ဇီးကွက်ချောင်းတံတားပေါ်မှ အဝါရောင်ဝက်ဝံရုပ်အကျိုးအပဲ့လေး
9000 (ကျပ်)
“စာရေးသားခြင်းအတတ်ပညာ၊အနုပညာ၊စသဖြင့် စာတတ်ပေတတ်ပညာရှင်တွေပြောတဲ့ အရာတွေ ကျွန်တော့မှာမရှိပါ။ ကျွန်တော့မှာရှိတာက ခံစားတတ်တဲ့ ရင်ဘတ်တစ်ခုမျှသာ” …. ပါပီယွန်၏ နှလုံးသားခံစားချက်များကို အလှပဆုံး ရေးဖွဲ့ထားသည့် ဝတ္ထုလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။သစ်ရွက်ခြောက်တွေ မြေဆွေးတွေ တစ်ပိုင်းတစ်စ ဖုံးလွှမ်းနေတဲ့ ဗုံတီးနေတဲ့ အစွန့်ပစ်ခံ အဝါရောင် ဝက်ဝံရုပ်အကျိုးအပဲ့လေးဖြစ်မလာခင် အခိုက်အတန့်ကာလလေးကို ဇာတ်ကောင်များနှင့်အတူ ခံစားသက်ဝင်ရင်းစီးမြောဖတ်ရှုနိုင်မယ့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
| စာမျက်နှာ | 127 (Woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.5 x 0.2 x 7.5 inches |
| ပုံနှိပ်မှတ်တမ်း | ဝိုင်းမော်၊ 2025 ဇန်နဝါရီလ (တ-ကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 6.3.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 9000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
19 in stock (can be backordered)





Thant Sin Aung (verified owner) –
အစပိုင်းကြည်နူးရသလောက်
ဇာတ်သိမ်းပိုင်းဝမ်းနည်းရပါတယ်
တကယ်ချစ်ရင်မာနတွေမထားကြပါနဲ့
ချစ်တဲ့သူတိုင်းပေါင်းရပါစေ
Thet Naing Aung –
🔘 လူမျိူးရေးခွဲခြားတာဟာ ရှက်စရာလို့ လက်ခံထားတဲ့ လူတွေဟာ ပညာတတ်ပြီး သောင်သာနေတဲ့ လူတန်းစားဖြစ်ပြီး အသားအရောင် မတူတဲ့သူတွေကို အလကားနေရင်း ရန်လိုနေတဲ့သူတွေဟာ အောက်ခြေလူတန်းစား ပညာမဲ့ အလုပ်လက်မဲ့တွေ အများစုဆိုတဲ့ အသိအမြင်တော့ရလာခဲ့တယ်။(စာ-၆၂)
🔘တစ်ဘဝလုံး ကိုယ့်ကိုကိုယ် စောက်အထင်မကြီးခဲ့ဖူးတဲ့ ကျနော်ဟာ အခု ကိုယ့်ကိုကိုယ် အင်မတန် ကြီးကျယ်မြင့်မြတ်တဲ့ကောင်ကြီးလိုလို ဘာလိုလို ခံစားနေရပြီ။ ဘဝမှာ ကိုယ်ချစ်တဲ့မိန်းမရဲ့ အထင်ကြီးမှုကို ခံရတာဟာ အလက်ဇန်းဒါး သဂရိတ် ကမ္ဘာတခြမ်းကို သိမ်းပိုက်နိုင်ခဲ့တာလောက်နီးနီး စိတ်ကြီးဝင်စရာကောင်းတယ် မဟုတ်လား။(စာ-၈၇)
🔘 လောကဓံကို ခုခံတဲ့နေရာမှာ ကျနော့်ညီမလေးသာ ခုလိုဘေးမှာ ရှိမနေခဲ့ရင် ကျနော်ရူးသွားတာ ကြာရောပေါ့။ (စာ-၉၅)
💢 ပါပီယွန် ရဲ့ ဝတ္ထုဖတ်ပြီးရင် အသည်းကွဲရမယ်၊ နာကျင်စွာခံစားရမယ် သိသိရက်နဲ့ ဖတ်ခဲ့မိပြန်တယ်။ထုံးစံအတိုင်း ကျနော် စာအုပ်ဖတ်အပြီး ရင်ကွဲပက်လက် ။
💢 ဇာတ်ကြောင်းပြန်သူ narrator ” ကျနော် ” ဆိုတဲ့သူနဲ့ နန်းမေမေကြည် ကိုတော့ ဘဝမယ် မေ့ပစ်လို့မရနိုင်မှာတော့ အသေချာပါပဲ။ နှစ်ယောက်စလုံးကိုတော့ အပြစ်မတင်ရက်ပါဘူး ။ တခုပါပဲ အချစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ မလိုလားအပ်တဲ့ မာနတွေ မထားသင့်ဘူးဆိုတာ သင်ခန်းစာပေါ့ ။ ချစ်သူတိုင်းကို ပေါင်းဖက်စေချင်မိတယ်လေ။
Motivated Yourself –
ထွက်မသွားပါနဲ့ ညီမလေးရယ်လို့သာအော်ပြောလိုက်ချင်တော့တယ်…….
ဆရာပါပီယွန်ရဲ့ ဒီစာအုပ်လေးဖတ်ပြီး တစ်ခါထပ်ကြေကွဲရပြန်တယ်…….
ကိုယ်ဖြစ်ချင်တဲ့အတိုင်းဖြစ်မလာတာကို ဘဝလို့ပဲခေါ်ရတော့မလား…….
တိုင်းတစ်ပါးမှာ ငွေကြေးပြည့်ပြည့်စုံစုံနဲ့ ကျောင်းသွားတတ်ရသူမဟုတ်တဲ့ ”ကျွန်တော်’ အကြောင်းဖတ်ပြီး သက်ပြင်းသာချမိတော့တယ်……တစ်ဖက်ကကြည့်ပြန်တော့လည်း ဒါကပဲ လောကဓံကို ကြံ့ကြံ့ခံနိုင်အောင် သင်သွားတာပါလား…… ပြင်းပြတဲ့စိတ်တစ်ခုဟာ အခက်အခဲမှန်သမျှကို ကျော်လွှားနိုင်တယ်ဆိုတာ သက်သေပြသွားတာပဲ…….
ဇာတ်လမ်းအကြောင်းအထွေအထူးမပြောလိုတော့ပါဘူး…..တိုင်းတစ်ပါးမှာ ဘယ်လိုနေထိုင်ရတယ် ဘယ်လိုခက်ခဲမှုတွေရှိတယ် ဆိုတာ ဆရာပါပီယွန်ရဲ့ စာအုပ်တွေကနေပဲ ပညာယူနေရတာပါပဲ……ဖတ်ပြီးသွားတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး ကြုံလာမယ့် လောကဓံကို ရဲရဲကြီးရင်ဆိုင်နိုင်သွားမှာပါ…..
ညီမလေးနဲ့ တွေ့ဆုံခွင့်ရတာ ဆုလာဘ်တစ်ခု
တစ်လို့ခေါ်မလား ဒါဆိုတစ်စစီ ကြေကွဲရတာကိုရော ဘယ်လိုပြောရမလဲ ….
ဒီစာအုပ်လေးဖတ်ပြီး အားကျသလိုလို ကြည်နူးသလိုလို ဝမ်းနည်းသလိုလိုနဲ့ ရင်ဘက်ကြီးတစ်ခုလုံးလဲဟာတာတာနဲ့…….
စာဖတ်သူတွေတော်တော်များများဖတ်ပြီးသားစာအုပ်လေးဖြစ်တဲ့အတွက်ကြောင့် ဇာတ်လမ်းတွေကို အထွေအထူးမပြောနေတော့ပါဘူး….ဝတ္ထုအပေါ်ခံစားရတဲ့ ခံစားချက်ရယ် ကိုယ်ပညာယူစရာလေးတွေရယ်ပဲ ရေးမိတယ်ပဲဆိုပါတော့……
Thae JM
Khaing –
ဇာတ်ကောင်တွေရဲ့ဘ၀အချိုးအကွေ့တွေမှာ ကိုယ်ပါမြောသွားတာ
ပါပီယွန်ရဲ့အရေးအသားနဲ့ ပထမဆုံးထိတွေ့မိတဲ့စာအုပ်
အဆုံးမှာရင်ထဲကွက်လပ်ဖြစ်ပြီး ဇာတ်ကောင်တွေအပေါ်အားမလိုအားမရဖြစ်ခဲ့တယ်
ညီမလေးဒေါ်နန်းမေကြည်လို့ပြောရင် ကိုယ်ပါလွမ်းရတယ်
Aeri Myat –
“It is silly not to hope.
မမျှော်လင့်တာဟာ မိုက်မဲတာပဲ…တဲ့။”
“ဘဝမှာ ကိုယ်ချစ်တဲ့ မိန်းမရဲ့ အထင်ကြီးမှုကို ခံရတာဟာ အလက်ဇန်းဒါး သဂရိတ် ကမ္ဘာတစ်ခြမ်းကို သိမ်းပိုက်နိုင်ခဲ့တာလောက်နီးနီး စိတ်ကြီးဝင်စရာကောင်းတယ် မဟုတ်လား။”
ဖတ်ရတာ ကောင်းလွန်းလို့ ပြီးသွားမှာတောင် စိုးရတဲ့အထိပဲ။ပါပီယွန့်စာတွေက
ရင်ထဲကို တိုက်ရိုက်ထိတယ်။နူးညံ့တဲ့စကားလုံး များများစားစားမပါဘဲ အဖြစ်အပျက်တွေကို ရင်ထဲထိရောက်အောင် ရေးနိုင်တာ အရမ်းမိုက်တယ်💯🤍