကျော်သက်အရွယ်မှာ စေညွှန်ဆိုတဲ့ ဆရာဝန်လည်းဖြစ် ပန်းချီသင်တန်းမှာ သူ့ရဲ့စီနီယာလည်းဖြစ်တဲ့သူနဲ့ သုံးလေးနှစ်လောက် နှစ်ဖက်မိဘတွေအပါ လူသိရှင်ကြား ချစ်သူတွေ ဖြစ်ခဲ့ကြပြီး စေ့စပ်ပြီးချိန်ကျမှ ရုတ်တရက် ပျောက်ဆုံးသွားခဲ့တာကြောင့် နှလုံးဖောက်ပြီး အချိန်တစ်ခုကြာအောင် ကျန်းမာအောင် ပြန်နေခဲ့ရတယ်။ ဒါကြောင့် trauma ရခဲ့ပြီး နောက်ထပ် ထပ်ချစ်ရမှာကို ကြောက်နေပြီး ပြန်မလာတော့တဲ့ ချစ်သူကိုသာ တမ်းတရင်းနဲ့ ချစ်သူနဲ့ ဆင်တူလက်စွပ်လေးကို လည်ပင်းမှာ ဆွဲကြိုးနဲ့ ချိတ်ဆွဲထားတယ်။
☔ ခွန်းစစ်ကတော့ သူ ရိပ်လို့ခေါ်တဲ့ ဆောင်းရိပ်မွန်အတွက် အနွံတာခံ ချစ်ပေးသူတစ်ယောက် ဖြစ်လာခဲ့တယ်။ မိုးရေစက်တွေကို ချစ်ပြီး မိုးရွာပြီးခါစ မြေသင်းနံ့လေးတွေကို ချစ်သူ။ ငယ်သူငယ်ချင်းဖြစ်သူ ယွန်းရှိတဲ့ ရန်ကုန်တက္ကသိုလ်ကို အလည်လိုက်ရင်းနဲ့ ရိပ်နဲ့ ဆုံခဲ့ရတယ်။ တဖြည်းဖြည်း ရင်းနှီးလာရာကနေ ရိပ်အကြောင်းကိုလည်း နားလည်လာရသလို မေတ္တာသက်ဝင်ပြီး သနားမိလာရတယ်။ ဒီကစလို့ ချစ်သူအဖြစ်နဲ့ဆိုတာထက် ရိပ်ရဲ့ စိတ်ချမ်းသာမှုကိုသာ ဦးစားပေး ရိပ်ကို အလိုလိုက်သူ။ အစတည်းက ဒီမိန်းကလေးကို ချစ်မိရင် နာကျင်ခံစားရမယ်ဆိုတာ သိလျက်နဲ့ ရှေ့ဆက်တိုးခဲ့တယ်။ မပိုင်ဆိုင်ခင်ကတည်းကလည်း ဆုံးရှုံးရမှာ ကြိုသိနေခဲ့တယ်။ ခွန်းရဲ့ နွေးထွေးမှုတွေကြောင့်ပဲ ရိပ်ဆိုတဲ့ မိန်းကလေးက တစ်ချိန်က ဒဏ်ရာတွေ သက်သာခဲ့ရတယ်။ တကယ်တော့ ခွန်းနဲ့ ရိပ်မှာ ရိပ်အကြောင်းတွေကိုသာ ခွန်းသိနေပေမဲ့၊ မေးတတ်ပေမဲ့ ခွန်းအကြောင်းတွေဆို တစ်ခုမှ မပြောပြတတ်တဲ့ ခွန်းကသာ ရိပ်ဘဝထဲ ရောက်လာခဲ့ပြီး ရိပ်ကတော့ ခွန်းအကြောင်း ဘာမှမသိခဲ့သူပါ။
☔ ဆောင်းလို့ သူခေါ်တဲ့ ဆောင်းရိပ်မွန်နဲ့ လူသိရှင်ကြား သိပ်ချစ်ခဲ့တဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြပြီး စေ့စပ်ခဲ့ပြီးမှ နှစ်နှစ်အကြာမှာ စေညွှန်ပြန်ရောက်လာတယ်။ သူပျောက်သွားခဲ့ရတဲ့ အကြောင်းရင်းတွေကလည်း ဆောင်းခံစားခဲ့ရတာတွေ ကျေနပ်လောက်စေမယ့် အရာတွေ ဖြစ်နေခဲ့တယ်။ ဒါ့အပြင် ဒီအတောအတွင်းမှာ ဆောင်းရဲ့ကျန်းမာရေးအတွက် အနီးကပ်ပြုစုကုသနိုင်ဖို့လည်း နှလုံးအထူးကု ဆက်တက်ခဲ့တယ်။ ပြန်ရောက်လာတော့ စေညွှန်က ဆောင်းကို လက်ထပ်ဖို့ ပြန်တောင်းဆိုလာခဲ့တယ်။ ဒါပေမဲ့ တစ်ဖက်မှာ ဆောင်းဆီမှာလည်း ချစ်ရသူတစ်ဦး ထပ်ပြီး ရှိနေတာကို သိရပြန်တော့လည်း ရှေ့ဆက်ရအခက် ဖြစ်နေခဲ့တယ်။
☔ ဆောင်းရိပ်မွန်တစ်ယောက် နာကျင်ခံစားအောင် လုပ်ခဲ့ပေမဲ့ သူ့ကိုလည်း တကယ်ချစ်ခဲ့တဲ့ ဆောင်းလို့ခေါ်သူ ကိုကို့ကို ရွေးမလား? သူ့ဆီက ရယူလိုမှု မရှိဘဲ ပေးဆပ်မှုတွေနဲ့ နွေးထွေးစွာ ချစ်ခင်ပေးတဲ့ ရိပ်လို့ခေါ်တဲ့ ကို့ဆီမှာပဲ ကျန်နေမှာလား?
❝တစ်နေ့နေ့ ပြန်လာဦးမှာလား …
ဒါမှမဟုတ် ပြန်မလာတော့ဘူးလား …
ကိုယ်တို့ဟာ ဘယ်အတိုင်းအတာအထိ ဝေးသွားကြတာလဲ
ထပ်ဝေးဖို့ရော ရှိသေးလား❞ (ရိပ်)
❝တစ်ယောက်ဘဝမှာ တစ်ယောက်မရှိရင်ရော ရလောက်လားတဲ့။
ရလောက်ပါတယ်လို့ ပြန်ဖြေခဲ့လိုက်တယ်။
ဒါပေမဲ့
ပျော်စရာတွေ ရှိတော့မှာမဟုတ်ဘူးဆိုတဲ့ အကြောင်းတော့
ကျွန်တော်မပြောလိုက်မိဘူး❞ (ခွန်း)
❝ဒီပြန်လာခြင်းက အချစ်မပါတဲ့ ပြန်လမ်းတစ်ခုလည်း ဖြစ်နိုင်တယ်။
အစားထိုးခြင်းလည်း ဖြစ်နိုင်တယ်။ ဘယ်လိုပြန်လာခြင်းမျိုးပဲ ဖြစ်နေပါစေ။ ပြန်လာချင်စိတ် ရှိနေရုံနဲ့တင် နာကျင်ရမှာ သေချာသည့်တိုင် ကျွန်တော်က နွေးထွေးစွာ ပွေ့ဖက်ဆီးကြိုဦးမှာ❞ (စေညွှန်)
☔☔☔☔☔