ဇီးကွက်ချောင်းတံတားပေါ်မှ အဝါရောင်ဝက်ဝံရုပ်အကျိုးအပဲ့လေး
9000 (ကျပ်)
“စာရေးသားခြင်းအတတ်ပညာ၊အနုပညာ၊စသဖြင့် စာတတ်ပေတတ်ပညာရှင်တွေပြောတဲ့ အရာတွေ ကျွန်တော့မှာမရှိပါ။ ကျွန်တော့မှာရှိတာက ခံစားတတ်တဲ့ ရင်ဘတ်တစ်ခုမျှသာ” …. ပါပီယွန်၏ နှလုံးသားခံစားချက်များကို အလှပဆုံး ရေးဖွဲ့ထားသည့် ဝတ္ထုလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။သစ်ရွက်ခြောက်တွေ မြေဆွေးတွေ တစ်ပိုင်းတစ်စ ဖုံးလွှမ်းနေတဲ့ ဗုံတီးနေတဲ့ အစွန့်ပစ်ခံ အဝါရောင် ဝက်ဝံရုပ်အကျိုးအပဲ့လေးဖြစ်မလာခင် အခိုက်အတန့်ကာလလေးကို ဇာတ်ကောင်များနှင့်အတူ ခံစားသက်ဝင်ရင်းစီးမြောဖတ်ရှုနိုင်မယ့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
| စာမျက်နှာ | 127 (Woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.5 x 0.2 x 7.5 inches |
| ပုံနှိပ်မှတ်တမ်း | ဝိုင်းမော်၊ 2025 ဇန်နဝါရီလ (တ-ကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 6.3.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 9000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
9 in stock (can be backordered)








Yu Yu Khaing Htwe –
ဖတ်ချင်ပါတယ်
Thuramo –
စာအုပ်ထဲ စီးမျောသွားတာ……
အရမ်းဖက်လို့ကောင်းတဲ့ စာအုပ်လေးပါ
Ei Ei Myo –
အရမ်းကောင်းတဲ့စာအုပ်လေးပါ
William –
Ever since I read the short synopsis from a review of this book in a Goodreads comment section, I have been drawn to experience this book myself. I can’t justify my fondness for this particular story. It is inscrutable. At first, I find it hard to get into the book because of the author’s tendency to end the majority of sentences with the word “ရယ္”. My subconscious was always looking for a continuation. After I got used to the prose, I was absorbed into this little tale between two lovers. A very practical and realistic depiction of the relationship power struggle between two people from very different backgrounds.
I debated on giving 5 stars for this book, but my inclination for the book’s positive features won me over. All I will say is that, while I can’t full believe that this book is perfect, one scene in particular, written with beautiful prose was enough to enchant me into giving it a 5 stars. If you’re interested in what I’m talking about, you’ll have to find out for yourself.
Thin Yanant Wai –
ရသ စာပေထဲမှာ ကျမ အကြိုက်ဆုံးစာအုပ်တအုပ်ဆိုမမှားပါဘူး
ဘာလို့ဆို ဒီဇာတ်လမ်းလေးထဲမှာ အဆင်မပြေနေတဲ့ကြားကနေနိုင်ငံခြားမှာကျောင်းတတ်ခွင့်ရတဲ့ ကောင်လေးတယောက်ဟာ တယောက်ထဲ အဖော်မဲ့စွာနဲ့ အားမလိုအားမရဖစ်ပီး စိတ်ပူပန်နေတဲ့အချိန်လေးမှာဘဲ ကိုယ့်နဲ့ လူမျိုးတူတဲ့ ကောင်မလေးတယောက်နဲ့ဆုံခဲ့ပီး ဖြတ်သန်းခဲ့ရပုံတွေရေးထားတာ အင်မတန်မှ ပေါ်လွင်ထင်ရှားလွန်းပါတယ်။ မြန်မာလူမျိူးတယောက်အနေနဲ့ တပါးသောတိုင်းပြည်မှာ နေထိုင်ရပုံတွေ ပေါင်းသင်းဆက်ဆံရေးတွေ ငွေေရေးကြေးရေးဖြေရှင်းခဲ့ရပုံတွေကို ရှင်းလင်းမြင်သာအောင် ရေးသားထားတာကို အင်မတန် သဘောကျမိပါတယ်။
တပါးပြည်မှာ တယောက်ထဲ သော လူမျိုးတူ ဖစ်ရပါသော
ကောင်မလေးနဲ့အချစ်ဇာတ်လမ်းကိုလဲ တယုတယပုံဖော်ထားကိုလဲ မြင်မိပါတယ်။