မီးခိုးရောင်နေ့စွဲများ
5500 (ကျပ်)
📓 ဒီစာအုပ်လေးက အကြောင်းအမျိုးမျိုးကြောင့်နဲ့ စိတ်ဓာတ်ကျခြင်းကို ခံစားနေရတဲ့သူတွေအတွက် “မင်းတစ်ယောက်တည်း မဟုတ်ဘူး” လို့ ခံစားရစေဖို့ ဖြစ်ပြီး ကျွန်မအတွက်လည်း ဒီစာအုပ်ဟာ “ငါတစ်ယောက်တည်း မဟုတ်ဘူး” လို့ ခံစားရစေဖို့ ဖြစ်ပါတယ်။
📓 စိတ်ဓာတ်ကျခြင်းဆိုတာ မဖိတ်ခေါ်ဘဲ ရောက်လာခဲ့တဲ့ ဧည့်သည်ပါ။ စိတ်ကျခြင်းဆိုတာ တစ်သက်နဲ့တစ်ကိုယ် ဘဝမှာ တစ်ခါမှ မတွေးမိဖူးတဲ့ စိတ်ကူးပါ။
📓 ဘယ်အရာတွေကများ ကျွန်မကို စိတ်ကျရောဂါခံစားရအောင် တွန်းပို့ခဲ့တာလဲ။ ဘယ်အရာတွေကများ ကျွန်မရဲ့ စိတ်ကို တစ်စစီ စုတ်ပြတ်သတ်စေခဲ့တာလဲ…
📓 ကျွန်မရဲ့ Depression Journey တစ်လျှောက် ကျော်ဖြတ်ခဲ့ရတဲ့ Up & Downတွေ၊ Psychiatrist နဲ့ ကုသမှုခံယူခဲ့တဲ့တစ်လျှောက် အတွေ့အကြုံတွေ၊ နာကျင်မှုတွေ၊ မျက်ရည်တွေ၊ ကုစားခြင်းတွေအကြောင်း…ဒီ Diary စာအုပ်ထဲမှာ ဖတ်ရမှာပါ။
📓 ကျွန်မ ကျော်ဖြတ်ခဲ့ရတာတွေကို ဒီတိုင်းမထားချင်ဘဲ စာဖတ်သူတွေအတွက် နှစ်သိမ့်မှု တစ်စုံတစ်ရာ ရစေချင်တဲ့ ဆန္ဒကြောင့် ဒီစာအုပ်လေးကို ရေးခဲ့တာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ကျွန်မရဲ့ Depression Survivor’s Story လည်း ဖြစ်ပါတယ်။
📓 ဒီကာလမှာ လူတိုင်းလူတိုင်းက အကြောင်းအမျိုးမျိုးကြောင့်နဲ့ ပင်ပန်းကြ၊ စိတ်ကျန်းမာရေးတွေ ထိခိုက်ကြတာမိုလို့ အခက်အခဲတွေ ကျော်ဖြတ်ရချိန်မှာ စိတ်ကျန်းမာရေးကို ပိုပြီး ဂရုစိုက်စေချင်တဲ့ ရည်ရွယ်ချက်၊ လူနေမကောင်းရင် ဆေးကုရသလိုပဲ စိတ်နေမကောင်းရင်လည်း စိတ်ကို ကုသရတယ်ဆိုတဲ့ စိတ်ကျန်းမာရေးကို normalize လုပ်တဲ့ mindsetလေး ကျယ်ပြန့်စေဖို့အတွက် ရည်ရွယ်ပြီး ရေးခဲ့တာဖြစ်ပါတယ်။
| စာမျက်နှာ | 104 (Woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.2× 0.2 ×7.3 inches |
| ပုံနှိပ်မှတ်တမ်း | စာရိပ်မြိုင်စာပေ 2025ခုနှစ် ၊ မတ်လ ၊ (ပထမအကြိမ်) |
14 in stock








ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ