လူငယ်များထံသို့

( 0 မှတ်ချက်)

4000 (ကျပ်)

လူငယ်တွေရဲ့ဘဝဟာ စိတ်ဖိစီးမှု အတော်လေးများပါတယ်။ ဘဝကို ကိုယ်တိုင်စတင်လျှောက်လှမ်းရတဲ့အချိန်၊ အနာဂတ်ကို ကိုယ်တိုင် စတင်ဖန်တီးရတဲ့အချိန်၊ အလုပ်အကိုင်၊ အချစ်ရေး၊ ပေါင်းသင်း ဆက်ဆံရေးတွေကတဆင့် မိမိရဲ့တည်ရှိမှု၊ မိမိရဲ့တန်ဖိုးကို စတင်ရှာ ဖွေရတဲ့အချိန်..။ဒီလိုအချိန်မှာ ဝေဝါးမှုတွေ၊ စိတ်ဓာတ်ကျမှုတွေ၊ လမ်းပျောက် သလိုခံစားရမှုတွေ ဖြစ်ပေါ်လာတတ်လေ့ရှိပါတယ်။ ကျွန်မကိုယ်တိုင်ကလည်း ကျော်ဖြတ်လာခဲ့ရသူတစ်ယောက် ဖြစ်တဲ့အလျောက် ကျွန်မ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ ကျွန်မလိုအပ်နေတဲ့အချိန်မှာ ကြား သိလိုက်ရတဲ့ စကားတွေ၊ ကျွန်မ သင်ယူရရှိခဲ့တဲ့ သင်ခန်းစာတွေ.. ဒါတွေကို ပြန်လည်မျှဝေခြင်းအားဖြင့် လူငယ်တွေကို စိတ်ခွန်အားပေး လိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီစာအုပ်ကို ရေးသားလိုက်တာပါ။တစ်ခါတလေမှာ ကျွန်မတို့ရဲ့ဘဝမှာ အများကြီး မလိုအပ်ပါဘူး.. စကားတစ်ခွန်းတည်းနဲ့တင် လုံလောက်သွားပြီး ကျွန်မတို့ကို ရှေ့ဆက်သွားစေနိုင်ပါတယ်။ဒီစာအုပ်ရဲ့မာတိကာကို ဖွင့်လိုက်ပါ။ သင့်ကို စိတ်ဝင် စားစေတဲ့ ခေါင်းစဉ်ကိုတွေ့ရင် အဲဒီစာမျက်နှာကို ဖွင့်ပြီး ဖတ်ကြည့်ပါ။ သင်လိုအပ်နေတဲ့ စကားတစ်ခွန်းက အဲဒီမှာ ရှိကောင်းရှိနေပါမယ်။

 

စာရေးသူအမှာစာမှကောက်နှုတ်ဖော်ပြချက်

စာမျက်နှာ

111

စာအုပ်အရွယ်အစား

5.3 x 0.3 x 8.4 inches

ပုံနှိပ်မှတ်တမ်း

စိတ်သက်တန့်၊ 2022 ဒီဇင်ဘာလ (ပထမအကြိမ်)

7 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“လူငယ်များထံသို့” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

သက်တန့်(မေရီ) စာအုပ်များ