မှောင်မိုက်ခြင်းအတွက် လင်းရောင်စဉ်
5000 (ကျပ်)
အတွေးတစ်ခုက ဉာဏ်ကို အချက်ပြလိုက်ရုံနဲ့ ဘဝပါ ပြောင်းလဲသွားနိုင်ပါတယ်။ ရေးသားတဲ့စာ တိုခြင်းရှည်ခြင်းက အနှစ်သာရမဟုတ်ပါဘူး။ အဲဒီစာကိုဖတ်လိုက်ရသူအတွက် ထိမိတဲ့အတွေးအမြင်ရသတွေကို ရရှိခြင်းကသာ အနှစ်သာရဖြစ်ပါတယ် နှုတ်တစ်ရာ စာတစ်လုံးလို့ အဆိုရှိရဲ့မဟုတ်လား ကိုယ့်အတွက်ဉာဏ်ပွင့်သွားစေမဲ့အတွေးအမြင်မျိုး နှလုံးသားကိုနူးညံ့သွားစေမဲ့ရသမျိုး ရရှိလိုက်တယ်ဆိုရင် တစ်လုံးတည်းသောစာရဲ့တန်ဖိုးကိုသိကြရမှာဖြစ်ပါတယ် ဒီစာအုပ်က စာတိုလေးတွေဖြစ်ပါတယ်။ လိုရင်းရောက်မရောက်ဆိုတာကတော့ စာဖတ်သူရဲ့ထိရှမှုကသာစကားပြောသွားမှာဖြစ်ပါတယ်။ ကုန်စျေးနှုန်းကြီးမြင့်နေတဲ့အချိန်မှာ စာအုပ်အလေအလွင့်မရှိအောင် စာတိုလေးတွေဖြစ်တဲ့အတွက် စာအုပ်ဆိုဒ်အသေးလေးစီစဥ်ထားပါတယ်။ ချစ်စရာ သေးသေးထူထူအနေအထားလေးမို့ ဆွဲဆောင်မှုရှိပါတယ်။
| စာမျက်နှာ | 310 |
|---|---|
| စာအုပ်အရွယ်အစား | 3.9 ×0.5 ×6.3 inches |
| ပုံနှိပ်မှတ်တမ်း | Book Case By Saw ၊ 2023 အောက်တိုဘာလ(ဒုတိယအကြိမ်) |
16 in stock








ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ