ခေါင်းဆောင်မှုစွမ်းရည် ၉၀

( 0 မှတ်ချက်)

25000 (ကျပ်)

Jo Owen ရေးသားသည့် The Leadership Skills Handbook: 100 Essential Skills You Need to be a Leader စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ ခေါင်းဆောင်မှုဆိုင်ရာ သီအိုရီများအပြင် လက်တွေ့ဘဝတွင် အမှန်တကယ်အလုပ်ဖြစ်သည့်အရာများကို အာရုံစိုက်ကာ အောင်မြင်သော ခေါင်းဆောင်များဖြစ်လာစေရန်အတွက် လိုအပ်သော လက်တွေ့ကျသောလမ်းညွှန်ချက်များ၊ မရှိမဖြစ် စွမ်းရည်များ၊ ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏ အတွေ့အကြုံများ၊ မိမိလိုအပ်ချက်ကို ဆန်းစစ်နိုင်သည့် လေ့ကျင့်ခန်းများဖြင့် ရှင်းလင်းရေးသားထားသည်။

ကမ္ဘာအနှံ့ကခေါင်းဆောင် တစ်ထောင်ကျော်ကို သုတေသနလုပ်ထားတဲ့အပေါ် အခြေခံထားပြီး သီအိုရီမှာတင်မကဘဲ လက်တွေ့မှာပါ အလုပ်ဖြစ်တဲ့နည်းတွေကို ကျစ်ကျစ်လစ်လစ် ရေးထားပါတယ်။ လမ်းညွှန်ထားတာတွေက…

လူတွေအပေါ် ဩဇာညောင်းစေနည်း
ဆုံးဖြတ်ချက်တွေအပေါ် လွှမ်းမိုးစေနည်း
ဝန်ထမ်းတွေ စိတ်အားထက်သန်စေဖို့နဲ့
စီမံခန့်ခွဲဖို့ နည်းလမ်းကောင်းတွေ၊ ရာထူးတိုးစေဖို့ သက်မွေးဝမ်းကျောင်း အလုပ်စီမံခန့်ခွဲဖို့ ဗျူဟာတွေ၊ အကျပ်အတည်းတွေ၊ ပဋိပက္ခတွေကနေ အကျိုးရှိအောင်လုပ်နည်း၊
ခေါင်းဆောင်တစ်ယောက်လို ပြုမူတွေးခေါ်စေနည်း၊ သင့်အဖွဲ့အတွက် ရည်ရွယ်ချက် ချမှတ်ပေးထားတာတွေဖြစ်ပါတယ်။

– ယခုစာအုပ်ကို မကြုံဖူးတဲ့စိန်ခေါ်မှုတွေ နဲ့  စိတ်ဝင်စားစရာကောင်းတဲ့  နိုင်ငံရေးကျွမ်းကျင်မှု ၊ ရုံးတွင်းနိုင်ငံရေး၊ အလုပ်ထဲက နိုင်ငံရေးအကြောင်းတွေ ဖွင့်ချထားတာဖြစ်တယ်.. ရုံးတိုင်းမှာ အထက်နဲ့အောက်၊ ဘေးတိုက်အစောင်းအမြောင်း၊ အတိုက်အခိုက်များအား စာရေးဆရာမှ ဘယ်လိုကျင့်ကြံနေထိုင်ရမယ်ဆိုကို ပြောပြထားတဲ့ အတွက် ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

စာမျက်နှာ

456 (woodfree Paper)

စာအုပ်အရွယ်အစား

5.3× 0.8 × 8.2 inches

ပုံနှိပ်မှတ်တမ်း

ဂျာနယ်လစ်စာပေ၊ 2025 ဒီဇင်ဘာလ (ပထမအကြိမ်)

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ခေါင်းဆောင်မှုစွမ်းရည် ၉၀” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

မျိုးလွင်(MBA) စာအုပ်များ