လုပ်ငန်းစွမ်းဆောင်ရည်မြှင့်လမ်းညွှန်

( 0 မှတ်ချက်)

17000 (ကျပ်)

◽သင်ဟာအရေးကြီးတဲ့ အလုပ်တွေအတွက် အချိန်ဆွဲနေမိသလား စိတ်တွေ ကယောက်ကယက်နဲ့ လက်ထဲမှာ ရှိနေတဲ့ အလုပ်ကို အာရုံမစိုက်နိုင် ဖြစ်နေပြီလား။

◽သင်ဟာ အလုပ်ကိစ္စတွေကို ဘယ်တော့မှ မရောက်လာမယ့် မနက်ဖြန်ဆီကို ရွှေ့ဆိုင်းနေရပြီလား စိန်ခေါ်မှုအရှိဆုံး အလုပ်ကိစ္စတွေကို ရှောင်လွှဲဖို့အတွက် အရေးမပါတဲ့ ကိစ္စတွေကိုပဲအာရုံစိုက်မိနေပြီလား။

◽ သင်ဟာ အလုပ်တာဝန်တစ်ခုကနေ နောက်တစ်ခုကို တစ်ချိန်လုံး ခုန်ကူးနေမိသလား ၊အောင်မြင်အောင် လုပ်ဖို့အတွက် အာရုံစိုက်ဖို့ ရုန်းကန်နေရသလား ၊စိတ်က ရှိသမျှနေရာတိုင်းကို ပျံ့လွင့်နေသလား။

◽သင်ဟာ ထင်သာမြင်သာရှိတဲ့ ရလဒ်တစ်ခုမရဘဲ အခုထိ ပြာယာခတ်နေရတုန်းလား ၊ပူပန်သောကတွေများပြီး အလုပ်အတွင်ကျယ်ဆုံးဖြစ်အောင် အာရုံစူးစိုက်ရမယ့် အလုပ်တစ်ခုကို ရှာလို့ မတွေ့နိုင်သေးဘူးလား။

◽ဒါဆိုရင်တော့ ဒီစာအုပ်ဟာ သင့်အတွက် လိုအပ်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါလိမ့်မယ် ဒီစာအုပ်ဟာ တကယ်တော့ ၄ အုပ်ပေါင်းထားတဲ့ ပေါင်းချုပ်စာအုပ် ဖြစ်ပါတယ်။ ဒိုပါမင်း ဒီတောက်စ်၊ ချက်ချင်းလုပ်၊ အစွမ်းထက်တဲ့အာရုံ နဲ့ ဗျူဟာမြောက်စိတ်ထား ဆိုတဲ့ စာအုပ်လေးအုပ်ကို စုစည်းပေါင်းစပ်ထားတာပါ ဒီနေ့ခေတ်ရဲ့ ပြဿနာတွေဖြစ်တဲ့ အင်တာနက်စွဲလမ်းမှု၊ စိတ်အာရုံပျံ့လွင့်မှု စတာတွေကို ထိရောက်တဲ့ ဖြေရှင်းနည်းတွေနဲ့ လိုတိုရှင်းတင်ပြထားတယ်။

◽ဒီလို အာရုံထွေပြားခြင်း ၊ အချိန်ဆွဲခြင်းတို့ကို ကျော်လွှားပြီး စိတ်အားထက်သန်မှု ၊ထက်မြက်သော အာရုံစူးစိုက်မှုကို မြင့်တက်လာစေရန် ၃-၄ ပတ်အတွင်း လမ်းညွှန်ပေးပါလိမ့်မယ် ။ ဒါ့အပြင် အကြံပြုချက်နဲ့ နေ့စဉ်လေ့ကျင့်ခန်းတွေ ပါ၀င်ပြီး စာဖတ်သူရဲ့ အရေးကြီး အလုပ် တာဝန်များကို ပြီးမြောက်ရန် အပြည့်အဝ တိကျစွာ ကူညီပါလိမ့်မယ်။

◽စာအုပ်တစ်အုပ်ချင်းစီထဲမှာ တစ်ရက်ချင်းစီ လေ့ကျင့်သွားရမယ့် အကြောင်းအရာတွေကို တဆင့်ချင်းစီ လိုက်လုပ်နိုင်စေဖို့ လွယ်လွယ်ကူကူ ရိုးရှင်းစွာ ဖော်ပြထားပါတယ်။ ဒီစာအုပ်ဟာ လုပ်ငန်းခွင်ထဲမှာ စွမ်းဆောင်ရည် (လုပ်နိုင်ကိုင်နိုင်စွမ်း) တိုးတက်စေရုံသာမကဘဲ နေ့စဉ်လူနေမှုဘဝမှာပါ အာရုံစူးစိုက်မှု ထက်မြက်ပြီး ဘဝပန်းတိုင်ကို အောင်မြင်စွာ လှမ်းကိုင် နိုင်စေပါလိမ့်မယ်။

 

စာမျက်နှာ

216

စာအုပ်အရွယ်အစား

7.2 x 0.4 x 10 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာအုပ်တိုက်၊ 2024 ဧပြီလ (ပထမအကြိမ်)

28 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“လုပ်ငန်းစွမ်းဆောင်ရည်မြှင့်လမ်းညွှန်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

လင်းသစ် စာအုပ်များ