
ဟယ်လို… ဖေဖေ
12500 (ကျပ်)
Banana Yoshimoto ရဲ့ စာတွေနဲ့ ဘာသာပြန်စာဖတ်ပရိသတ် မစိမ်းလှဘူး လို့ ထင်ပါတယ်။ ယခင်က ဆရာများလည်း ပြန်ထားပြီးတာကြောင့်ရော၊ အောင်မြင်မှုနဲ့ စာပေဩဇာကြောင့်ရော သူ့ရဲ့ စာပေလက်ရာများကို ဘာသာပြန် ပရိသတ်တို့ နှစ်သက်ကြပါတယ်။ ပြောရရင် သူ့ရဲ့ ဇာတ်လမ်းတွေဟာ အဖြစ်အပျက်ထက် ဇာတ်ကောင်တွေရဲ့ အတွေးပိုင်းကို ပိုဦးစားပေး ရေးသားထားတယ်လို့ ဆိုရမယ်။
ဒီစာအုပ် Moshi Moshi မှာဆိုရင် အိမ်ထောင်ဦးစီး အမျိုးသားတစ်ယောက်ဟာ သာမန် လုပ်ရိုးလုပ်စဉ် အလုပ်သွားရာကနေ မမျှော်လင့်တဲ့ အနေအထားနဲ့ ကွယ်လွန်ခဲ့တယ်။ ကွယ်လွန်ရာမှာ ဆိုရင်လည်း သူဟာ သူ့ချစ်သူနဲ့အတူ တစ်ပြိုက်နက်။ ထူးခြားတာက သူ အမြဲမပြတ် ကိုင်တဲ့ ဖုန်းကို အဲ့ဒီနေ့မှာ ယူမသွားဘူး။ သူ့ချစ်သူနဲ့ သွားမှာမို့ ဖုန်းကို တမင်ချန်ခဲ့တာလား? မေ့ပဲ ကျန်ခဲ့တာလား?
သူ့ရဲ့ မိသားစုတွေ ဘက်မှာရော ချစ်ရတဲ့ မိသားစုဝင်တစ်ယောက်က နှုတ်ဆက်စကားလေးတောင် မဆိုနိုင်ဘဲ ရုတ်တရက် ခွဲခွာသွားတော့ ဘာတွေ ပြောချင်နေမလဲ။
ဘာသာပြန်သူ ဆရာမစုမြတ်ချစ် အနေနဲ့လည်း ဒီစာအုပ်ကို ပြန်ဆိုရတာနဲ့ ပတ်သက်ပြီး “Banana Yoshimoto ရဲ့ စာအုပ်ကို ဘာသာပြန်ရတာက သိပ်တော့ မလွယ်လှပါဘူး။ အရေးအသားက လွယ်ပေမဲ့ Japanese ကနေ English လို ပြန်ရာမှာ ဝါကျအရှည်ကြီးတွေပဲ တောက်လျှောက် သုံးထားတော့ မြန်မာလို ရှင်းအောင် သေသေချာချာ အားထုတ်ထားတယ်။ မူရင်းစာရေးသူကို တတ်နိုင်သမျှ Respect ထားသူမို့ ဘာမှ မကျော်မခွဘဲ အတတ်နိုင်ဆုံး အတိအကျနဲ့ နားလည်လွယ်အောင် ကြိုးစား ဘာသာပြန်ထားတယ်” လို့ ဆိုပါတယ်။
| စာမျက်နှာ | 286 |
|---|---|
| စာအုပ်အရွယ်အစား | 5.3 × 1 × 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ကိုလတ်စာပေ ၊ 2024 ဩဂုတ်လ၊ ပထမအကြိမ် |
Out of stock





စိုးဘားဒိုင် –
Banana Yoshimoto ရဲ့ MOSHI MOSHI ကို
စုမြတ်ချစ်က ဟယ်လို…ဖေဖေ အမည်နဲ့ဘာသာပြန်
လိုက်တဲ့ လုံးချင်းဝတ္ထုဟာ ဖခင်ကိုဆုံးရှုံးလိုက်ရတဲ့
တစ်ဦးတည်းသော သမီးရော့ချန်နေရာကနေ ရေးဖွဲ့ထားတဲ့နှစ်လိုဖွယ်ရာ ဝတ္ထုဖြစ်ပါတယ်။
ရော့ချန်ရဲ့အဖေက တီးဝိုင်းမှာကီးဘုတ်တီးတဲ့
ဂီတပညာရှင်တစ်ယောက်ဖြစ်ပြီး၊အတော်အတန်နာမည်ရနေသူလည်းဖြစ်တယ်။တစ်နေ့မှာတော့ရော့
ချန်ရဲ့အဖေဟာ အမျိုးသမီးတစ်ယောက်နဲ့အတူကားထဲမှာ သေဆုံးသွားခဲ့တယ်။ရော့ချန်ရဲ့အဖေဟာ အမျိုးသမီးတွေစိတ်ဝင်စားမှုခံရမယ့် အဝန်းအဝိုင်းမှာရှိနေပေမယ့် မိသားစုဆီကို ဖျော်ဖြေ
ရေးလုပ်ပြီးရင် အိမ်အရောက်ပြန်တတ်သူဖြစ်တယ်။ကိုယ့်ကိုယ်ကိုယ်လုပ်ကြံတာလား၊လုပ်ကြံခံရတာလားဆိုတာ မသဲမကွဲဖြစ်ခဲ့ပြီးတဲ့နောက် ဇနီးနဲ့သမီးဟာ ဒီခွဲခွာမှုအတွက် ဆောက်တည်ရာပျက်ယွင်းသွားခဲ့ရတယ်။
ရော့ချန်ရဲ့အမေကမဲဂုရိုက ကွန်ဒိုမှာဆက်နေပေမယ့် ရော့ချန်ကတော့ အိမ်ကနေထွက်ခွာလာခဲ့ကာ ရှီမိုခီတဇာဝါက လက်စ်လီယန်းစ် ဆိုတဲ့စားသောက်ဆိုင်ငယ်ကလေးမှာ အလုပ်ဝင်ပြီး၊အဲဒီ
ဆိုင်နဲ့ ၅မိနစ်လောက်ပဲ လမ်းလျှောက်ရတဲ့ နေရာမှာအခန်းငှားနေတယ်။အဖေဆုံးရှုံးသွားရတဲ့ အဖေချစ်တဲ့တစ်ဦးတည်းသော သမီးတစ်ယောက်ရဲ့ ခံစားမှုတွေဟာ ယောက်ယက်ခတ်တဲ့လှိုင်းဂယက်တွေလို
ဖြစ်နေခဲ့တယ်။လက်ခံဖို့ခက်ခဲတဲ့ အဖြစ်ဆိုးရဲ့ ရိုက်
ခတ်မှုကလည်း တစ်ချိန်လုံးနေရာယူထားတယ်။
မိသားစု ၃ယောက်နေခဲ့တဲ့ မဲဂုရိုကကွန်ဒိုမှာ
ကျန်နေရစ်တဲ့ အမေလည်း ခင်ပွန်းသည်ရုတ်တရက်
ထွက်ခွာသွားတာကို ပြင်းထန်တဲ့ခံစားမှုတွေနဲ့အတူ
ဆောက်တည်ရာမဲ့သလိုဖြစ်နေခဲ့တယ်။ရော့ချန်ကတစ်ယောက်တည်းနေချင်သူဖြစ်လို့ ကွန်ဒိုကထွက်လာခဲ့တဲ့နောက်ကို အမေကလည်း လိုက်လာတယ်။ကွန်ဒိုမှာနေရတာဟာ ခင်ပွန်းသည်ရဲ့ ဝိညာဥ်နဲ့အတူနေရသလို၊သူ့ပုံရိပ်တွေပြည့်နှက်နေတဲ့နေရာတွေမှာ
ပုံရိပ်တွေကပေါ်လာနေသလိုဖြစ်နေတဲ့အပြင် အသံတွေပါ ကြားယောင်သလို စိတ်ထင်ယောင်တွေဖြစ်နေတော့ မနေနိုင်လို့ သမီးဆီလိုက်လာခဲ့တာဖြစ်တယ်။
ရော့ချန်ကိုယ်တိုင်ကလည်း အဖေနဲ့ပတ်သက်လို့ ခံစားမှုသိပ်သည်းတဲ့ စိတ်ဒဏ်ရာရှိနေခဲ့တာဖြစ်
လေတော့ အမေရောက်လာတာကိုလည်း စိတ်ထဲက
လက်ခံဖို့ခက်တယ်။အဖေ၊အမေ၊သမီး ဆိုတဲ့ မိသားစု ၃ယောက်ထဲမှာ အဖေမရှိတော့ခြင်းရဲ့လစ်
ဟာမှုကြီးဟာ အတော့်ကိုကြီးမားခက်ထန်လှတယ်။
ကျန်ရစ်သူတွေရဲ့ ခံစားမှုတွေဟာ ပြန်လည်နာလံထူ
နိုင်ဖို့အတွက် အများကြီးကြိုးစားကြရတော့မှာဖြစ်တယ်။ရော့ချန်ကဘယ်လို ကြိုးစားသလဲ။အမေကကကော ဘယ်လိုကြိုးစားသလဲ။သေသောသူကြာရင်မေ့ဆိုတာကကော တကယ်ဖြစ်ကိုဖြစ်ရမယ့် သ
ဘောလား။ဒီဝတ္ထုဟာ ဒါတွေကိုရော့ချန်ကနေတဆင့်ပုံဖော်ပြောပြသွားတာဖြစ်ပါတယ်။
ဘနားနားရဲ့ရေးဟန်က အသေးစိတ်ကလေး
တွေကအစ စိတ်ခံစားမှုနဲ့ ဆက်နွှယ်ပူးကပ်ပြီး လူနဲ့အရိပ်လို တွဲပါနေတာမျိုးဖြစ်ပါတယ်။နေရာ အခင်းအကျင်း ပတ်ဝန်းကျင် လူ့စရိုက် အသေးစိတ်သရုပ်ဖော်တာတွေလည်း ပါသေးတာဆိုတော့ ငြီး
ငွေ့စရာကောင်းနိုင်တဲ့ ပုံစံမျိုးပေါ့။ဒါပေမယ့်ဘနားနားရေးဟန်က ငြီးငွေ့စရာဖြစ်မလာပဲ တစိမ့်စိမ့်စိမ့်ဝင်လာသလိုမျိုး စာဖတ်သူဆီချဥ်းကပ်ရောက်ရှိလာတာမျိုးဖြစ်တယ်။မိသားစု ၃ယောက်ထဲက တစ်ယောက်ဆုံးရှုံးသွားတဲ့အခါ ကျန်ရစ်သူနှစ်ယောက်ရဲ့ အနေအထားကို ဘနားနားကလှပစွာပုံဖော်သွားတယ်။
ရော့ချန်တို့သားအမိနဲ့အတူ မွမ်းကြပ်လာရင်းနဲ့ ငြီးငွေ့တော့မယ့် အချိန်မျိုးရောက်လာတဲ့အခါ
ရှင်တာနီခွန်ကိုပွဲထုတ်လိုက်တယ်။ရော့ချန်နဲ့ရှင်တာနီ
ခွန်တို့ရဲ့ တစ်ရစ်ချင်းနွယ်လာတဲ့ သံယောဇဥ်အဖွဲ့ထဲ
မှာ အဖေနဲ့ပတ်သက်တဲ့ ဝမ်းနည်းကြေကွဲမှု အနှောင်
အဖွဲ့နဲ့အတူ ရစ်ဖွဲ့လာတယ်။အဲဒီရစ်ဖွဲ့မှုကနေ အဖေနဲ့ပတ်သက်တဲ့ ခံစားမှုသိပ်သည်းဆ လျှော့ပါးစပြု
လာချိန်မှာ စာဖတ်သူဟာလည်း အသေးစိတ်ရေးဖွဲ့
မှုတွေကို ငြီးငွေ့တော့မယ့်အနေအထားကိုရောက်လာလုဆဲဆဲ အဖေသေဆုံးတဲ့နေရာက အမျိုးသမီးတစ်ယောက်ကို ပွဲထုတ်လိုက်တယ်။
အဖေနဲ့အတူ ကားထဲမှာ သေကြောင်းကြံခဲ့တဲ့
အမျိုးသမီးနဲ့ဆက်စပ်ပြီး နောက်ထပ်သိလာရတယ်။စာဖတ်ပရိသတ်ရဲ့ စိတ်ဝင်စားမှုဟာ စီးမျော
နေရာကနေ လှုပ်ခတ်သွားပြန်တယ်။အဖေ့ရဲ့သူငယ်ချင်းတွေထဲက အဖေရင်ဖွင့်လေ့ရှိတဲ့သူငယ်ချင်းတစ်ယောက်ကိုလည်း တပြိုင်တည်းပွဲထုတ်လိုက်တဲ့အခါ အဖေသေဆုံးခြင်းအကြောင်း
ဟာ ရော့ချန်ဆီမှာ တစ်ခါလှိုင်းဂယက်ထန်လာပြန်တယ်။ယာမာဇာကီစံဆိုတဲ့ အဲဒီသူငယ်ချင်းကနေတဆင့် ရော့ချန်ဟာအဖေ့ကိုသေကြောင်းကြံဖက်အဖြစ် ခေါ်ဆောင်သွားတဲ့ အမျိုးသမီးအကြောင်းအနည်းငယ်သိရှိလာရပြန်တယ်။
အမေကတော့ ခင်ပွန်းမရှိတော့တဲ့ မိန်းမတစ်ယောက်အဖြစ် ဆက်လက်ရှင်သန်ဖို့ကြိုးစားရင်း
ရော့ချန်ထက်စောပြီး နာလံပြန်ထူလာနိုင်ခဲ့တယ်။လက်ဖက်ရည်ဆိုင်မှာ အလုပ်ဝင်လုပ်ရင်း ခင်ပွန်းရဲ့
အရိပ်နဲ့အငွေ့အသက်တွေရဲ့ အဝေးဆီခွာထုတ်နိုင်ဖို့ကြိုးစားတယ်။မဲဂုရိုက ကွန်ဒိုမှာရှိတာတွေကို ရော့
ချန်ရဲ့အခန်းဆီရွှေ့လာပြီး၊ရော့ချန်ကိုလည်း အဖေ့အရိပ်အငွေ့မရှိတဲ့နေရာမှာ မူလအထိုင်ပုံစံရအောင်စီစဥ်တယ်။
ရော့ချန်ဟာ အဖေသေဆုံးခဲ့တဲ့ရပ်ဝန်းကို ခြေဦးမလှည့်ဖို့ ကြိုးစားနေရာကနေ အဖေ့ကိုမြှုပ်နှံရာနေရာကို သွားရောက်ပြီးအဖေ့ဝိညာဥ်အတွက် တစ်ခုခုလုပ်ပေးချင်လာတယ်။အဲဒါကလည်း သူခဏခဏမက်နေတဲ့ အိပ်မက်ထဲမှာ သူ့အဖေအိမ်မှာချန်ထားရစ်ခဲ့တဲ့ဖုန်းကို အဖေကလာရှာနေတာ၊အဖေကသူ့ကို ဖုန်းဆက်ဆက်နေတာတွေ အိပ်မက်မက်နေတာကြောင့်လည်းပါတယ်။
ရော့ချန်ဟာ ရှန်တာနီခွန်နဲ့ ပိုမိုရင်းနှီးလာပြီးအတူအိပ်တဲ့အနေအထားကို ရောက်ရှိခဲ့ချိန်အထိ အချစ်ဟုတ်မဟုတ်မသေချာတဲ့အနေအထားကနေ
အိပ်ပြီးတဲ့နောက် အချစ်မဟုတ်ဘူးလို့ သတိထားမိလာတယ်။အဖေသေဆုံးခဲတဲ့နေရာကို သွားဖို့အမေ့ကိုတိုင်ပင်တော့ အမေကမလိုက်ဘူး။ရင်ထဲမှာရှိနေတာကိုပဲ သိမ်းထုပ်ထားပြီး၊ဆက်လက်သံသရာရှည်
နေရတာမျိုးကို ငြင်းပယ်လိုက်တာလို့ ဆိုရမယ်။
အဖေသေဆုံးခဲ့တဲ့ အီဘရာခိကို တစ်ယောက်တည်းထွက်သွားချိန်မှာ ယာမာဇာကီစံဆီက ဖုန်းဝင်လာတယ်။အရင်ကတည်းက ရော့ချန်
သွားချင်ရင် ပို့ပေးဖို့ပြောထားဖူးလေတော့ ရာသီဥတုကောင်းလို့ သွားမလားလို့ဖုန်းဆက်မေးတာဖြစ်တော့ အတူသွားဖို့ချိန်းလိုက်ကြတယ်။အဖေ့
ကိစ္စတွေကို လုပ်ဆောင်ရင်း ရော့ချန်ရဲ့နှလုံးသားထဲ
မှာ ယာမာဇာကီစံနဲ့ပတ်သက်တဲ့ ခံစားမှုတွေဟာ ထင်ရှားလာခဲ့တယ်။ယာမာဇာကီစံကလည်း သူ့ဇနီးကနောက်ယောကျ်ားယူသွားလို့ အိမ်ထောက်ကွဲဖြစ်နေတယ်။
ရော့ချန်နဲ့ယာမာဇာကီစံတို့ဇာတ်လမ်းဆက်သွားရင်း အိပ်ဖြစ်သွားတဲ့အခါမှာ ရော့ချန်ဟာ ရှန်တာနီခွန်နဲ့တုန်းကနဲ့မတူတဲ့ ခံစားမှုဖြစ်သွားတယ်။ယာမာဇာကီစံကလည်း အရင်းနှီးဆုံးမိတ်ဆွေဂျူနီယာရဲ့သမီးနဲ့ ဖြစ်သွားရတဲ့အပေါ် သူ့ကိုယ်သူအပြစ်ရှိတယ်လို့ ခံစားရတယ်။အဲဒီအချိန်ဟာ ရော့ချန်အလုပ်လုပ်နေတဲ့ စားသောက်ဆိုင်နေရာကို ဖျက်ပစ်ပြီး အဆောက်အဦးအသစ်ဆောက်မှာဖြစ်လို့ ဆိုင်ကိုပိတ်လိုက်ရချိန်ဖြစ်တယ်။ဆိုင်ပိုင်ရှင်စားဖိုမှူးက ပြင်သစ်ကိုသွားပြီး ဆက်လက်လေ့လာသင်ယူဖို့စီစဥ်တော့ ရော့ချန်ကလည်း လိုက်လာဖို့ချိန်းဆိုထားခဲ့တယ်။
ဆိုင်ပိုင်ရှင်မိချိရိုစံက ဇန်နဝါရီမှာ ပြင်သစ်ကိုထွက်ခွာမှာဖြစ်ပြီး၊ရော့ချန်က ဖေဖော်ဝါရီမှာလိုက်သွားမယ်။နွေဦးမှာ ပြန်လာတဲ့အခါ အတူနေသူရှိမနေဖို့ ယာမာဇာကီစံကို ရော့ချန်ကကတိတောင်းထားလိုက်တယ်။
ရော့ချန်တို့သားအမိတတွေ တဖြည်းဖြည်း
နာလံထူလာတာကို ရေးဖွဲ့သွားရင်း ရော့ချန်ရဲ့တဖြည်းဖြည်းရင့်ကျက်လာမှုနဲ့အတူ အတွေးတွေပြောင်းလဲလာတာ၊ဘဝအပေါ်ရှုမြင်ပုံ အသစ်ဖြစ်ပေါ်လာတာတွေကို တဆင့်ချင်း လှပသပ်ရပ်စွာရေးဖွဲ့သွားတယ်။ဘနားနားရဲ့အရေးအဖွဲ့က ဥယျာဥ်မှူးတစ်ယောက် သူ့ဥယျာဥ်ကို တဆင့်ချင်းအလှဖော်သွားပုံမျိုးပါပဲ။
သဘောကျစရာကောင်းတာတွေအများကြီးရှိပါတယ်။ဂျပန်လူနေမှုပုံစံ၊မိသားစုံပုံစံ၊လူမှုဆက်ဆံရေးပုံစံတွေကို ရော့ချန်ရဲ့ထိတွေ့ခံစားမှုအဝန်းအဝိုင်းထဲကနေ အမိအပါဖော်ပြသွားတာ သဘောကျစရာကောင်းတယ်။ရော့ချန်ရဲ့စိတ်နှလုံးကိုလည်း ပုံဖော်ပြီးသားဖြစ်သွားတယ်။စားသောက်ဆိုင်ကလေးတွေ၊စာအုပ်ဆိုင်၊လက်ဖက်ရည်ဆိုင်တွေနဲ့ပတ်သက်ပြီး၊ပိုင်ရှင်တွေကိုရော ဝန်ထမ်းတွေကိုပါ မိသားစုဖွဲ့စည်းပုံမျိုးအဖြစ်
ရော့ချန်မြင်ပုံကနေဖော်ပြသွားတာလည်း သဘောကျစရာပါ။ဖောက်သည်တွေနဲ့ ဆိုင်တွေရဲ့
ဆက်ဆံရေးကို ဖော်ပြထားတာတွေကလည်း သဘောကျစရာ၊ချစ်စရာကောင်းလှတယ်။
စာအုပ်စကတည်းက သေသွားခဲ့တဲ့ ရော့ချိန်ရဲ့ဖေဖေဟာ ဝတ္ထုတစ်လျှောက်လုံးမှာ ပါဝင်ပတ်သက်နေတာကို ရေးဖွဲ့ထားတဲ့ တည်ဆောက်ပုံကိုလည်း သဘောကျမိတယ်။စုမြတ်ချစ်က ဟယ်လိုဖေဖေလို့ ဘာသာပြန်လိုက်တာ ဝတ္ထုခေါင်းစဥ်အနေနဲ့ အတော်ကလေးလိုက်ဖက်တယ်လို့ ဆိုရမှာပါ။The Lake ကိုဒီနိုဗိုပြန်တာ ဖတ်တုန်းက ဘနားနားကိုသတိထားမိတယ်။နောက် အာကာဦးဘာသာပြန်တဲ့ ဝတ္ထုတိုတွေ၊ဒီနိုဗိုဘာသာပြန်ထားတဲ့ ဝတ္ထုတိုတွေဖတ်ရတဲ့အခါ ပိုပြီးသတိထားမိတယ်။
ဒီလုံးချင်းမှာ အာကာဦးဘာသာပြန်ထားတဲ့အထဲက
သရဲအိမ် နဲ့ ဒီနိုဗိုဘာသာပြန်ထားတဲ့ ဒိုင်ဗင်ကန် ထဲကအရိပ်အငွေ့ကလေးတွေကိုလည်းတွေ့ရတယ်။
ရိုးစင်းတဲ့အသေးစိတ်ကလေးတွေကို ရင်ထဲရောက်အောင် တစိမ့်စိမ့်ပုံဖော်သိမ်းပိုက်တတ်တဲ့ဘနားနားယိုရှီမိုတိုရဲ့ အရေးအသားတွေဟာ စိတ်ဝင်စားစရာကောင်းတဲ့ ခံစားမှုတူရူစရိုက်ဖွဲ့စွမ်းအားလို့ ဆိုရမယ်ထင်ပါရဲ့။
ဒီစာအုပ်မှာ စာအုပ်ပြင်ဆင်ထားပုံဟာ ပရိသတ်ကို ဘနားနားရဲ့အရေးအသားတွေနဲ့ ပိုပြီးနီးစပ်အောင်လုပ်ပေးထားတယ်လို့ခံစားရတယ်။
အတွေးတွေကို စကားပြောပုံစံဆန်ဆန်ဆွဲထုတ်ပေးထားတာတွေ၊ဝါကျအဖြတ်အတောက်တွေ၊အခန်းခွဲ
စီစဥ်ထားပုံတွေ စသည်ဖြင့်အားထုတ်ထားတာကို
သတိထားမိပါတယ်။ဘာသာပြန်တဲ့စုမြတ်ချစ်နဲ့ ထုတ်ဝေတဲ့ ရွှေခွန်းချိုစာပေတို့ကို ဒီစာအုပ်ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်တယ်။
Aeri Myat –
နေ့စဥ်ဘဝထဲက လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ ခံစားချက်အငွေ့အသက်ကို ဖမ်းဆုပ်မိစေတဲ့ စာအုပ်လေး။ အမျိုးသမီးတစ်ဦးက ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့သူ…။နောက်ထပ်အမျိုးသမီးတစ်ဦးကတော့ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့သူပေါ့…။
ဖခင်ဖြစ်သူရဲ့ သေဆုံးမှုကလည်း ထူးဆန်းပြီး မထင်ထားတဲ့အခြေအနေတစ်ခု၊ နောက်အတူသေဖို့ ကြိုးစားတဲ့ အမျိုးသမီးတစ်ယောက်အကြောင်း
ဒီအကြောင်းတွေကို ဖြည်းဖြည်းချင်း ပြန်ဖော်သွားတာကလည်း ဖြည်းဖြည်းအေးအေးလေးရယ်ပါ။ ထိုအမျိုးသမီး၊ ထိုအဖြစ်အပျက်အပေါ်မှာတော့ သမီးဖြစ်သူ “ရော့ချန်”နဲ့ ထပ်တူအနည်းငယ်တော့ စိတ်ထဲမကျေမနပ်ဖြစ်မိ၊အားမလိုအားမရဖြစ်မိရပါတယ်။
စိတ်အကျိုးအကြေတွေနဲ့ နေ့ရက်တွေကနေ ပြောင်းလဲရှင်သန်လိုစိတ်တွေဖြစ်လာတာဟာ ပတ်ဝန်းကျင်အသစ်တစ်ခုကြောင့်လည်းဖြစ်နိုင်တယ်။ အစားအသောက်ကောင်းတစ်မျိုးကြောင့်လည်း ဖြစ်နိုင်သလို လူတစ်ယောက်ရဲ့ နွေးထွေးနှစ်သိမ့်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။
စိတ်အစွဲတွေ၊အမုန်းတရားတွေကို ဆုပ်ကိုင်ထားရင် ပူလောင်ရမယ့်အကြောင်း၊ နေ့စဥ်ဘဝထဲ ရိုးရှင်းစွာရှင်သန်နေထိုင်ခြင်းကလည်း ဘဝရဲ့အစိတ်အပိုင်းတစ်ခုဆိုတာကို ခံစားမိစေတဲ့စာအုပ်လေးပါ။ Healing Vibe လေးရယ် Slow Moodလေးပါ ထည့်ပေါင်းထားသလို ခံစားချက်လေး ရစေတဲ့စာအုပ်လေးပါ။
ဖတ်တာ ပုံမှန်ထက် ကြာသွားပေမယ့် စိတ်နှလုံးထဲ ဖြည်းဖြည်းချင်း စိမ့်ဝင်စေရင်း စကားလုံးတွေနောက် စီးမျောလိုက်ပါရတဲ့ ခံစားချက်လေးက ကျေနပ်နှစ်သက်စရာကောင်းပါတယ်🥰
စာအုပ်ကောင်းလေး ဘာသာပြန်ပေးတဲ့ ဆရာမစုမြတ်ချစ်ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်💛
Banana fan –
ဆရာဒီနိုဗို ဘာသာပြန်ထားတဲ့ N.Pကိုဖတ်ပြီး တော်တော်ကြိုက်ပါတယ်။Kitchenကို ဘာသာပြန်ထားတာလေးဖတ်ချင်တာ။အဲ့ဒါနဲ့ ရှာရင်းကြုံလို့ ဝင်ကြည့်ဖြစ်ပါတယ်။စအုပ်လေးက ကောင်းမယ့်ပုံပါပဲ။ဆရာမစုမြတ်ချစ်ကို Kitchen ကို ဘာသာပြန်စေချင်ပါတယ်ရှင်။Bananaရဲ့ ပွဲဦးထွက်ဝတ္ထုတစ်ပုဒ်ဖြစ်သလို အနေနဲ့အကြိမ်ပေါင်း ၆၀ကျော်ရိုက်ပီးပီလို့သိရတယ်။Moonlight shadow လဲဖတ်ချင်ပါတယ်ရှင့်။😵
Banana တကယ်တော်ပါတယ်။ကျွန်မအနေနဲ့ N.P ကိုပဲဖတ်ဖူးပေမဲ့ သူ့ရဲ့အရေးအသားတွေမှာ တော်တော်လေးစွဲသွားရတယ်။ဆိုလိုတာက Banana ရဲ့ စာအုပ်တွေ့တိုင်း တွေဝေမနေပဲ ဝယ်သာဝယ်လိုက်ပါ။ဒီစာအုပ်ရောပါပဲ။နောင်တမရစေရပါဘူးဆိုတာ အာမခံပါတယ်။