ပိုကောင်းမယ့်မနက်ဖြန်

( 0 မှတ်ချက်)

9000 (ကျပ်)

ကမ္ဘာကျော် တေးရေး တေးဆို Anne-Marie နဲ့ သူ့ရဲ့သီချင်းတွေကို မသိတဲ့သူ မရှိသလောက် ရှားပါလိမ့်မယ်။အန်းမာရီဟာ ကမ္ဘာ့အဆင့် ကရာတေး ချန်ပီယံ သုံးကြိမ်ဖြစ်ခဲ့ဖူးပြီး ဝက်စ်အန်း ကလေးကြယ်ပွင့်ကနေ မာလ်တီ ပလက်တီနမ် ရောင်းအားအကောင်းဆုံး အနုပညာရှင်ဖြစ်ခဲ့ပါတယ်။

ဒီနေ့အထိ သူ့ဂီတ သက်တမ်းတလျှောက်မှာ အရောင်းရဆုံး စာရင်းဝင်ခဲ့တဲ့ ဆင်ဂယ်လ်သီချင်းတွေချည်း ဆက်တိုက် ထွက်ခဲ့ဖူးသူ အန်းမာရီဟာ သွက်လက်ထက်မြက်တဲ့ ပြောစကားဆန်ဆန်၊ ဇာတ်ကြောင်းတွေ၊ စွဲမက်ဖွယ် ဆိုဟန်ဆိုပေါက်နဲ့ ကူးစက်လွယ်တဲ့ စရိုက်လက္ခဏာတွေကြောင့် အယ်လ်ဘန်ချပ်ရေ သန်းနဲ့ချီပြီး ရောင်းရတဲ့အထိ ပေါက်မြောက်အောင်မြင်ခဲ့ပါတယ်။ လတ်တလောမှာတော့ ကမ္ဘာ့ပရိတ်သတ်တွေ အချစ်ရဆုံးနဲ့ အအောင်မြင်ဆုံး ပေါ့ပ်ကြယ်ပွင့်တွေထဲက တစ်ဦး ဖြစ်လို့နေပါပြီ။ လူတစ်ယောက် ကမ္ဘာကျော်ဖို့ အောင်မြင်ဖို့ဆိုတာ လွယ်လွယ်နဲ့ ဖြစ်လာတာတော့မဟုတ်ပါဘူး အောင်မြင်မှုဆိုတဲ့ အသီးအပွင့်ရဲ့ နောက်ကွယ်မှာ လျှောက်လှမ်းခဲ့ရတဲ့ ရက်စွဲပေါင်းများစွာ ရှိကြပါတယ်။

ပိုကောင်းမယ့်မနက်ဖြန် ( You Deserve Better) စာအုပ်က Anne – Marie ရဲ့
. သူဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံ တစိတ်တပိုင်း
. ဘဝမှာ ကြုံခဲ့ရတဲ့ အဖြစ်ဆိုးတွေ
. body imageနဲ့ mental health ဆိုင်ရာ ခံစားချက်တချို့
. ကိုယ်ဖြစ်ချင်တဲ့ပုံစံ၊ လိုအပ်ချက်တွေအတွက် ကြိုးစားလုပ်ဆောင်ဖို့ အဲဒီ ကိစ္စရပ်တွေကနေ ဘယ်လို ရုန်းထွက်ခဲ့ရသလဲ ဘယ်လိုလုပ်သင့်သလဲဆိုတဲ့ အကြံပေးချက်တွေကို (လူတွေ နားထောင်ချင်ထောင်၊ မထောင်ချင်နေ ဆိုတဲ့အထာမျိုးနဲ့ သူ့ဘာသာ မှတ်စုလေးတွေရေး၊ ပုံလေးတွေ ဆွဲပြီး) ရေးထားတဲ့ စာအုပ်ကလေးတစ်အုပ်ပါ။

ဒီစာအုပ်လေးကို ဖတ်မိတဲ့အခါ ကိုယ့်ရဲ့သူငယ်ချင်းက ဘေးနားမှာထိုင်ပြီး ရင်းရင်းနှီးနှီး အကြံပေးပြောပြနေသလို ခေတ်ရေစီးကြောင်းအတိုင်း ပွင့်ပွင့်လင်းလင်း ဟောဟောဒိုင်းဒိုင်းနဲ့ တဲ့တိုး ပြောပြနေသလို ဖတ်ရှုခံစားရမှာဖြစ်ပါတယ်။

စာမျက်နှာ

247

စာအုပ်အရွယ်အစား

5.5 x 0.4 x 8.2 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာအုပ်တိုက်၊ 2024 ဇွန်လ (ပထမအကြိမ်)

23 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ပိုကောင်းမယ့်မနက်ဖြန်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

လင်းသစ် စာအုပ်များ