ကိုရွှေဖားအတွက် ဆွေးနွေးနှစ်သိမ့်မှု

( 0 မှတ်ချက်)

11500 (ကျပ်)

မူရင်းခေါင်းစဉ်ကတော့ ‘Counselling for Toads: A Psychological Adventures’ ပါ။
မြန်မာလိုကိုတော့ ‘ကိုရွှေဖားအတွက်ဆွေးနွေးနှစ်သိမ့်မှု – အတွင်းစိတ်ကမ္ဘာစူးစမ်းလေ့လာမှုခရီးစဉ်’ ဆိုပြီးပေးထားပါတယ်။

ဒီစာအုပ်အကြောင်းကို မေရီပထမဆုံးစကြားခဲ့တာက လွန်ခဲ့တဲ့ (၁) နှစ်ကျော်က YouTube Video တစ်ခုကနေပါ။ အဲဒီအချိန်ကတည်းက ဒီစာအုပ်အပေါ်မှာ စိတ်ဝင်စားမှုဖြစ်ပေါ်ခဲ့ပြီး ဒီစာအုပ်ကို ဝယ်ယူတယ်၊ သေချာလေ့လာဖတ်ရှုတယ်၊ ဘာသာပြန်ဖို့ ခွင့်တောင်းဆိုတယ်၊ တစ်လုံးချင်းစီတစ်ခန်းချင်းစီ ဘာသာပြန်ဆိုတယ်၊ ပြီးရင် မူရင်းစာရေးသူရဲ့အာဘော်လည်း မပျောက်ပျက်အောင် မြန်မာလိုဖတ်တဲ့အချိန်မှာလည်း နားလည်နိုင်အောင်ဆိုပြီး စာကို အကြိမ်ကြိမ်အခါခါပြန်လည်စစ်ဆေးပြင်ဆင်ခဲ့တယ်။ မျက်နှာဖုံးဒီဇိုင်းကိုလည်း အထဲကအကြောင်းအရာကို ပေါ်လွင်စေမယ့်ဒီဇိုင်းမျိုးဖြစ်အောင် သေချာစဉ်းစားပြီး ရေးဆွဲခဲ့တယ်။

အချိန်တွေအများကြီးပေးပြီး သေချာစိတ်နှစ်လုပ်ဆောင်လာခဲ့တာ.. အခုဆိုရင် ဒီစာအုပ်ကို မေရီချစ်တဲ့ပရိတ်သတ်တွေရဲ့လက်ထဲကို နောက် (၂) ပတ်အတွင်းမှာ ပို့ဆောင်ပေးနိုင်တော့မှာပါ။

ဒီစာအုပ်ဟာ ဘယ်လိုလူမျိုးတွေအတွက်လဲ..
✅ စိတ်ဓာတ်ကျပြီး ဘယ်အရာပေါ်ကိုမှ စိတ်အားထက်သန်မှုမရှိဘူးဖြစ်နေသူများ
✅ မိမိကိုယ်မိမိ ဘာကြောင့်စိတ်မရွှင်မလန်းဖြစ်နေလဲဆိုတာကို အဖြေရှာမရဖြစ်နေသူများ
✅ Counselling လို့ခေါ်တဲ့ ဆွေးနွေးနှစ်သိမ့်မှုကို စိတ်ဝင်စားသည့်သူများ
✅ မိမိရဲ့အတွင်းစိတ်ကမ္ဘာကို စူးစမ်းကြည့်လိုသူများ
✅ စိတ်ပညာကို စိတ်ဝင်စားသည့်သူများ
အစရှိတဲ့သူတွေအတွက်ဖြစ်ပါတယ်။

ဒီစာအုပ်ဟာ မေရီတို့ကို မိမိရဲ့အတွင်းစိတ်ကမ္ဘာကို စူးစမ်းလာစေပြီး မိမိကိုယ်ကို ကြီးစွာသောထိုးထွင်းသိမြင်မှုကို ရရှိလာစေနိုင်ပါတယ်။ ဒါ့အပြင် ဆွေးနွေးနှစ်သိမ့်မှုဖြစ်စဉ်တစ်ရပ်လုံးကိုလည်း ရှင်းလင်းစွာတွေ့မြင်လာစေနိုင်တဲ့အတွက်ကြောင့် အဲဒီကနေတဆင့် ဆွေးနွေးနှစ်သိမ့်မှုအကြောင်းကို ပိုမိုသိရှိလာစေမှာဖြစ်ပါတယ်။

စာမျက်နှာ

260

စာအုပ်အရွယ်အစား

5.3 x 0.4 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကိုလတ်စာပေ၊ 2023 စက်တင်ဘာလ (ပထမအကြိမ်)

5 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကိုရွှေဖားအတွက် ဆွေးနွေးနှစ်သိမ့်မှု” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

သက်တန့်(မေရီ) စာအုပ်များ