မက္ကဇင်ပါပီရဲ့ထရော်မာများ

( 3 မှတ်ချက်)

6000 (ကျပ်)

စာမျက်နှာ

195 inches

စာအုပ်အရွယ်အစား

5.7 x 0.5 x 8.3 inches

ပုံနှိပ်မှတ်တမ်း

ဝိုင်းမော်၊ 2019 ဇူလိုင်လ (ပထမအကြိမ်)

စျေးနှုန်းအပြောင်းအလဲ

1.10.2022 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 6000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

Out of stock

မက္ကဇင်ပါပီရဲ့ထရော်မာများ အား ဝေဖန်သုံးသပ်မှု 3 ရှိပါသည်။

  1. May Myat Thu

    #ပါပီယွန်
    ဒီစာအုပ်ရော ပါပီယွန် နာမည်ရော ကိုယ့်အတွက် စစိမ်းနေခဲ့တယ်
    ဖတ်နေကျမဟုတ်တဲ့ အရေးအသားမို့ စာအုပ်ကို မာတိကာ ြကည့်လိုက် စာရွက်တွေ ဟိုလှန် ဒီလှန် လှန်လိုက်နဲ့….

    စာအုပ်က ၂အုပ်ပေါင်းထားတာ
    ကိုယ်တော့ ပါပီယွန် နဲ့ ဒီစာအုပ်ကျမှရင်းနှီးဖူးတယ်
    အခန်းတို ဇာတ်လမ်းတိုလေးတွေ ပါပြီး တခန်းနဲ့ တခန်း ရသ မတူဘူး

    တချို့အခန်းတွေ ဖတ်ရင်း ရယ်ရမလို ငိုရမလို ?
    တချို့ဇာတ်လမ်းတွေကျတော့လည်း ဇာတ်နာပြီး သနားဖို့ကောင်းတယ်
    ဇာတ်လမ်းတချို့မှာ တွဲဖက်ဇာတ်လိုက် နာမည်တွေက အဆန်းတွေ (ဖက်တီးတို့ ၊ မာလကာသီး တို့)

    ကိုယ် ဖတ်ရင်း နားမလည်လို့ ၂ ခေါက်ပြန်ဖတ်ခဲ့ရတာ‌ေတွ ၊ တချို့အခန်းတွေဆို ဖတ်ရင်း ဟာတာတာ ြဖစ်သွားတာမျိုး

    ကိုယ့်အတွက်တော့တခါမှ မရဖူးတဲ့ ရသတချို့ ၊ ခံစားမှု တချို့ ရခဲ့တယ်

    ကိုယ်သတ်မှတ်ချင်တဲ့ ပါပီဇာတ်ကောင်ဟာ အမြဲတမ်း ဇာတ်လမ်းတွေမှာ ဟာတာတာရသတွေ ပေးစွမ်းပြီး ရင်ထဲမှာ ဟာတာတာ ကွက်လပ်တခု ဖြစ်စေသူပါ …..

    ကိုယ့်အတွက် စာအုပ်အစိမ်း စကားလုံးအစိမ်း အရေးအသား အစိမ်းတွေ ဖြစ်ခဲ့ပေမယ့် ပေးတဲ့ရသကတော့ တမူထူးလို့ လှပခဲ့ပါပြီလေ …?

  2. Aye Thiri Nyein

    မက္ကဇင်ပါပီရဲ့ထရော်မာများ

    ပါပီယွန်စာအုပ်ကို ပထမဆုံးဖတ်ဖူးတာ
    ထရော်မာများဆိုတဲ့ နာမည်ကြောင့် ဖတ်ဖြစ်တာ..

    နပိုလေယွန်ပါပီဘတ်တဲ့
    နပိုလီယန်အချင်းချင်း ရင်ဘတ်ချင်းတော့ တူခဲ့တယ်..

    ဝယ်လင်တန်ကိုလည်း သတိရမိပါရဲ့..။

    ပြီးတော့ #ဆွမ္မားဆက်မောန်ကိုမုန်းတယ် တဲ့

    ကိုယ်လည်း မုန်းမိပါတယ်..

    မမျှော်လင့်သင့်တာကို မျှော်လင့်မိတဲ့ ကိုယ့်ကိုလည်းမုန်းမိပါတယ်..

    အဲဒါဖတ်ပီးတော့ အကြာကြီးငြိမ်သွားတယ်..
    ဘာဆက်တွေးရမှန်းမသိပဲနဲ့ပေါ့..

    ပါပီယွန်က အတွေ့အကြုံများတဲ့သူငယ်ချင်းလိုပဲ..
    သူငယ်ချင်းရဲ့ဘဝထဲမှာ အံ့အားသင့်ရ တိုက်ဆိုင်တာရှိရင်ဝမ်းနည်းလိုက်ရ ပျော်လိုက်ရ

    ကိုပါပီတွေးချင်ရာတွေးပြီး ဝေးပစ်ခဲ့လို့ ဆွေးနေရတာ နန်းမေမေကြည်မဟုတ်ပဲ ကိုယ်ပဲဖြစ်နေတယ်ကွယ်..

  3. Kyaw Zin Aung

    ပါပီယွန်ရဲ့ထရော်မာများစာအုပ်ကိုသူငယ်ချင်းတစ်ယောက် ဖတ်ကြည့်ပါလားဆိုလို့ဖတ်ကြည့်တာ။ အခန်းတစ်ခန်းမှာ ရီလိုက်ရ။ နောက်တစ်ခန်းကြေကွဲရ။ နာကြည်းလိုက်ရ။ ဝမ်းသာလိုက်ရ။ စုံနေတာပဲ။ “…….ဘဝမှာအများကြီးသိဖို့ မလိုဘူး ကိုယ်သိတာလေးကို များများခံစားတတ်ဖို့လိုတယ်……”

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ပါပီယွန် စာအုပ်များ