ပိုမိုချစ်တတ်အောင်
4500 (ကျပ်)
– CDC (Centers of Disease Control and Prevention) ရဲ့ ၂၀၁၆ စစ်တမ်းကောက်ချက်အရ ထိုနှစ်တစ်နှစ်တည်းမှာပဲ အမေရိကန်နိုင်ငံမှာ မိမိကိုယ်ကို အဆုံးစီရင်လိုက်တဲ့သူပေါင်း ၄၅၀၀၀ ခန့်ရှိပြီး ထိုထဲက ၄၂% ဟာ Relationship Problems ကြောင့်လို့ ဆိုပါတယ်။ ကျွန်မကိုယ်တိုင်ကလည်း အချစ်ရေးမှာ နာကျင်မှုနဲ့ အကြိမ်ကြိမ်ကြုံခဲ့ရဖူးတဲ့လူဖြစ်လို့ ထိုနာကျင်မှုဟာ ဘယ်လောက်အထိ ခံရခက်လဲဆိုတာ နားလည်ပါတယ်။
– စိတ်ပိုင်းဆိုင်ရာနာကျင်မှု ဟာ မမြင်ရတဲ့အတွက် လူအတော်များများဟာ ဒါကို လျစ်လျှူရှုထား လိုက်တတ်ကြပါတယ်။ တချို့သောသူကလည်း နာကျင်ခံစားနေတဲ့ လူကို စိတ်ဓာတ်ပျော့ညံ့တဲ့လူလို့ပဲ မြင်နေတတ်ကြပါတယ်။ ကျွန်မကတော့ အဲဒီလိုမမြင်ပါဘူး။ နာကျင်ခံစားနေခြင်းဟာ စိတ်ဓာတ် ပျော့ညံ့လို့ရယ်တော့မဟုတ်ပါဘူး။ ဒါဟာ မိမိရဲ့ခံစားချက်ကို အသိအမှတ်ပြုပေးခြင်း ဖြစ်တယ်။ မိမိရဲ့စိတ်ခံစားချက်နဲ့ ရင်ဆိုင်ပြီး မိမိကိုယ်မိမိ နာကျင်ခွင့်ပြုခြင်းဟာ သတ္တိရှိခြင်းတစ်မျိုးပါပဲ..။
– ကျွန်မအနေဖြင့် ဒီစာအုပ်ကို ကန်ဒီလို့ခေါ်တဲ့ အသက် (၂၅) နှစ်ဝန်းကျင်ရှိနေပြီဖြစ်တဲ့ အမျိုးသမီးငယ်လေးတစ်ယောက်ကို အဓိက ဇာတ်ကောင်အဖြစ်ထားရှိကာ ရေးဖွဲ့ထားပါတယ်။ သူမဟာ အချစ်ရေး မှာ သစ္စာဖောက်ခံရမှုနဲ့ ကြုံတွေ့ရတဲ့အတွက် အသက်ဆက်မရှင်ချင်တော့ဘဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ လုပ်နေတဲ့အချိန်မှာ သူစိမ်းအစ်မတစ်ယောက်နဲ့ ဆုံတွေ့မိပြီး အတွေးအခေါ်ပြောင်းလဲသွားပုံ၊ နာကျင်မှုကို လွှတ်ချလာနိုင်ပုံတို့ကို နားလည်ရလွယ်ကူတဲ့ပုံစံနဲ့ ရိုးရှင်းစွာ ရေးဖွဲ့တင်ဆက်ထားပါတယ်။
– ဒီစာအုပ်ကို ကျွန်မ အမှန်တကယ်ပင် စိတ်နှစ်ပြီး ရေးသားထားပါတယ်။ ဒီစာအုပ်ကို ဖတ်နေရင်းနဲ့ စာကြောင်း တစ်ကြောင်းကြောင်းကြောင့် သင့်ရင်ထဲနွေးထွေးသွားသလို ခံစားရတယ်ဆိုရုံနဲ့ တင် ကျွန်မ ကျေနပ်လှပါပြီ။
(စာရေးသူအမှာစာမှာကောက်နှုတ်ဖော်ပြချက်)
စာမျက်နှာ | 111 |
---|---|
စာအုပ်အရွယ်အစား | 5.3 x 0.2 x 8.4 inches |
ပုံနှိပ်မှတ်တမ်း | စိတ်သက်တန့်၊ 2022 စက်တင်ဘာလ (ပထမအကြိမ်) |
စျေးနှုန်းအပြောင်းအလဲ | ၁.၆.၂၀၂၃ နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် ၄၅၀၀ ကျပ်စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
11 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ