လမ်းခွဲခြင်းမှရရှိခြင်း
5000 (ကျပ်)
ဘ၀မှာတွေ့ဆုံခြင်းနဲ့ ကွေကွင်းခြင်းဆိုတာ ရှောင်လွှဲလို့ မရတဲ့ သဘာ၀တရားတွေပါပဲ ဒီလိုလမ်းခွဲခြင်းတွေ ၊တွေ့ဆုံခြင်းတွေကနေ ကျွန်တော်တို့ဘ၀အတွက် ဘယ်လိုသင်ခန်းစာတွေ၊ဝမ်းနည်းခြင်း၊ရင့်ကျက်ခြင်းတွေကို ရရှိနိုင်မလဲ…။
တချို့ ဆက်ဆံရေး(ရေစက်တွေဟာ) ဖူးစာမဟုတ်ပါဘူး။ဝဋ်ကြွေးရှိလို့သာ ဆုံရတာပါ။အိမ်ထောင်ရေးတွေမှာ တစ်ဖက်က မကောင်းပေမယ့်၊အနိုင်ကျင့်နေသည့်တိုင်၊တာဝန်မကျေသည့်တိုင် တစ်ဖက်က သည်းခံပြီးပေါင်းသင်းနေတာမျိုး သူငယ်ချင်းမိတ်ဆွေထဲမှာလည်းရှိပါတယ်။ငါ့ ဝဋ်ကြွေးပဲ ကျေအောင်ဆပ်မယ်ဆိုတာမျိုးပေါ့ ဝဋ်ကြွေးဆိုတာလည်း ကိုယ်က ရုန်းထွက်ဖို့လိုပါသေးတယ်။ စာလုံးနှစ်လုံးတည်းနဲ့ ဒီမကောင်းတဲ့လူကြီးကိုပဲ တစ်ဘဝလုံးပေးဆပ်နေလို့မရပါဘူး။ဘယ်ဒုက္ခတွင်းကမဆိုကိုယ်ကလည်း ရုန်းဦးမှ လွတ်မှာပါ ။ဒါကြောင့်တချို့ဆက်ဆံရေးတွေက ဖူးစာမဟုတ်ဘူး /အပေါင်းအသင်းဆို (ဆွေမျိုးဆို)ရေစက်မဟုတ်ဘူး ဝဋ်ကြွေးပါလာတာဖြစ်ပါတယ်။
ဒါကြောင့် လမ်းခွဲကြရတယ်ဆိုတာလည်းဝဋ်ကြွေးကုန်သွားခြင်းတစ်မျိုးဖြစ်နေတတ်ပါသေးတယ်…။
စာမျက်နှာ | 159 |
---|---|
စာအုပ်အရွယ်အစား | 5.3 x 0.3 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | ကိုလတ်စာပေ၊ ဇူလိုင်လ 2023 (ဒုတိယအကြိမ်) |
5 in stock
Victoria phyo –
တစ်ချို့သောဆက်ဆံရေးတွေက ဝဠ်ကြွေးကြောင့် ဆုံရတာဆိုလျှင် မကောင်းတဲ့ဆက်ဆံရေးတွေကို ဘယ်လိုဖြတ်တောက်ပစ်ရမလဲ သိချင်၍ ဝယ်ခြင်းဖြစ်ပါသည်။