ရွှေလက်တွဲမြဲစေဖို့

( 0 မှတ်ချက်)

5000 (ကျပ်)

🔹️New York Times Bestseller ဖြစ်တဲ့ စာရေးဆရာ Gary Chapman ရဲ့ Things I Wish l’d Known Before We Got Married ဆိုတဲ့ စာအုပ်လေးကို ဆရာနေထွန်းလင်းက ဘာသာပြန်ထားတာပါ။ လက်မထပ်ခင် သိထားသင့်တဲ့ အကြောင်းအရာလေးတွေပါ။ လက်မထပ်ခင်ဆိုပေမယ့် ချစ်သူရည်းစားဘဝကတည်းက ဒီစာအုပ်ထဲက အကြောင်းအရာ လေးတွေကို သိထားမယ်ဆိုရင် စုံတွဲအချင်းချင်းကြားမှာ ပိုပြီးနားလည်မှု ရရှိနိုင်ပြီး ရွှေလက်တွဲမြဲစေမှာပဲ ဖြစ်ပါတယ်။

🔹️သာယာတဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ဖို့အတွက် အချစ်တစ်ခုတည်းက မလုံ လောက်ပါဘူး။ သူနဲ့ကိုယ်နဲ့က တအားချစ်ကြတာ …ဘဝတစ်ခုကို အတူတည် ဆောက်လို့ ရမှာပဲ လေဆိုတဲ့ logic တစ်ခုတည်းနဲ့ဆို သေချာပါတယ်..သင်တို့ရဲ့ အချစ်ခရီးက ဖြောင့်ဖြူး နေဖို့ မလွယ်ပါဘူး။ တစ်ကယ် တော့ ချစ်သူရည်စားဘဝနဲ့ လက်ထပ်ပြီးတဲ့ ဘဝတွေဟာ တစ်ကယ်ကွာခြားပါတယ်။ အိမ်ထောင်ပြုလိုက်ပြီးမှသာ နှစ်ကိုယ်တူဘဝကို အတူတည်ဆောက်ရတာပါ။ ညှိနှိုင်းရခြင်းတွေ၊ နားလည်ပေးရခြင်းတွေ ၊ သူ့ဘက်ကိုယ့်ဘက် မျှ ခြေညီအောင်နေထိုင်ရခြင်းတွေနဲ့ သိပ်ခက်ခဲပါတယ်။

🔹️ချစ်သူရည်းစားလည်းမရှိ၊ ချက်ချင်းမင်္ဂလာထဆောင်မယ့် အခြေအနေမျိုးလည်း မရှိသူတွေအတွက် ဒီစာအုပ်က တစ်ကိုယ်တည်းသမားဘဝကနေ အိမ်ထောင်သည်ဖြစ်သွားစေဖို့ ပုံသေနည်းပါပဲ။ တွဲနေပြီ၊ ဒါပေမယ့် မစေ့စပ်ရသေးတဲ့ စုံတွဲတွေအတွက်တော့ လက်ထပ်သင့်/မသင့်နဲ့ ဘယ်အချိန်မှာ လက်ထပ်ခွင့်တောင်းသင့်လဲဆိုတာကို ဆုံးဖြတ်ရာမှာ ဒီစာအုပ်က ကူညီပေးပါလိမ့်မယ်။ စေ့စပ်ပြီးသားစုံတွဲတွေအတွက်တော့ ခိုင်မြဲတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ စွမ်းရည်တွေကို ဒီစာအုပ်က ပို့ချပေးပါလိမ့်မယ်။

စာမျက်နှာ

120

စာအုပ်အရွယ်အစား

5 x 0.2 x 7.1 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2024 ဖေဖော်ဝါရီလ (ပထမအကြိမ်)

16 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ရွှေလက်တွဲမြဲစေဖို့” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

နေထွန်းလင်း စာအုပ်များ