တွေးထင်ထားတဲ့အတိုင်းဖြစ်မလာတဲ့အခါ

( 0 မှတ်ချက်)

7500 (ကျပ်)

ဟေးမင်းဆူနင်(Haemin Sunim)က ကိုရီးယားလူမျိုး ဇင်ဗုဒ္ဓဘာသာတရားပြဆရာ ဖြစ်သလို ရောင်းအားအကောင်းဆုံး စာအုပ်နှစ်အုပ်ဖြစ်တဲ့ The Things you can see only when you slowdown (အရှိန်လျှော့လိုက်မှ တွေ့နိုင်မယ့်အရာတွေ) နဲ့ Love for Imperfect things (မပြည့်စုံတဲ့အရာတွေအပေါ် မေတ္တာထားနည်း) စာအုပ်တွေကို ရေးသားခဲ့တဲ့ ကမ္ဘာကျော်စာရေးဆရာလည်း ဖြစ်ပါတယ်။ သူ့စာအုပ်တွေက ကမ္ဘာတလွှားမှာ အုပ်ရေ ၆ သန်းကျော် ရောင်းခဲ့ရပြီး ဘာသာစကား သုံးဆယ့်ရှစ်မျိုးကျော်အထိ ပြန်ဆိုခြင်း ခံထားရပြီး ဖြစ်ပါတယ်။ သူ့စာအုပ်တွေက တရားထိုင်ခြင်းအတွက် လမ်းညွှန်တွေအဖြစ် နာမည်ကျော်ရုံသာမကဘဲ ခေတ်သစ်လူမှုဘဝရဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားရာမှာလည်း လမ်းညွှန်အဖြစ် နာမည်ကြီးပါတယ်။

တကယ်လို့ အခက်အခဲကြုံရတဲ့ အခိုက်အတန့်တွေဟာ ကြီးပြင်းရင့်ကျက်ဖို့နဲ့ မိမိကိုယ်ကို ရှာဖွေတွေ့ရှိစေဖို့ အခွင့်အရေးတွေ ဖြစ်နေမယ်ဆိုရင်ရော။

တကယ်လို့ အဲဒီအခက်အခဲတွေက ဘဝမှာ ကြီးမြတ်တဲ့ အရာတွေဆီ သွားဖို့ နင်းဖြတ်စရာ ကျောက်တုံးတွေ ဖြစ်နေခဲ့မယ်ဆိုရင်ရော။

 

ဒီစာအုပ်ထဲမှာ ခေတ်သစ်လူနေမှုဘဝရဲ့ စိန်ခေါ်မှုတွေကို ဇင်ဗုဒ္ဓဘာသာ တရားပြဆရာတော် ဟေးမင်းဆူနင်က ကျွန်တော်တို့ရဲ့ စိတ်ထားကို ပြန်လည်ပြုပြင်ပေးဖို့နဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ သန်မာအားကောင်းအောင် ကူညီပေးနိုင်မယ့် ရိုးရှင်းပြီး စွမ်းအင်ပြည့်ဝတဲ့ ဉာဏ်ပညာတွေကို မျှဝေထားပါတယ် ၊ စာဖတ်သူဟာ အကျပ်အတည်းထဲမှာ ကျရောက်နေတာပဲဖြစ်ဖြစ်၊ စိတ်အတွေးအကြံ တိုးတက်ဖွံ့ဖြိုးရေးကို ရှာကြံနေတာပဲဖြစ်ဖြစ် ဆရာတော် ဟေးမင်းဆူနင်ရဲ့ ဆုံးမစကားတွေဟာ ကျွန်တော်တို့အတွက် အလိုအပ်ဆုံးအချိန်မှာ သတ္တိနဲ့ နှစ်သိမ့်မှုကို ရှာတွေ့အောင် ကူညီဆောင်မပေးနိုင်မယ့် ဆေးစွမ်းကောင်းတစ်လက်ပဲ ဖြစ်ပါတယ်။

စာမျက်နှာ

200

စာအုပ်အရွယ်အစား

5.5 x 0.3 x 8 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာအုပ်တိုက်၊ 2024 ဧပြီလ (ပထမအကြိမ်)

17 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“တွေးထင်ထားတဲ့အတိုင်းဖြစ်မလာတဲ့အခါ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

လင်းသစ် စာအုပ်များ