ငါ့ဘဝအတွက် ငါလုပ်နိုင်တယ်

( 2 မှတ်ချက်)

5000 (ကျပ်)

” တက်ကျမ်းလို့ပဲခေါ်ခေါ် ခွန်အားပေးစာစုတွေလို့ပဲခေါ်ခေါ်  စိတ်ခွန်အားပေးနိုင်တဲ့ စာအုပ်တွေက ကျွန်တော်တို့ လူသားမျိုးနွယ်အတွက်တကယ်ပဲ အထူးလိုအပ်ပါတယ် .. ဘာကြောင့်လဲဆိုတော့ လူသားတွေဟာကိုယ့်ဖြစ်တည်မှုနဲ့ ခံစားမှုအပေါ်မှာတိတ်တိတ်လေး ဘယ်သူမှ မသိအောင်ကျိတ်ပြီး ကြေကွဲခံစားစိတ်ဓာတ်ကျနေတတ်သူတွေဖြစ်နေတတ်လို့ပါပဲ .. “ဒါကြောင့် သင့်အနေနဲ့ ဘ၀မှာ လဲပြိုကြတယ် .. မတ်တပ်ပြန်ရပ်ဖို့ အင်အားတွေ လိုနေတယ်ဆိုရင် အခုစာအုပ်နဲ့အတူ ဘ၀ကို အကောင်းဆုံး ပြန်လည်တည်ဆောက်နိုင်မယ်ဆိုတာကတော့ အာမခံပါတယ် ..

ဒီစာအုပ်ထဲမှာ စိတ်ခွန်အားနှင့် တန်ဖိုး ၊ စိတ်၏ယုံကြည်မှု တည်ဆောက်ခြင်းဆိုင်ရာ လေ့ကျင့်ခန်းများကို ပုံလေးများနှင့်တကွ ရိုးရှင်းစွာ ဖော်ပြထားလို့ ဖတ်ရတာ နားလည်လွယ်ကူပြီး အကျိူး တစ်စုံတစ်ရာ ရရှိစေပါလိမ့်မယ်။

စာမျက်နှာ

127

စာအုပ်အရွယ်အစား

5.5× 0.3×8.1 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2023 ဩဂုတ်လ (စတုတ္ထကြိမ်)

19 in stock

ငါ့ဘဝအတွက် ငါလုပ်နိုင်တယ် အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Thiha Htin Kyaw (verified owner)

    ငါ့ဘ၀အတွက်ငါလုပ်နိုင်တယ် – နေထွန်းလင်း
    ( Say yes to yourself by Molly Burford )
    တခါတလေကျရင် ကျွန်တော်တို့ဟာ လူသားတွေဖြစ်တဲ့အလျောက် စိတ်ဓာတ်ကျတာ ၊ ပြိုလဲကျလာတာမျိုးတွေရှိမှာပါ။ကိုယ့်ဖြစ်တည်မှုနဲ့ခံစားမှုတွေအပေါ်မှာလည်း တိတ်တိတ်လေး ဘယ်သူမှမသိအောင် ကြေကွဲခံစားရင်း လောကကြီးကို အရှုံးပေးချင်စိတ်တွေ ဖြစ်တတ်တာမျိုး ကြံ‌ုဖူးကြမှာပါ ။အဲ့လို အခြေအနေ‌ေတွမှာ ကိုယ့်ရဲ့အနားက သူတွေဟာ ကိုယ့်ကို အဖော်ပြုမနေဘဲ ဝေးကွာနေတာမျိုးလည်း ဖြစ်ဖူးကြပါလိမ့်မယ်။
    ဒါပေမဲ့ လူဆိုကတည်းက တစ်လုံးတည်း တစ်ဦးတည်း တစ်ယောက်တည်းကိုသာ ကိုယ်စားပြုလို့ ကိုယ့်ဘ၀အတွက် ကိုယ့်ကိုကိုယ်ဘဲ အားကိုးရမှာပါ။ အဲ့လိုအချိန်တွေမှာ ပြန်ပြီးရပ်တည်နိုင်ဖို့ နည်းလမ်းတွေထဲမှာ စာဖတ်ခြင်းနဲ့‌ေလ့လာတာကတော့ မပါမဖြစ်ပါပဲ။ အကောင်းဆုံးပြန်လည်တည်ဆောက်ဖို့ လိုအပ်ချိန်မှာ ဒီစာအုပ်လေးကို ဖတ်ကြည့်ပေးပါ။
    ” ငါ့ဘ၀အတွက်ငါလုပ်နိုင်တယ် ” စာအုပ်လေးကို ဖတ်ပြီးတော့ ထူးထူးခြားခြား ရိုးရှင်းတဲ့ဘာသာပြန်ဆိုတာကို ခံစားရတယ်။ စိတ်ခွန်အားပေးစာအုပ်ဆိုလို့ လေးပင်မနေဘဲ ရိုးရှင်းပေါ့ပါးတဲ့ စာစုလေးတွေနဲ့ တကယ့်လက်‌ရှိဘ၀မှာ အသုံးချနိုင်တာကို တွေ့ရမှာပါ။
    ဒီစာအုပ်လေးထဲမှာ ကိုယ့်ကိုကိုယ် self care လုပ်ရမဲ့ အကြောင်းအရာတွေ ၊ ကိုယ့်ရဲ့ပုံစံ ဖြစ်တည်မှုအတွက် စိတ်ခွန်အားနှင့် တန်ဖိုးတွေ ၊ ယုံကြည်မှုအတွက် တည်ဆောက်ခြင်းဆိုင်ရာ လေ့ကျင့်ခန်းလေးတွေ ၊ အပေါင်းလက္ခဏာဆောင်စေတဲ့ တိုက်တွန်းမှုလေးတွေကို ရိုးရုိးရှင်းရှင်း ဘာသာပြန်ထားပါတယ်။
    ပုံမှန်အားဖြင့်တော့ ဒီလို ခွန်အားပေးစာစုလို စာအုပ် အမျိုးအစားကို အညွှန်းရေးဖို့ စိတ်ကူး ကျွန်တော့်မှာ ရှိမနေတတ်ပါဘူး ။ စိတ်ခွန်အားအတွက် ရည်ရွယ်တဲ့စာအုပ်ဖြစ်တာမလို့ ပြန်လည်ညွှန်းဆိုဖို့ထက် ကိုယ့်စိတ်အတွက် ပြန်ပြီး တွေးယူရင်း ဖတ်လိုက်တာကိုပဲ သဘောကျတာပါ။(ကျွန်တော့်ရဲ့အတွေးတစ်ခုမျှသာ)
    ဘာလို့ညွှန်းလဲမေးရင် စိတ်ခွန်အားရဖို့ဆိုတာထက် ကိုယ့်ဘ၀အတွက် ပေါ့ပါးရိုးရှင်းတဲ့ ဆိုလိုရင်းလေးတွေပါတာကြောင့် သဘောကျလို့ ဖတ်ကြည့်စေချင်ပါတယ်။ စာအုပ်ရဲ့ မူရင်းနာမည်က ” Say yes to yourself” ပါ။ ဒီဘက်ခေတ် စာရေးဆရာမတစ်ယောက်ဖြစ်တဲ့ Molly Burford က ရေးသားထားတာပါ။ စာအုပ်ခေါင်းစဉ်လိုပဲ ကျွန်တော်တို့ ကိုယ့်ကိုကိုယ် ” Yes ” ငါလုပ်နိုင်ပါတယ် လို့ ပြန်ပြောဖို့ လိုအပ်ပါတယ်။
    – Review by August –
    ပထမအကြိမ်
    ထုတ်ဝေသည့်ခုနှစ် – ၂၀၂၂ခုနှစ် နို၀င်ဘာလ
    စာအုပ်တန်ဖိုး – ၄၀၀၀ကျပ်
    မျက်နှာဖုံးဒီဇိုင်း – ပိုင်နိုင်အောင်
    စာမျက်နှာ – ၁၂၇
    #ငါ့ဘ၀အတွက်ငါလုပ်နိုင်တယ်
    #Sayyestoyourself
    #Saryeikmyaingsarpay

  2. Aeri Myat (verified owner)

    ဒီနေ့ ဖတ်ဖြစ်တဲ့ စာအုပ်လေးကတော့ ဆရာ “နေထွန်းလင်း”ရဲ့
    “ငါ့ဘဝအတွက် ငါလုပ်နိုင်တယ်”
    ဆိုတဲ့ မြန်မာပြန် စာအုပ်လေးပါ။

    မူရင်း ရေးသားသူ
    “MOLLY BURFORD” ဖြစ်ပြီး
    စာအုပ်နာမည်က “SAY YES TO YOURSELF” ဖြစ်ပါတယ်။

    စိတ်ခွန်အားပေး စာအုပ်လေးမို့
    နှစ်သစ်အစမှာ ဖတ်ရတာ ပိုပြီး
    အဓိပ္ပါယ်ရှိတယ်လို့ ခံစားရပါတယ်။

    ကိုယ့်ရဲ့ဘဝမှာ ကောင်းတဲ့ အရာတွေ ဖြစ်လာစေချင်ရင် “Positive Affirmation” လေးတွေကို
    နေ့စဥ် နေ့တိုင်း ကိုယ့်အတွက်ကိုယ်
    ပြောပေးဖို့လည်း လိုအပ်ပါတယ်။

    ဥပမာအားဖြင့် ပြောရမယ်ဆိုရင်…

    “ငါဟာ ထိုက်တန်သောသူ ဖြစ်တယ်။”

    “ငါ့ကိုယ်ငါ ယုံကြည်မှု ရှိတယ်။”

    “ငါဟာ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်ဝနေတဲ့ သူတစ်ယောက်ဖြစ်တယ်။”

    ဒီလို စကားလေးတွေ…စာအုပ်ထဲမှာ
    ရေးသား ဖော်ပြထားတာမို့ လေ့ကျင့်
    ပြီး ပြောကြည့်လို့ ရပါသေးတယ်။

    “ကိုယ့်ဘဝအတွက် ကိုယ်အလုပ်လုပ်ပါ”

    တခြားသူ အမြင်ထက်
    ကိုယ် ခံစားရတဲ့ ခံစားချက်ကသာ
    အရေးကြီးဆုံးမို့ ကိုယ် တကယ်
    ပျော်ရွှင်တယ်ဆိုတဲ့ အရာတွေကိုသာ
    လုပ်ဖို့လိုပါတယ်။✨️

    “ယုံကြည်မှူကို ရှုသွင်းပြီး
    သံသယတွေကို ရှုထုတ်လိုက်ပါ”

    ဒီစိတ်လေ့ကျင့်ခန်းလေးကိုတော့
    လုပ်ကို လုပ်ရမယ်လို့ တွေးမိတယ်။

    စိတ်မပျော်ရတဲ့ အချိန်ကာလတွေမှာ
    ပိတ်မိပြီး အဆိုးမြင်စိတ်ဘက် ဦးတည်နေတဲ့ ကိုယ်အတွက်တော့ တကယ်ကို
    စိတ်သက်သာရာ ရစေတဲ့ နည်းလမ်းကောင်းလေး တစ်ခု ဖြစ်နေလို့ပါပဲ။

    အဆုံးသတ် ပြောရရင်တော့….

    စိတ်နေစိတ်ထားဟာ အရာအားလုံးပါပဲ။

    စိတ်ခွန်အားပေး စာအုပ်တွေဖတ်ရတာ သဘောကျ နှစ်သက်တဲ့သူတွေ အတွက် ဒီစာအုပ်လေးကိုလည်း ရွေးချယ်
    ဖတ်ကြည့်စေချင်ပါတယ်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

နေထွန်းလင်း စာအုပ်များ