ငြိမ်သက်ခြင်းမှာအေးချမ်းပါစေ

( 0 မှတ်ချက်)

13000 (ကျပ်)

‎‎ဒီစာအုပ်လေးကို ကိုင်ထားတဲ့အချိန်မှာ သင့်အနေနဲ့ ဘဝကို မောပန်းနေတာ၊ စိတ်ကုန်နေတာ၊ စကားမပြောနိုင်လောက်အောင်ကို လေးလံနေတယ်ဆိုရင် ဒါလေးတော့သိစေချင်ပါတယ်။ ‎အနားယူနေချိန်မှာတောင် မနားနိုင်တဲ့အတွေးတွေ များလွန်းတယ်။အချိန်တော်တော်ကြာ ထမ်းပိုးခဲ့ရလို့ ပင်ပန်းနေတာ ဖြစ်နိုင်တယ်။ထုတ်ဖော်ပြောပြဖို့ထက် နားထောင်ပေးခဲ့ရတာတွေ ပိုများခဲ့တာ ဖြစ်နိုင်တယ်။ ‎တာဝန်တွေ၊ ခံစားချက်တွေ၊ မပြောဖြစ်ခဲ့တဲ့ ဒဏ်ရာတွေကို ဘယ်သူမှ မမြင်ဘဲ သယ်ဆောင်နေရတာကြောင့် ဖြစ်နိုင်တယ်။ လူတွေအပြည့် သွားလာလှုပ်ရှားနေတဲ့ ပတ်ဝန်းကျင်မှာ ကိုယ်တစ်ယောက်တည်း လမ်းလျှောက်နေရသလို ခံစားနေရတာလည်း ဖြစ်နိုင်ပါတယ်။

‎ဒီစာအုပ်လေးဟာ ‎ခဏတာ ရပ်နားစရာ နေရာတစ်ခုပါပဲ။ ‎ထိုင်နားလို့ရတဲ့ နေရာတစ်ခု။‎ကမ္ဘာကြီးရဲ့ဆူညံသံတွေကြောင့် ကိုယ့်အသံကိုကိုယ်မမှတ်မိတော့တဲ့နေ့တွေမှာ ဒီစာအုပ်ရဲ့စာမျက်နှာလေးတွေက ဖိအားမရှိဘဲ၊ နူးညံ့ကြင်နာစွာ နားထောင်ပေးနိုင်ဖို့၊ အကူအညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ‎ဘဝကိုတိတ်တိတ်လေး ဆက်လျှောက်နေတဲ့သူတွေအတွက်ပါ။ ဘဝကို ပိုပြီး ငြိမ်သက်အေးချမ်းချင်သူတွေ အတွက်ပါ။ နာကျင်မှုကိုထိန်းထားပြီး အပြုံးတွေကို လက်မလျှော့တဲ့သူတွေ အတွက်ပါ။ဘယ်သူမှ လက်ခုပ်လာမတီးပေးတဲ့ ကုစားခြင်းခရီးစဉ်မှာ လျှောက်လမ်းနေသူတွေ အတွက်ပါ။

‎ကမ္ဘာကြီးရဲ့ ဆူညံသံတွေဆီ ပြန်ပြန်ရောက်သွားတဲ့အခါ ဒီစာမျက်နှာတွေဆီကို ပြန်လာလို့ ရပါတယ်။ ‎ဘဝကို ထွက်ပြေးဖို့ မဟုတ်ဘဲ ကိုယ်ကိုယ်တိုင်ကို နူးညံ့စွာ ပြန်ရှာတွေ့ဖို့ပါ။
===

စာအုပ်မှာ ဘဝရဲ့ လေးလံမှုတွေ၊ မပြောဖြစ်တဲ့ ဒဏ်ရာတွေ၊ မမြင်သာတဲ့ ဝန်ထုပ်ဝန်ပိုးတွေကြားမှာ မောပန်းနေတဲ့အချိန်မှာ ခဏတာ နားခိုရာတစ်ခုလို ဖြစ်ပေးနိုင်လို့ပါ။ ဆူညံသံများကြားမှာ ကိုယ့်အသံကို ကိုယ်ပြန်ရှာတွေ့နိုင်စေပြီး ကိုယ့်ကိုယ်ကို နူးညံ့နိုင်ဖို့ ၊ လက်မလျှော့ဘဲ ငြိမ်သက်စွာ ဆက်လျှောက်နိုင်ဖို့ အားပေးကူညီပေးမယ့် စာအုပ်ဖြစ်လို့ ဖတ်သင့်တဲ့ စာအုပ်ဖြစ်ပါတယ်။

စာမျက်နှာ

180 (Woodfree paper)

စာအုပ်အရွယ်အစား

5.4 x 0.3 x 8.1 inches

ပုံနှိပ်မှတ်တမ်း

အိပ်မက်အသစ်စာပေ ၊ 2026 မတ်လ (ပထမအကြိမ်)

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ငြိမ်သက်ခြင်းမှာအေးချမ်းပါစေ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

စူးရှမေ စာအုပ်များ