Dear Self,
5000 (ကျပ်)
အမှောင်ဆုံးသော နေ့ကို ရောက်နေရင်တောင် မင်းမှာ မျှော်လင့်ချက်ရှိနေပါသေးတယ်။ အရာရာဟာ ကိုယ်လက်လျှော့တဲ့ တစ်နေ့မှ တကယ် အရှုံးပေးလိုက်တာပါ။ အိပ်မရတဲ့ ညတွေ၊ အထီးကျန် ညတွေ၊ရရှိထားတဲ့ ဘဝကို မထိုက်တန်ဘူးလို့ ခံစားနေရသူတွေ အတွက် မိမိကိုယ်ကို ပြန်လည်ခွန်အားပေးဖို့ အကောင်းဆုံး စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ မိမိကိုယ်ကို ပြန်လည်ချစ်ဖို့ အထိုက်တန်ဆုံးပဲဆိုတာကို မူရင်းရေးသားသူ Patience Tamarra က ပြောထားပါတယ်။
“အတိတ်က ဒဏ်ရာတွေကြောင့် နာကျင်နေတဲ့ နှလုံးသားလေးက ခိုင်မြဲတဲ့ မေတ္တာတရားနဲ့ထိုက်တန်ပါသေးတယ်”
လူတစ်ယောက်ဖြစ်လာပြီဆိုရင် ကိုယ့်ကိုကိုယ်ချစ်ဖို့အတွက် သူတစ်ပါးကို ချစ်ပေးနိုင်ဖို့ အမြဲစဥ်းစား နေတတ်ကြပါတယ်။ ကိုယ့်ထက် ပိုချစ်မိနေတတ်တဲ့ အရာတွေကတော့ လက်တွဲဖော်အတွက် ပေးစပ်တဲ့အချစ်မျိုးတွေ၊ ပြီးတော့ ကိုယ့်မိသားစု အတွက် အရာရာကို အနစ်နာခံပြီး ချစ်ပေးနေရတာမျိုးတွေ ကြုံဆုံဖူးကြပါလိမ့်မယ်။
တစ်ခါတရံမှာ ကျနော်တို့တွေဟာ ကိုယ့်ကိုကိုယ်ချစ်ဖို့ မေ့နေတတ်ကြပါတယ်။ ဒီစာအုပ်လေးထဲမှာတော့…ကိုယ့်ကိုကိုယ် ပြန်ချစ်ဖို့ မေ့နေသူတွေ အတွက် ခွန်အားပေး စာစုငယ်လေးတွေနဲ့ ဖော်ညွှန်းပြီး ကိုယ့်ကိုကိုယ် ပြန်ချစ်ဖို့မမေ့အောင် ခွန်အားပေးထားတာကို တွေ့ရပါမယ်။ dear self က ဘဝအတွက် ခွန်အားမဲ့နေရသူတွေအတွက် စိတ်ခွန်အားတွေ ပြန်လည် ဖြည့်စွက်ပေးမယ့် အားဆေးတစ်ခုဖြစ်တယ် လို့ ပြောလို့ရတဲ့ စာအုပ်ကောင်းလေး ၁အုပ်ဖြစ်ပါတယ်။ “မင်းပိုင်တဲ့နေရာလေးထဲမှာ လွတ်လပ်စွာ ရှင်သန်ပါ။”
| စာမျက်နှာ | 154 |
|---|---|
| စာအုပ်အရွယ်အစား | 5.4 x 0.2 x 8.1 inches |
| ပုံနှိပ်မှတ်တမ်း | အိပ်မက်အသစ်စာပေ ၊ 2023 ဒီဇင်ဘာလ(ပထမအကြိမ်) |
4 in stock








ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ