မောင့်ထံပါးသို့နားပါရစေ
8500 (ကျပ်)
“ချစ်ဖူးတဲ့လူဆိုတာ သဲသဲမဲမဲရွာချသွားတဲ့ မိုးတွေလိုပဲ…” “မောင်ထံပါးသို့ နားပါရစေ”ဆိုနဲ့ နာမည်ရဲ့ဆိုလိုရင်းက “ဘယ်လိုအခြေအနေတွေရှိရှိ မောင်နဲ့ပဲ ဆုံပါရစေ”ဆိုတဲ့ တိတ်တခိုးဆုတောင်းလေးပါ။ ပေါင်းဖက်ရမှ ပျော်ရွှင်ဖွယ်ရာဇာတ်သိမ်းမဟုတ်ပါဘူး တစ်ဘဝလုံးစာငေးမောခွင့်ရနေရင်လည်း ဒါဟာ ပျော်ရွှင်စရာဇာတ်သိမ်းပါပဲ ။ အချစ်ဦး… လူတိုင်းဆိုမှာ အချစ်ဦးရှိကြတာပဲ။ ဘဝမှာ ပထမဆုံးပွင့်တဲ့နှလုံးသားထဲကပန်း..ဘဝရဲ့ ပထမဆုံးသော နှလုံးသားထဲက ဖျားနာမှု..အချစ်ဦးဟာ လူတွေကို ရူးစေနိုင်တယ်ဆိုတာ လူတိုင်းအတွက်အခိုက်အတန့်တစ်ခုထိတော့မှန်ခဲ့တာပါပဲ။ လူတိုင်းမှာ မုန်းရတဲ့ အချစ်ဟောင်းရှိကြမှာပါ၊ သို့ပေမယ့်အချစ်ဦးကိုတော့ ဘယ်လိုဖြစ်ရပ်ဆိုးနဲ့လမ်းခွဲခဲ့ကြပါစေ မုန်းဖို့ရာ မလွယ်ကူလှဘူး ၊ ပြန်သတိရတဲ့အခေါက်အခါတိုင်း တစ်နေရာရာမှာအဆင်ပြေပြေနဲ့ ရှိနေပါစေလို့ ဆုတောင်းတိုးသံလေး ပြုမိတာ ဒါတွေဟာ အချစ်ဦးပါပဲ ။ မောင်ဟာ အချစ်ရဲ့အဖွင့်ဖြစ်တယ်၊ ဘဝရဲ့ အစဖြစ်တယ်၊ မောင်ဟာ ဘယ်တော့မှမပျောက်မယ့် ကျွန်မရဲ့ဖျားနာမှုလေးဖြစ်ပါတယ်။ ဘယ်လိုဘဝအခြေအနေတွေပဲဖြစ်ဖြစ်ပေါ့ ဘဝမှာအခက်အခဲတွေရှိတိုင်း ၊ ပျော်ရွှင်တိုင်း ကျရှုံးတိုင်း လွမ်းရတမ်းတရတာဟာ မောင်ဖြစ်ပြီး တစ်ဘဝစာ ခိုးနာရာအဖြစ်မောင့်ထံပါးနားမှာ နားချင်ပါတယ်။
| စာမျက်နှာ | 188 |
|---|---|
| စာအုပ်အရွယ်အစား | 5.3 x 0.3 x 8.3 inches |
| ပုံနှိပ်မှတ်တမ်း | ကိုလတ်စာပေ၊ 2025 ဇူလိုင်လ (ဒုတိယအကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 14.7.2025 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 8500 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
4 in stock








Eaint Phyusin –
အရမ်းဖတ်လို့ကောင်းတယ် ကြိုက်လဲ ကြိုက်တယ် ငိုလဲငိုမိပါတယ်
Fav bookထဲ က တအုပ်ဖစ်သွားပါဘီ