အရိပ်ဖြူ

( 0 မှတ်ချက်)

8000 (ကျပ်)

ကံတရားဆိုတာ သိပ်ထူးဆန်းပါတယ်။ လူတွေဟာ ဘဝမှာ လူအမျိုးမျိုး၊ အကြောင်းအမျိုးမျိုးနဲ့ ဆုံရတွေ့ရပြီး ကိုယ့်ဘဝအတွက် အရေးပါတဲ့သူစိမ်းတစ်ချို့နဲ့ တွေဆုံ မေတ္တာမျှရကြပေမဲ့ တကယ်တမ်းမှာတော့ ချစ်သူတိုင်း ညားကြဖို့ဆိုတာ သိပ်ကိုခက်ခဲတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ကိုယ့်ဘဝရဲ့ ပထမဆုံးအချစ်ဖြစ်တဲ့ မိဘဆိုတဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း တစ်သက်လုံး အတူတူနေရဖို့ ဖြစ်ချင်မှဖြစ်နိုင်သလို ကိုယ်ချစ်ရတဲ့ချစ်သူတွေနဲ့လည်း ​သေချာပေါက်ပေါင်းဖက်ရမယ်လို့ ဘယ်သူမှအာမမခံနိုင်ပါဘူး။

စာအုပ်မှာ … သူတို့နှစ်ယောက်ဟာ ဘဝပေးကံကြောင့်ဝေးခဲ့ရတယ်။ အသည်းကွဲတဲ့ ဆိုးရွားတဲ့ဝေဒနာကို ဖြတ်ကျော်ပြီးတဲ့ကာလမှာ တစ်ယောက်ကတော့ ဘဝရဲ့ စစ်မှန်တဲ့လက်တွဲဖော်ကိုတွေ့ပြီး ပျော်ရွှင်သာယာတဲ့ဘဝကို ဖြတ်သန်းသွားရပေမဲ့ နောက်တစ်ယောက်ကတော့ မိသားစုရဲ့အခက်အခဲကြောင့် ငွေကိုသာရွေးချယ်ခဲ့ရပြီး ခက်ခဲကြမ်းတမ်းတဲ့ ဘဝကို ဖြတ်သန်းခဲ့ရပါတယ်။  ကိုယ်ချစ်ရတဲ့သူ ပျော်နေတာကို မြင်ရဖို့အတွက် သူဟာ အရိပ်ဖြူလေးအဖြစ် သူ့နောက်ကနေ လိုက်ခဲ့ပါတော့တယ်။ နာကျင်ဆွတ်ပျံ့ဖို့ကောင်းပြီး တစ်ပြိုင်တည်းမှာ လှပသိမ်မွေ့တဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ဖတ်ရမှာဖြစ်ပါတယ်။

စာမျက်နှာ

136 (Woodfree paper)

စာအုပ်အရွယ်အစား

5.8 x 0.2 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ငါတို့စာပေ၊ 2025 မတ်လ (ပထမအကြိမ်)

2 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အရိပ်ဖြူ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ကိုစိုးထိုက် (ဖဒို) စာအုပ်များ