လူကဲခတ်ခြင်း အတတ်ပညာ
17500 (ကျပ်)
တခြားသူတွေရဲ့ စိတ်ကို အလိုလိုနားလည်နိုင်တဲ့ သူတစ်ယောက်ကို သင်တွေ့ဖူးပါသလား။ သူတို့ဟာ လူတွေဘယ်လိုအလုပ်လုပ်တယ်၊ ဘာကြောင့် ဒီလိုပြုမူတယ်ဆိုတာကို ပင်ကိုယ်ဗီဇအရ သဘာဝအတိုင်း နားလည်နိုင်စွမ်းရှိသလို တစ်ခါတစ်လေဆို လူတွေဘာပြောမယ်၊ ဘယ်လိုခံစားရမယ်ဆိုတာကိုတောင် ကြိုတင်ခန့်မှန်းနိုင်တဲ့အထိပါပဲ။
ဒီလိုလူတွေက တခြားလူတွေ တကယ်နားထောင်အောင် ဘယ်လိုပြောရမလဲဆိုတာ သိတဲ့သူတွေ၊ ဒါမှမဟုတ် တစ်ယောက်ယောက် လိမ်နေတာ၊ ဒါမှမဟုတ် သူတို့ကို လှည့်စားဖို့ ကြိုးစားနေတာကို မြန်မြန်ဆန်ဆန် သိနိုင်တဲ့သူတွေ ဖြစ်တယ်။ တစ်ခါတလေမှာ အဲဒီလိုလူမျိုးဟာ တခြားတစ်ယောက်ရဲ့ စိတ်ခံစားချက်နဲ့ ရည်ရွယ်ချက်တွေကို သိမြင်နားလည်နိုင်တဲ့ အတိုင်းအတာဟာ အဲဒီလူကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် နားလည်နိုင်စွမ်းထက်တောင် ကျော်လွန်သွားနိုင်ပါတယ်။
ဒါဟာ ထူးခြားတဲ့အစွမ်းတစ်ခုလို့ ထင်ရနိုင်ပါတယ်။ သူတို့ ဘယ်လို လုပ်နိုင်ကြတာလဲ။ အမှန်တော့ ဒီအရည်အချင်းဟာ လျှို့ဝှက်ဆန်းကြယ်တဲ့အရာမဟုတ်ဘဲ တခြားကျွမ်းကျင်မှုတွေလိုပဲ လေ့လာသင်ယူပြီး ကျွမ်းကျင်အောင်လုပ်နိုင်တဲ့ အတတ်ပညာတစ်ခုပါ။ တချို့က ဒါကို စိတ်ခံစားမှုဉာဏ်ရည် (Emotional Intelligence) ဒါမှမဟုတ် ရိုးရှင်းတဲ့ လူမှုရေးဆိုင်ရာအသိအမြင်လို့ခေါ်ကြပေမဲ့ တချို့ကတော့ စိတ်ပညာရှင်၊ ဒါမှမဟုတ် စိတ်ရောဂါအထူးကုဆရာဝန်က လူနာအသစ်တစ်ယောက်နဲ့ ပထမဆုံး တွေ့ဆုံမေးမြန်းချိန်မှာ လုပ်ဆောင်တဲ့အရာနဲ့ပိုတူတယ်လို့ မြင်ကြတယ်။ တစ်ဖက်မှာလည်း သင်ဟာ ဒီအရည်အချင်းကို အတွေ့အကြုံရင့်ကျက်တဲ့ FBI အေးဂျင့်၊ အလွတ်တန်း စုံထောက် ဒါမှမဟုတ် ရဲအရာရှိတွေ နှစ်ရှည်လများ အတွေ့အကြုံနဲ့အတူ တိုးတက်လာနိုင်တဲ့ အရည်အချင်းတစ်ခုလို့ မြင်နိုင်ပါတယ်။
ဒီစာအုပ်ထဲမှာတော့ ကျွန်တော်တို့ ကိုယ်တိုင် ဒီအရည်အချင်းတွေကို ဘယ်လို တိုးတက်အောင် လုပ်နိုင်မလဲဆိုတဲ့ နည်းလမ်းအားလုံးကို အသေးစိတ် လေ့လာသွားမှာဖြစ်ပြီး စိတ်ပညာဘွဲ့ရဖို့ ဒါမှမဟုတ် CIA မှာ လေ့ကျင့်သင်ကြားထားတဲ့ စုံစမ်းစစ်ဆေးသူတစ်ယောက်အဖြစ် အတွေ့အကြုံရှိဖို့လည်း မလိုအပ်ပါဘူး။
လူတွေကို ဖတ်ပြီး သူတို့ရဲ့အပြုအမူတွေကို ဆန်းစစ်နိုင်တဲ့အရည်အချင်းဟာ အလွန်တန်ဖိုးရှိတဲ့ အရည်အချင်းတစ်ခုဖြစ်တယ်ဆိုတာ ပြောစရာမလိုပါဘူး။ ကျွန်တော်တို့ဟာ နေ့စဉ်လူတွေနဲ့ အမြဲတမ်း တွေ့ဆုံဆက်ဆံနေရပြီး အောင်မြင်ပြီး သဟဇာတဖြစ်တဲ့ဘဝတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
တစ်စုံတစ်ယောက်ရဲ့ စရိုက်လက္ခဏာ၊ အပြုအမူနဲ့ နှုတ်က မပြောဘဲ ဖော်ပြနေတဲ့ ရည်ရွယ်ချက်တွေကို မြန်မြန်ဆန်ဆန်နဲ့ တိတိကျကျ ဆန်းစစ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ဟာ ပိုပြီး ထိရောက်စွာ ဆက်သွယ်နိုင်မှာဖြစ်ပြီး ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ လိုချင်တာကို ရနိုင်ပါတယ်။
| စာမျက်နှာ | 241 (Woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.6 x 0.5 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | စာပေလမ်း 2025 ၊ စက်တင်ဘာလ(ပထမအကြိမ်) |
Out of stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ