သစ်လွင်သောပုံစံဖြင့် ရှင်သန်ခြင်း

( 3 မှတ်ချက်)

8500 (ကျပ်)

လူသားတွေ နာကျင်ရခြင်းရဲ့ အရင်းခံဟာ တကယ်တမ်းကျတော့ အားလုံးခပ်ဆင်ဆင် ဖြစ်နေပါတယ်။ ကျွန်မစာရေးရခြင်းရဲ့ ရည်ရွယ်ချက်က လူတွေကို ကိုယ့်ရဲ့အတွင်းစိတ်ကို ပိုမိုသတိပြုမိလာပြီး ဘယ်မကောင်းတဲ့ အတွေးအခေါ်တွေ၊ စိတ်ခံစားချက်တွေ၊ အမူအကျင့်တွေက ကိုယ့်ဘ၀ကို မလိုလားအပ်တဲ့ နာကျင်မှုတွေ ဖန်တီးပေးနေလဲဆိုတာ ပိုမိုနားလည်လာစေချင်လို့ပဲ ဖြစ်ပါတယ်။ တကယ်လို့ ဒီစာအုပ်ကို သေချာစိတ်နှစ်ပြီး ဖတ်ရှုမယ်။ ပြီးတော့ ကိုယ့်အတွင်းစိတ်ထဲမှာရှိနေတဲ့ အဖြစ်မှန်ကို သတ္တိရှိရှိရင်ဆိုင်ပြီးကိုယ့်အတွက်အကျိုးမရှိတဲ့ အမူအကျင့်တွေကို ပြောင်းလဲပစ်မယ်လို့ စိတ်ပိုင်းဖြတ်ထားရင် သင့်ဘ၀က ပြောင်းလဲမှုကြီးဖြစ်ပေါ်လာပါလိမ့်မယ်။
အားလုံးကို ကျွန်မတကယ့်စိတ်ရင်းနဲ ပြောပြချင်တာကတော့ သင်အခုကြုံတွေ့နေရတဲ့ နာကျင်မှုဟာ အများစုက သင့်ရဲ့ မူလမိသားစုမှာ မပြီးပြတ်သေးတဲ့ သင်ခန်းစာတွေကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ ဒီစာအုပ်မှာပါဝင်နေတဲ့ အဓိကဇာတ်ကောင် (၂)ဦးဖြစ်တဲ့ “ရှင့်ရှုံ” နဲ့ “ရှန့်တုန်း” ကတော့ အားလုံးအတွက် အကောင်းဆုံးနမူနာအဖြစ်နဲ့ ကိုယ့်ရဲ့ငယ်ဘ၀က ဖြစ်တည်လာခဲ့တဲ့ စိတ်ဒဏ်ရာကို ဘယ်လိုကုစားရမှာလဲဆိုတာ ပြသပေးသွားပါလိမ့်မယ်။ ဒီစာအုပ်ကို အချိန်ပေးပြီး သေချာဖတ်စေချင်တယ်။ ဒါမှ ဘ၀စာမေးပွဲနဲ့ ကြုံရတဲ့အခ့ါမှာ အခက်အခဲတွေကို အလွယ်တကူကျော်ဖြတ်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒါကလည်း ကျွန်မရဲ့ စိတ်ရင်းဆန္ဒတစ်ခုဖြစ်ပါတယ်။

ယခုစာအုပ်သည် မိမိအတွင်းစိတ်ရှိ အားအင်ကို ပြန်လည်ရှာဖွေတွေ့ရှိစေကာ မိမိ၏ စိတ်နှလုံးကို ကုစားလိုက်နိုင်ရန် ကူညီပေးနိုင်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

စာမျက်နှာ

359

စာအုပ်အရွယ်အစား

5.2 x 0.6 x 8.2 inches

ပုံနှိပ်မှတ်တမ်း

စိတ်သက်တန့်စာပေ၊ 2022 စက်တင်ဘာလ (တတိယအကြိမ် )

စျေးနှုန်းအပြောင်းအလဲ

1.10.2022 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 8500 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

3 in stock

သစ်လွင်သောပုံစံဖြင့် ရှင်သန်ခြင်း အား ဝေဖန်သုံးသပ်မှု 3 ရှိပါသည်။

  1. Khin Thandar Hlainh

    စာအုပ် ဘာသာပြန်ပေးတဲ့ ဆရာမ သက်တန့်မေရီ ကို ကျေးဇူးအထူးတင်ပါတယ် ။ ဒီစာအုပ်လေးက ကျွန်မဘဝကို အများကြီးပြောင်းလဲပေးခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်သူတစ်ယောက် ဖြစ်လာအောင် အ ထောက်အကူ ပြုခဲ့ပါတယ်။
    စာအုပ်လေးကို အမြဲတမ်းအနားမှာထားပြီး ခဏခဏပြန်ဖတ်ဖြစ်ပါတယ်။ စိတ်နှလုံး အေးချမ်းလိုသူတိုင်း (လူတိုင်း) ဖတ်သင့်တဲ့ စိတ်ပိုင်းဆိုင်ရာ စာအုပ်ကောင်းတစ်အုပ်ပါ။

  2. Zin Mar Aung

    ဒီစာအုပ်လေးတွေဖတ်ပြီးတဲ့အချိန်မှာ ကိုယ်နဲ့မကွာထားချင်တဲ့အရာက ဒီစာအုပ် ၃ အုပ်အပြင်မရှိတော့သလိုဖြစ်လာတယ်
    ‘စစ်မှန်သောမိမိနှင့်တွေ့ဆုံခြင်း’
    ‘အချိန်တစ်ခု၌ရပ်တန့်နေကြသူများ’
    ‘သစ်လွင်သောပုံစံဖြင့်ရှင်သန်ခြင်း’
    စိတ်သစ်လူသစ်နဲ့ ဘဝသစ်စချင်သူတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့စာအုပ်လေးလို့ အပြည့်အဝထောက်ခံပေးပါရစေ

  3. Theint Akayi Htet

    ဒီစာအုပ်လေးကလေ တကယ်ကိုစိတ်ခံစားချက်တွေထဲပိတ်မိနေတဲ့ခုခေတ်တစ်ချို့မိန်းခလေးတွေအတွက်ရော လူတိုင်းအတွက်ရော တကယ်အကျိုးရှိစေပါတယ်ဒီစာအုပ်လေးက တကယ်ကိုယ့်ရဲ့အတွင်းစိတ်နဲ့ဆက်သွယ်ဖို့နည်းလမ်းကောင်းတွေအများကြီးပါပြီး ရင်ထဲကခံစားနေရတဲ့ နှစ်ရှည်လများကိန်းအောင်းနေတဲ့ခံစားချက်ဟောင်းတွေကိုကိုယ်တိုင်ပြန်မြင်ရတယ် ပီးတော့အဲ့ခံစားချက်တွေကဘာကြောင့်ဖြစ်လာရလဲဆိုတာကိုလဲသေချာနားလည်စေပီး နောက်ဆုံးမှာ ပြသနာတွေကဘာကြောင့်ဖြစ်လာရလဲဆိုတာကိုသဘောပေါက်သွားပါတယ် ကိုယ့်ကိုဆရာတစ်ယောက်စောင့်ကြည့်ပြီးဘာတွေကဘယ်လိုပြင်ရင်အဖြေတွေ့မယ် ဘာကဘာကြောင့်ဖြစ်လာတာမို့ဘယ်လိုနည်းလမ်းသုံးရင်အဆင်ပြေနိုင်မလဲ အသေးစိတ်ပြောပြနေသလိုပါပဲ အသက်21အရွယ် ခံစားချက်အမှောင်ထဲပိတ်မိနေတဲ့ကိုယ့်အတွက်အလင်းရောင်ကိုရှာတွေ့နိုင်ဖို့ကူညီပေးခဲ့တဲ့စာအုပ်လေးပါပဲ ဘာသာပြန်ပေးတဲ့ဆရာမသက်တန့် မေရီ ကိုတကယ်ကျေးဇူးတင်ပါတယ် ဒီစာအုပ်ဖတ်ခွင့်ရတာဟာကိုယ့်အတွက် ဆုလာဘ်တစ်ခုလိုပါပဲ❤

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

သက်တန့်(မေရီ) စာအုပ်များ