ဂွတ်ဘိုင် ဘလတ်ဒီးမေရီ

( 3 မှတ်ချက်)

3000 (ကျပ်)

စာအုပ်အရွယ်အစား

5.1 × 0.5 × 7.4 inches

စာမျက်နှာ

182

ပုံနှိပ်မှတ်တမ်း

ဝိုင်းမော်စာပေ၊ 2020 အောက်တိုဘာလ (ပ-အကြိမ်)

2 in stock

ဂွတ်ဘိုင် ဘလတ်ဒီးမေရီ အား ဝေဖန်သုံးသပ်မှု 3 ရှိပါသည်။

  1. Zin Mee Mee Htun (@Readbychal)

    ဆရာပါပီယွန်ကို ချယ် စသိခဲ့ရတာက “ပယ်ရီပယ်ရီချစ်ကန်း” စာအုပ်လေးမှာပါ။ အိမ်ပြေးဂစ်တာတို့၊ ပဲနွယ်ကုန်း၌ ကွယ်လွန်သည်တို့၊ ငုံးအိမ်ကျူလတို့ပေါ့။ အမှန်အတိုင်းပြောရရင် အခုထိ ကျွန်တော် ဆရာရဲ့ စာအုပ်ဖတ်မိတာ ၂အုပ် ၃အုပ်ပဲ ရှိသေးတယ်။

    ဆရာညီပုလေးပြောသလိုပြောရရင် ဆရာက ပညာစုံတယ်၊ ဘဝစုံတယ် ။ ဒီတော့ ဆရာ့စာတွေ က သူကျင်လည်ကြုံတွေ့ခဲ့ရတဲ့ ဘဝအကြောင်း ၊ ပတ်သက်ခဲ့ဖူးတဲ့လူတွေရဲ့အကြောင်း၊ ကျွန်တော်တို့ ဖြတ်သန်းနေရတဲ့ လူ့လောကကြီးအကြောင်းကို ထင်ဟပ်နေတယ်လို့ဆိုချင်ပါတယ်။ အခုလည်း ဆရာနောက်တစ်အုပ်ထပ်ထွက်တယ်။ “ဂွတ်ဘိုင်ဘလတ်ဒီးမေရီ”တဲ့။ နာမည်စ ကြားကတည်းက တော်တော်စိတ်ဝင်စားနေခဲ့မိတာ အမှန်။ တစ်ယောက်ကချယ့်ကို ပြောတယ်။ “ဘလတ်ဒီးမေရီ”ဆိုတော့ သရဲအကြောင်း စာအုပ်ထင်နေတာတဲ့။

    ပထမဆုံး ချယ် ဆရာအောင်ခင်မြင့်ရဲ့ အမှာစာ စဖတ်လိုက်တယ်။ အိမ်နဲ့ဝေးတဲ့ ရေခြား မြေခြား သူများတိုင်းပြည်မှာ အလုပ်လုပ်ကြတဲ့ရွေ့ပြောင်းလုပ်သားတွေအကြောင်းတဲ့။ စပြီးစိတ်ဝင်စားသွားပြီ။ ကိုယ်တိုင်းပြည်မှာပဲ ဆားနဲ့စားရစားရ နေပါ့လား၊ ဘာကိစ္စ သူများတိုင်းပြည်ကိုသွားပြီ အနေဆင်းရဲ၊ အစားဆင်းရဲနေနေကြရတာလဲလို့ ပြောသူတွေပြောကြပါလိမ့်မယ်။ အဲလိုပြောနိုင်တဲ့သူတွေ အားလုံးရော တကယ် ဆားနဲ့ပဲ စားနေကြတာ ဟုတ်လို့လားဗျာ။ စာမျက်နှာ ၅၇ မှာ ဆရာပါပီ က ပြောထားတယ် “လူက ဆင်းရဲလွန်းတဲ့အခါ သေခြင်းတရား ကိုတောင် ပျက်ရဲပြုရဲတာပဲ” တဲ့။ ကိုယ့်အတွက် ၊ ကိုယ့်ဘဝအတွက် ၊ ကိုယ်ထောက်ကန်ထားရတဲ့ ကိုယ့်မိသားစုအတွက် ပိုကောင်းလာပါစေတော့ဆိုတဲ့ မျှော်လင့်ချက်ကို ရင်ဘတ်မှာ အကြေအလည် ဆုပ်ကိုင်ပြီး စွန့်ခဲ့ကြရတာပါ။

    WP လို့ခေါ်တဲ့ Work Permit လေးကိုင်ပြီး အလုပ်လုပ်ဖို့ ရန်ကုန်ကနေ စင်ကာပူဆိုတဲ့ မြို့တော် ကြီးကို ရောက်လာခဲ့တဲ့ အသက် (၂၀) ကျော်အရွယ် တိုင်းရင်းသားကောင်လေးတစ်ယောက်။ လုပ်ရတာက အလုပ်ကြမ်း၊ ရတဲ့ ပိုက်ဆံနဲ့ လုပ်ရတဲ့အလုပ်နဲ့က ဘယ်လိုမှမတန်။ ဒီကြားထဲ တစ်ချိန်လုံး ဆဲဆိုကြိမ်းမောင်းနေတတ်သော လူမဆန်သည့် အလုပ်ရှင်တရုတ်တွေ။ ခေါင်းပုံဖြတ်တယ်၊ ဂုတ်သွေး စုပ်တယ်ဆိုတာတွေက အဲဒီမှာ လယ်ပြင် ဆင်သွားသလိုမျိုး လုံးဝ ထင်းထင်းကြီးပေါ့။

    နောက်ပိုင်း တဖြည်းဖြည်းနဲ့ နီယွန်မီးတိုင်တွေရဲ့ အလင်းရောင်အောက်မှာ “ကျွန်တော် အိမ်ပြန် ချင်ပြီအဖွားရယ်” လို့ တိုင်တည်ပြီး တရားမဝင် Over-stayed(ဝလုံး) ဘဝရောက်နေရတဲ့ အဲဒီ ကောင်လေးဟာ တိတ်တဆိတ် ငိုကြွေးနေတတ်ခဲ့ရှာပြီ။ နောက် ထိုကောင်လေးလို အလုပ်လာလုပ်သူတို့ရဲ့ မဆုံးနိုင်လှတဲ့ ဒုက္ခတွေ။ ပြည်ကြီးတရုတ် ၊ ဘင်္ဂလားကုလား ၊ ဗမာ အစုံပါပဲ ။ လူအုပ်လိုက်ကြီး ရေလွှတ်ပေးတဲ့ ပိုက်လိုင်းကြီးတွေထဲကနေ အချိတ်အဆက်နဲ့ တစ်နိုင်ငံနဲ့တစ်နိုင်ငံအကြားကို အသက်လုပြီး အပြေးအလွှား ကူးကြသန်းကြရတာတွေ၊ လူ့အောက်ကျတဲ့အလုပ်တွေလာလုပ်တဲ့သူတွေဆိုပြီး ဆယ်ပြားမတန်အောင်ကြည့်တဲ့ အကြည့် တွေကြားမှာ သိမ်ငယ်စိတ်နဲ့နေကြရတာတွေ ၊ တကယ့် ပြင်းထန်လွန်းတဲ့ လူမျိုးရေးခွဲခြားမှုကြီး ဖြစ်ပျက်နေတော့တာပေါ့။

    အဲဒီမှာ ဖတ်နေရင်းနဲ့ ဘာသွားတွေ့လဲဆိုတော့ ဒုက္ခရောက်နေသူအချင်းချင်းကူညီတတ်တဲ့ လူသားဆန်သော၊ အမိမြန်မာနိုင်ငံသားပီသသော စိတ်ထားပိုင်ရှင်လေးတွေ သွားတွေ့ရတယ်။ “ဟေ့ကောင် မင်း ဗမာမဟုတ်လား၊ မောင်လေး ဗမာမဟုတ်လား”ဆိုတဲ့ အသံပိုင်ရှင်လေးတွေပေါ့။
    နောက် လူမျိုးမတူ ၊ ဘာသာမတူပေမဲ့ အခက်အခဲတွေ ၊ အသက်လုရတဲ့ အခြေအနေတွေကို အတူတူကျော်ဖြတ်ရင်း ရင်ဘတ်ချင်း နီးခဲ့ကြတဲ့ ဇာတ်ဆောင်ကောင်လေးနဲ့ တရုတ်မလေး မေရီလင်း တို့လို ချစ်သူရည်းစားစုံတွဲတွေ။ ဆရာရေးထားသလို ပြန်ပြောရရင် “ရိုမီယိုနဲ့ ဂျူးလိယက်လို မိုက်ရူးရဲ စိတ်ကူးယဉ်ဇာတ်လမ်းထက်ပိုပြီး အဓိပ္ပါယ်ရှိတဲ့ အချစ်တွေအပြည့်နဲ့ပေါ့။” သူတို့ကြားက အချိန်မရွေးထပေါက်ကွဲနိုင်တဲ့ ဗုံးစနက်တံတစ်ခုလို ဘယ်အချိန်မှာ ရဲက လာ ဖမ်းလို့ ၊ ဘယ်အချိန်မှာများ လူမသိသူမသိ ပျောက်ဆုံးသွားမှာလဲ ဆိုတဲ့ ကြောက်လန့်မှုတွေတော့ ပါသေးတာပေါ့ ။ ☘️☘️

    “ဖတ်လို့ကောင်းလား”လို့မေးလာခဲ့ရင် ဒီလိုပြန်ဖြေချင်တယ်။ စာမျက်နှာ ၂၆ မှာတစ်ခါ ၊ ၄၀ မှာတစ်ခါ ကျွန်တော် မျက်ရည်နှစ်ခါကျပြီးပြီဗျ။ နောက်ဆက်ကျရတာတွေတော့ မရေအားတော့ဘူး။ အာတော့ ခင်ဗျားတို့ ကိုယ့်ဘာသာဆက်တွေးကြည့်တော့။

    အဆုံးထိဖတ်ပြီးတော့ ကျွန်တော်လေ ဆရာပါပီရဲ့ အမှာစာလေးကိုပြန်တွေးတယ်။ မေရီလင်းကို လွမ်းလာတယ်။ ဆရာ့စာအုပ်လေးထဲက အသားဖြူဖြူ တရုတ်နဲ့တူတဲ့ ဗမာကောင်လေး တစ်ယောက်နဲ့အတူ ကျွန်တော် ထပ်ပြီး လိုက်ငိုမိတော့တယ်။ တစ်ဆယ့်ရှစ်နှစ်လုံးလုံး ရင်ဘတ်ထဲမှာ အံကြိတ်ပြီး အော်ဟစ်နေခဲ့တယ်။ “မေရီလင်းရေ………………ငါပြန်မလာနိုင်ခဲ့ဘူးကွာ……….”တဲ့ ??

  2. Kyaw Zin Aung (verified owner)

    ဆရာပါပီယွန် ပထမဦးဆုံးဖတ် ဖူးတာကတော့ မက္ကဇင်ပါပီရဲ့ထရော်မာများစာအုပ်ပဲဗျ။ အရမ်းစာဖတ်စွမ်းရည်ပြည့်ဝတဲ့အထည်းမှာတော့ကိုမပါဘူး ဒါပေမဲ့ ဆရာပါပီယွန် ရဲ့အရေးအသားတွေ အခန်းတစ်ခုပြီးရင်တွေးစရာတွေကျန်ခဲ့. ပြည်ပမှာအလုပ်လုပ်ကိုင်ပုံတွေကို မျက်လုံးထည်းပုံဖော်လို့ရတယ်။ ထရော်မာတဲ့မှာ အခန်းတစ်ခုပါတယ် အချုပ်ကားနဲ့ခေါ်သွားတဲ့အခန်း မှာ မေရီလင်းကိုဖုန်းဆက်တဲ့ နံပါတ်တွေ မမေ့နိုင်ဘူးဗျာ။

  3. Yi Wai Oo

    -ပြည်ပမှာ အလုပ်သွားလုပ်ရတဲ့သူတစ်ယောက်ရဲ့
    ကြုံတွေ့ရတဲ့ အခက်အခဲတွေ

    -ဒုက္ခရောက်နေတဲ့အချိန်မှာ မြန်မာပြည်သားအချင်းချင်း
    ကူညီရိုင်းပင်းတတ်ပုံ သံယောဇဉ်ကြီးပုံ အနစ်နာခံတတ်
    ပုံလေးတွေ

    -ချစ်ခွင့်မရှိတဲ့ အခြေအနေက ချစ်သူနှစ်ယောက်ရဲ့ တစ်
    ယောက်ပေါ်တစ်ယောက် ထားရှိတဲ့ ချစ်ခြင်းမေတ္တာ

    အကြိုက်ဆုံးကတော့ ဒီစာအုပ်လေးထဲက စာရေးဟန်လေး အကြိုက်ဆုံးပဲ စာဖတ်နေရပေမယ် ဘေးနားမှာ တစ်ယောက်ယောက်က လာထိုင်ပြီးဇာတ်ကြောင်းပြောပြနေသလို ခံစားရတယ်

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published.

ပါပီယွန် စာအုပ်များ