အောင်ပွဲယူတတ်ခြင်းပညာ
21000 (ကျပ်)
ရိုးရိုးရှင်းရှင်း အနိုင်ရတာထက် ပိုနက်ရှိုင်းပြီး စစ်မှန်တဲ့ “အောင်ပွဲ” ကို ဘယ်လိုဖန်တီးရမလဲဆိုတဲ့ လမ်းညွှန်ချက်တွေ အပြည့်အဝပါဝင်နေတာအဖိုးတန်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ကိုယ့်ဘဝမှာဖြစ်ဖြစ်၊ အလုပ်မှာဖြစ်ဖြစ်၊ ဘယ်နေရာမှာမဆို အောင်မြင်ချင်တယ်ဆိုတဲ့သူတိုင်း ဖတ်သင့်တဲ့ စာအုပ်မျိုးလို့ ပြောလို့ရပါတယ်။
ကမ္ဘာကျော် ရပ်ဘီကစားသမား Dan Carter ရေးထားတဲ့ “The Art of Winning” ဆိုတဲ့ စာအုပ်လေး ဖြစ်ပါတယ်။ နာမည်ကြားတာနဲ့ကို စိတ်ဝင်စားစရာကောင်းနေပြီ မဟုတ်လား?
ဒီစာအုပ်က Dan Carter ရဲ့ ကိုယ်တွေ့အတွေ့အကြုံတွေ၊ သူဘယ်လို ကြိုးစားခဲ့ရတယ်၊ ဘယ်လိုအောင်မြင်ခဲ့တယ်၊ ဘယ်လို ကျရှုံးမှုတွေကို ရင်ဆိုင်ပြီး ဘယ်လို ပြန်ထခဲ့ ရတယ် ဆိုတာတွေကို ပွင့်ပွင့်လင်းလင်း ရေးပြထားတာပါ။ သူ့ရဲ့ ကိုယ်တွေ့ဇာတ်လမ်းတွေ၊ ကြုံခဲ့ရတဲ့ ပျော်ရွှင်စရာတွေ၊ စိတ်ပျက်စရာတွေ၊ ဒဏ်ရာတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကို ရိုးရိုးသားသားပဲ ပြောပြထားတာပါ။ သူ့ရဲ့ ဇာတ်လမ်းတွေကို ဖတ်ရင်း သူ့နေရာမှာ ကိုယ်တိုင် ဝင်ခံစားရသလိုပါပဲ။ ဒီလိုအတွေ့အကြုံတွေက စိတ်ဓာတ်ခွန်အားတွေ အများကြီးပေးနိုင်ပါတယ်။
“အောင်ပွဲယူတတ်ခြင်း ပညာ” ဆိုတဲ့နာမည်အတိုင်းပါပဲ။ဘယ်လိုလုပ်ရင်အမြဲတမ်းနိုင်မလဲဆိုတာချည်း ပြောနေတာ မဟုတ်ပါဘူး။ တကယ်တမ်း “အောင်ပွဲ” ဆိုတာ ဘာလဲ? ကြိုးစားမှုတွေ၊စိတ်ဓာတ်တွေ၊ အသင်းလိုက်လုပ်ဆောင်မှုတွေနဲ့ ခေါင်းဆောင်မှုတွေက အောင်မြင်မှုကို ဘယ်လိုဖန်တီးပေးလဲဆိုတာကို နက်နက်နဲနဲ ရှင်းပြထားတာတွေ့ရပါလိမ့်မယ်။
သူ့ရဲ့ရေးသားဟန်က စိတ်ဓာတ်တက်ကြွစေပါတယ်။ စာဖတ်ပြီးသွားရင် “ဪ၊ ငါလည်း ကြိုးစာရင် ရနိုင်တာပဲ” ဆိုတဲ့ အတွေးမျိုး ဝင်လာမှာ သေချာပါတယ်။ အကောင်းဆုံး ဖြစ်ဖို့ ဘယ်လောက်အထိ ရုန်းကန်ရတယ်၊ ဘယ်လို ဆက်လျှောက်လှမ်းရတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်သာစေပါတယ်။
Dan Carter ရဲ့ ကိုယ်ပိုင်ဇာတ်လမ်းတွေနဲ့ ထိုးထွင်းသိမြင်မှုတွေကို စိတ်ဝင်စားဖွယ်၊ စိတ်အားတက်ဖွယ် ဖတ်ရှုကြရမယ့် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
===
ယခုစာအုပ် The Art of Winning က Dan Carter ရဲ့ ကိုယ်တွေ့ဘဝက စစ်မှန်တဲ့ အောင်မြင်ခြင်းရဲ့အနက်ကို ရင်းနှီးနားလည်စေတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ကြိုးစားမှု၊ စိတ်ဓာတ်တည်ကြည်မှု၊ ပြန်ထမြောက်နိုင်စွမ်း ဘယ်လိုအသက်သွင်းပြီး အောင်မြင်တဲ့လမ်းကိုဖန်တီးသလဲဆိုတာတွေကို တင်းတင်းကျပ်ကျပ် ပြသထားတာကြောင့် ဘဝမှာ လဲကျတတ်သူ၊ အလုပ်မှာ တိုးတက်ချင်သူ၊ အောင်မြင်မှုကို အားတက်အောင်ဖန်တီးချင်သူတိုင်း ဖတ်သင့်ပါတယ်။
| စာမျက်နှာ | 304(Woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.5. x 0.5 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | အိပ်မက်အသစ်စာပေ ၊ 2025 နိုဝင်ဘာလ (ပထမအကြိမ်) |
4 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ