ကမ္ဘာကျော်သက်သေ(GUCCI ကုမ္ပဏီဖြစ်တည်မှုအပေါ် သမီးဖြစ်သူ၏ မှတ်တမ်း)
6000 (ကျပ်)
ကမ္ဘာအနှံ့ သွားလာနေခဲ့တဲ့၊ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဟာ မြောက်မြားလှတဲ့ ဝန်ထမ်းတွေကို ပဲ့ကိုင်မောင်းနှင်လာခဲ့ပါလျက် သူ့သားတစ်ယောက်နဲ့ ငယ်သားတစ်ချို့ရဲ့ သစ္စာဖောက်မှုကြောင့် လဲကျ ရှုံးနိမ့်ရတယ်ဆိုတာ ယုတ္တိတန်တယ်ပြောဖို့ ခက်ပါတယ်။ ဒါပေမဲ့ အမှန်တရားပါပဲ။
ကမ္ဘာကျော် အမှတ်တံဆိပ် Gucci ကို တည်ထောင်သူ အရပ်မြင့်မြင့်၊ မျက်လုံးပြာပြာသွယ်လျလျနဲ့ အီတလီ အမျိုးသား တစ်ယောက်ဟာ တစ်နေ့မှာတော့ သူမြေတောင်မြှောက်ပေးခဲ့တဲ့ သားတွေထဲက တစ်ဦးနဲ့ ဆွေမျိုးငယ်သားဝန်ထမ်းတချို့ တို့ကြောင့် ကုမ္ပဏီကိုလက်လွှတ်လိုက်ရပြီး အရှုံးတွေနဲ့ ဘဝနိဂုံးချုပ်ခဲ့ရပါတယ်။ သူက ဒေါက်တာဂူချီပါ။ သူ့မှာ ချစ်တတ်တဲ့ နှလုံးသား မရှိခဲ့လို့ အခုလိုမျိုး ရင်ဆိုင်ရတာလားဆိုတော့မဟုတ်ပါဘူး။ တကယ်တော့ သူ့ရဲ့ စိတ်ကူးယဉ်ဆန်လှတဲ့ အချစ်ဇာတ်လမ်း တစ်ပုဒ်ဟာ တစ်ချက်ကလေးမှ မအားလပ်ခဲ့တဲ့ အလုပ်တွေ ကြားထဲကနေ ရှားပါးလှတဲ့အချိန်ကလေးတွေထဲမှာ ရှင်သန်နေခဲ့ပါတယ်။
ကမ္ဘာ့စီးပွားရေးလောကကို ထိုးဖောက်လာဖို့အတွက် မြင့်မြတ်တဲ့မျိုးရိုးအစား ဧည့်ကြိုကောင်လေးတစ်ယောက်ကနေ စတင်စီးဆင်းလာခဲ့တဲ့ ကမ္ဘာကျော်အမှတ်တံဆိပ် ကိုလည်း အလ်ဒိုဂူချီဟာ မြတ်နိုးစွာ တွယ်ဖက်ခဲ့ပါတယ်။ သူ့ရဲ့ သတင်းဆိုးတွေနဲ့အတူ ရွှေပလ္လင်ထက်က ကျရှုံးခန်းအကြောင်းကိုသာ သတင်းစာတွေမှာ ဖော်ပြခဲ့ကြပေမဲ့ အခြားသော ဘဝစာမျက်နှာ တွေထဲက စစ်မှန်တဲ့ သူ့အကြောင်းတွေကိုတော့ အနီးဆုံးလူတစ်ယောက်က ဖော်ထုတ်ခဲ့ပါတယ်။ ဒါတွေကို ဒီစာအုပ်မှာ စိတ်ဝင်စားဖွယ်ရာ ဖတ်ရှုကြရပါမယ်။
စာမျက်နှာ | 188 |
---|---|
စာအုပ်အရွယ်အစား | 5.5 x 0.3 x 8.1 inches |
ပုံနှိပ်မှတ်တမ်း | အိပ်မက်အသစ်စာပေ ၊ 2023 ဩဂုတ်လ ၊ (ပ – ကြိမ်) |
6 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ