လူငယ်များထံသို့ – ၂

( 0 မှတ်ချက်)

4000 (ကျပ်)

ပြင်ပက အရာတွေအပေါ်မှာ သွားပြီး မင်းရဲ့တန်ဖိုးကို တည်ဆောက်နေမိတဲ့အခါ စိတ်ဆင်းရဲစရာတွေကြုံလာရပါတယ်။ မင်းရဲ့တန်ဖိုးကို မင်းအပေါ်မှာပဲ တည်ဆောက်ရမှာဖြစ်ပါတယ်။လူငယ်တွေအများစုက တစ်ခုခုပြောင်းလဲလိုက်ကြဖို့ သိပ်ဝန်လေးကြတယ်။ နေသားတကျရှိနေပြီးဖြစ်တဲ့ သက်သောက်သက်သာဇုန်မှာပဲ နေချင်နေကြတယ်။ အဲဒီတော့ ဘာကပြောင်းလဲလာနိုင်မှာလဲ။ ဒီလို လူငယ်တွေရဲ့ အတွေးအခေါ်နဲ့ အပြုအမူတွေကို ကောင်းတဲ့ဘက်ပြောင်းလဲ လာစေဖို့ ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။ ဖတ်မိတဲ့လူငယ်တွေအတွက် အကျိုးကျေးဇူးပြုနိုင်တဲ့ စာအုပ်ကောင်းအဖြစ် မှတ်ချက်ပြုပေးလို့ရပါတယ်။

ဒီစာအုပ်ထဲမှာ
◽မိမိဘာလိုချင်လဲဆိုတာကို သိရှိလေ ဘဝက ရိုးရှင်းလွယ်ကူလေပါပဲ
◽တန်ဖိုးအရှိဆုံးရင်းနှီးမြှုပ်နှံမှု
◽တစ်ကိုယ်ရေအမှတ်တံဆိပ် (PersonalBranding) တည်ဆောက်ခြင်း
◽ကြားကာလမှာ စိတ်ရှည်ဖို့လိုတယ် ၊ လက်လျှော့လိုက်ချင်စိတ်ဖြစ်လာရင် ဒီစာကို ဖတ်ကြည့်ပါ
◽တစ်လှမ်းချင်းစီလှမ်းနေခြင်းရဲ့ စွမ်းအား
◽ကြိုးစားတိုင်းမအောင်မြင်လို့ စိတ်ဓာတ်ကျနေရင် ဒီစာကို ဖတ်ကြည့်ပါ
◽အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်
◽ပြင်းပြတဲ့စိတ်ဆန္ဒရဲ့စွမ်းအား
◽ထိုးဖောက်ကျော်လွှားမှု (Breakthrough)ဖန်တီးဖို့ အဆင့် (၃)ဆင့်
◽မိမိရဲ့စိတ်ကူးအိပ်မက်ကို အခြားသူတွေကို အလွယ်တကူမပြောလိုက်ပါနဲ့
◽ကျရှုံးသွားတာထက် ပိုကြောက်ဖို့ကောင်းတဲ့ အရာ
◽သင့်ရဲ့အာရုံစိုက်မှုကို ရွေးချယ်ပါ
◽အားသာချက်အပေါ်မှာ အားပိုဖြည့်ပေးပါ
အမြဲဒီအတိုင်းဖြစ်နေမှာ မဟုတ်ဘူး စတဲ့ ခေါင်းစဥ်တွေနဲ့ လူငယ်တွေဆီ ပစ်ခွင်းလိုက်တဲ့ ထိရောက်တဲ့ ပေးစာတွေကို ဖတ်ကြရမှာဖြစ်ပါတယ်။

စာမျက်နှာ

106

စာအုပ်အရွယ်အစား

5 .3x 0.2 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ရွှေပေစာပေ၊ 2024 ဧပြီလ (ပထမအကြိမ်)

11 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“လူငယ်များထံသို့ – ၂” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

သက်တန့်(မေရီ) စာအုပ်များ