နံနက်ခင်းမှာလင်းတဲ့ကြယ်
8500 (ကျပ်)
ဒီစာအုပ်လေးဟာ စာရေးသူ ရဲ့ ထုံးစံအတိုင်း ဖြစ်ရပ်မှန်တွေပေါ် အခြေပြုရေးဖွဲ့ထားတဲ့ လုံးချင်းဝတ္ထုဖြစ်ပြီး..
စာအုပ်ထဲမှာ ပါဝင်တဲ့ ဇာတ်ကောင်အများစုဟာ ယနေ့ချိန်ထိ ပြင်ပမှာ တကယ်ရှိပါတယ်။ မန္တလေးမြို့နဲ့ မနီးမဝေးမှာတကယ်ရှိတဲ့ ရွာလေးတစ်ရွာကို အခြေပြုပါတယ် အဆိုပါရွာလေးမှာအနာကြီးရောဂါသည်တွေချည်းသီးသန့်စုစည်းနေထိုင်ကြတာပါ ဒုက္ခရောက်လွန်းလို့ တောင်းရမ်းစားသောက်ပြီးအသက်မွေးဝမ်းကျောင်းပြုကြရတဲ့မိသားစုတွေလည်း အဲဒီရွာမှာ အများအပြားရှိကြတယ် ရွာလေးဆီကိုမမျှော်လင့်ဘဲ ရောက်လာသူကတော့မြို့ပေါ်က သူဌေးသမီးတစ်ယောက် သူဘာဖြစ်လို့ အဲ့ဒီရွာကို ရောက်လာတာလဲ သူရောက်လာပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာတွေကတော့ စာရေးသူရဲ့ထုံးစံအတိုင်းသွက်သွက်လက်လက်ရေးဖွဲ့ထားပါတယ် တစ်ခုပါပဲ အရေးအသားတွေက ပေါ့ပါးသွက်လက်ပေမယ့်အဖြစ်အပျက်တွေကနက်ရှိုင်းကြေကွဲစရာတွေပါ။ မျက်မှောက်ခေတ် လူငယ်တွေကြားမှာတကယ်ဖြစ်ပျက်နေကြတဲ့ကြေကွဲဖွယ်အကြောင်းအရာတွေပါ စာအုပ်လေးက မထူမပါးဆိုပေမယ့် တစ်ပြိုင်တည်း အစအဆုံးဖတ်ဖို့မလွယ်ပါဘူး “နှလုံးသားလေး အနားတောင်းပြီး ဖတ်ရမယ့်စာအုပ်လို့ပဲ ညွှန်းစေရော့ပါရစေ”
| စာမျက်နှာ | 294 |
|---|---|
| စာအုပ်အရွယ်အစား | 5.5 x 0.4 x 8.1inches |
| ပုံနှိပ်မှတ်တမ်း | ငါတို့စာပေ၊ 2024 ဧပြီလ (ပထမအကြိမ်) |
4 in stock





li’l_bunny –
ဘဝတန်ဖိုးအသိတွေပါဝင်တာကြောင့်လူငယ်တွေဖတ်ကိုဖတ်သင့်တဲ့စာအုပ်တစ်အုပ်ပါပဲ