ဆုံနေရက်နဲ့ လွမ်းလေခြင်း

( 8 မှတ်ချက်)

15000 (ကျပ်)

…

စာမျက်နှာ

424

စာအုပ်အရွယ်အစား

4.8 x 0.5 x 7.2 inches

ပုံနှိပ်မှတ်တမ်း

ဂျူးစာပေ၊2013 ဒီဇင်ဘာလ၊ (ပ-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

21.11.2026 ရက်နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 15000 ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

28 in stock

ဆုံနေရက်နဲ့ လွမ်းလေခြင်း အား ဝေဖန်သုံးသပ်မှု 8 ရှိပါသည်။

  1. Aeri Myat –

    ဆုံနေရက်နဲ့ လွမ်းလေခြင်း💜
    ပိုးတုံးလုံးလေးကနေ လိပ်ပြာလေး ဖြစ်လာတဲ့ ပုံပြင်စာအုပ်လေးကို ရေထဲကနေ ဆယ်ပေးခဲ့တဲ့ ကလေးလေး
    “မောင်သက်ဝေ”
    ကျောက်ဒိုးပစ်၊သားရေကွင်းပစ်၊ပေပေတူးတူးနေတတ်တဲ့ အသက်၇နှစ်ကွာတဲ့ မောင်သက်ဝေလေးကို ငယ်စဥ်ကတည်းက ချစ်ခြင်းမေတ္တာတွေပေးခဲ့တဲ့ မမ”အင်ကြင်းဝေ”
    ချစ်ခြင်း နဲ့ ချစ်ခြင်းမေတ္တာကြားက စည်းကလေးတစ်ကြောင်း၊ မျဥ်းကလေး သားထားခဲ့တာ အင်ကြင်းဝေရဲ့ မေမေ့ကြောင့်လား၊
    အင်ကြင်းဝေ သူကိုယ်တိုင်ရဲ့
    ဂုဏ်သိက္ခာအတွက်လား ဆိုတာကတော့ ကာယကံရှင်သာ အသိဆုံး
    ဖြစ်ပါလိမ့်မယ်။
    စာဖတ်သူ ကျွန်မလည်း မောင်သက်ဝေလိုပြောလိုက်၊မေးလိုက်ချင်တယ် အင်ကြင်းဝေဟာ ချစ်လျှက်နဲ့
    ရင်အကွဲခံပြီး ဘာလို့ကိုယ့်စိတ်ကို
    ကိုယ်ညာနေခဲ့သလဲလို့လေ….။
    မောင်လေ…လိုချစ်တာပါတဲ့။ သူမရဲ့ ချစ်ခြင်းမေတ္တာတွေက အတိုင်းအဆမရှိ မကုန်နိုင်ဖွယ် အမေတစ်ယောက်လို၊ အစ်မတစ်ယောက်လို မောင်သက်ဝေ အနားမှာ အမြဲရှိနေပေးခဲ့သူရယ်ပါ။
    မမနဲ့ နီးချင်လို့ မမအိမ်ရှိတဲ့ ဂုဏ်ရောင်လမ်းက ပွဲရုံတွေမှာ ကူလီ၊စာရေး လာလုပ်တဲ့ မောင်၊ လာဗင်ဒါပန်းတွေ
    သဘောကျတဲ့ မမအတွက် တကယ်ကို လာဗင်ဒါ ပန်းခင်းကြီးထဲ ရောက်အောင်စေခဲ့တဲ့ မောင်၊ သူ့ဘဝသူလည်း မြင့်မားလာအောင် ထိန်းကျောင်းနိုင်ခဲ့တဲ့ မောင်…။
    အင်ကြင်းဝေသာ သူ့စိတ်သူ လက်ခံပေးလိုက်ရင် ကြည်ကြည်နူးနူး အဆုံးသတ်လေးတစ်ခုကို ဖတ်ရလောက်လေမလားလို့ တွေးမိလိုက်ပါတယ်။
    အဲ့ဒီတုန်းက
    “ပုဆိုးဖြူ မှန်ကူကွက်
    မနက်လည်းခြုံ ညလည်းခြုံ
    ခြုံနေရက်နဲ့ ချမ်းလေခြင်း၊
    မိနဲ့မောင်မှာ
    မနက်လည်းဆုံ ညလည်းဆုံ
    ဆုံနေလျက်နဲ့ လွမ်းလေခြင်း။”
    လွမ်းကျန်ရစ်ခဲ့တာတောင်မှ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အပြစ်မဆိုသာဘဲ သနားနေမိတာပါပဲ။
    နှလုံးသားထက် ဦးနှောက်က ပိုပြီးအားကြီးခဲ့ပုံရပါတယ်။ လူအဖွဲ့အစည်းက သတ်မှတ်ထားကြတဲ့
    စည်းတွေ၊ဘောင်တွေ၊ဂုဏ်သိက္ခာတွေနောက်က ဖျောက်ဖျက်လိုက်ရတဲ့ ချစ်ခြင်းမေတ္တာတွေအတွက်တော့ စိတ်မကောင်းဖြစ်မိပါတယ်။
    ဆရာမဂျူး စာအုပ်ဆိုတဲ့အတိုင်း
    တစ်အုပ် တစ်ပုဒ်ဆိုသလို ရင်ထဲကျန်ခဲ့လိုက်ပုံများ….တကယ်ကို သဘောကျမိပါတယ်။

  2. Aung Myo Thaw –

    ဂျူးရဲ့ ဝတ္ထုတွေထဲမှာ အနှစ်သက်ဆုံးပါ။
    နောက်တစ်ခါ ထပ်မဖတ်နိုင်အောင် ထပ်မဖတ်ရက်အောင် ကောင်းလွန်းလှပါတယ်။
    ရင်ထဲ စူးနစ်ထိရှလိုက်ပုံများ ပြောမတတ်နိုင်အောင်…

  3. yoon –

    မမမှာ မောင်သက်ဝေကို ငြင်းပစ်စရာ အချက်တွေ ခိုင်လုံကြောင်း အထပ်ထပ် ဖတ်မိလေ သေချာလေပဲ
    ကျိုးကြောင်းဆီလျော်တဲ့ ၀တ္ထုတစ်ပုဒ်ပါပဲ
    ဖတ်ရတာ လွမ်းစေပြီး လာဗင်ဒါပန်းခင်းထိ ခေါ်သွားခံရတာကတော့ တကယ်ကောင်းတဲ့အတွေ့အကြုံပါပဲ

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဂျူး စာအုပ်များ