အတွေးတို့စေညွှန်ရာ

( 1 မှတ်ချက်)

3000 (ကျပ်)

လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်က ကမ္ဘာကျော် စိတ်ဓာတ်ခွန်အားပေး စာအုပ်တစ်အုပ်ဖြစ်တဲ့ As a man Thinketh စာအုပ်ကို ဘာသာပြန်ထားတဲ့ အတွေးတို့စေညွှန်ရာ စိတ်ဓာတ်ကျ အားငယ်၀မ်းနည်းနေချိန်မှာရင်းနှီးစွာဖေးမလမ်းညွှန်ပေးနိုင်စေဖို့ ရည်ရွယ်တဲ့ စာအုပ်လေးတစ်အုပ်…

အချိန်တိုင်းအတွက် အကောင်းဆုံး စိတ်ဓာတ်ခွန်အားပေးစာအုပ်လို့ ကမ္ဘာတစ်လွှားမှာ ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ထားခြင်းခံရတဲ့ စာအုပ်…

မူရင်းစာရေးသူ ဂျိမ်းစ်အလန်(James Allen) ရဲ့ အရေးအသားတွေဟာ သူ့နည်းသူဟန်နဲ့ ပြောင်မြောက်လှပလွန်းပါတယ် .အနှစ်တစ်ရာကျော်သက်တမ်းရှိ တခြားစာအုပ်တွေနည်းတူ ဖမ်းဆုပ်ရခက်ခဲလှတဲ့ မြှပ်ကွက်တွေ ၊ စကားလုံးအသုံးအနှုန်းတွေကို အသုံးပြုပြီး ရေးသားထားပါတယ်။

ဒီစာအုပ်က လူသားတွေရဲ့အတွေးတွေမှာ အကျင့်စရိုက် ၊ အခြေအနေ ၊ ကျန်းမာရေး ၊ ပြင်ပရုပ်သွင်နဲ့ အောင်မြင်မှု စတာတွေကို ဘယ်လိုပုံသွင်းယူသလဲ ဆိုတာကို ဖော်ပြထားတယ်။

မူရင်းစာရေးသူကိုယ်တိုင် တရားထိုင်ခြင်းနဲ့ ကိုယ်တွေ့အတွေ့အကြုံတွေရဲ့ ပေါင်းစုမှုရလဒ်ဖြစ်ပြီး လက်တွေ့လုပ်ဆောင်နိုင်မယ့် လမ်းညွှန်ချက်တွေပါပါတယ်။

အတွေးတို့စေညွှန်ရာ စာအုပ်ကတော့ ၂၁ရာစု ပြန်လည်တည်းဖြတ်ခြင်းအနေနဲ့ ဂျိမ်းစ်ရဲ့ အယူအဆတွေကို ခေတ်ပေါ်အင်္ဂလိပ်စာနဲ့ ပြန်လည်တည်ဆောက် ရေးသားပြထားပြီး သူ့ရဲ့ဥာဏ်ပညာတွေကို ယနေ့ခေတ် စာဖတ်သူတွေ ပြီးပြည့်စုံတဲ့ လက်ဆောင်မွန်တစ်ခုအနေနဲ့ လက်ခံရရှိမှာ ဖြစ်ပါတယ်…

စာမျက်နှာ

64

စာအုပ်အရွယ်အစား

0.4x 0.3 x6 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2024 ဇန်နဝါရီလ (ပထမအကြိမ်)

11 in stock

အတွေးတို့စေညွှန်ရာ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. စိုးဘားဒိုင် (verified owner)

    James Allen ရဲ့ AS A MEN THINKETH ကို
    21st Century Edition အဖြစ် ပြန်လည်ရေးသားထားတဲ့ မူကို ဘာသာပြန်ထားတဲ့စာအုပ်။
    ပြန်လည်ရေးသားတဲ့ ဆမ် တောရုတ်ဒ်ရဲ့မိတ်
    ဆက်နိဒါန်းနဲ့ ဘာသာပြန်သူ ဆရာလင်းသစ်ရဲ့အမှာ
    လည်းပါတယ်။စာအုပ်အရွယ်အစားကတော့ လက်
    တစ်ဝါးအရွယ်လို့အလွယ်ပြောနိုင်တဲ့အရွယ်ပါ။ဒါကို ချိန်ကြည့်နိုင်ဖို့ စာအုပ်စျေးကွက်မှာ အထုတ်များ
    တဲ့ ဆယ်ချိုးဆိုဒ်လို့ အလွယ်ပြောလို့ရတဲ့ အရွယ်အဖြူဘောင်လေး ထည့်ရိုက်ပေးထားပါတယ်။
    စာအုပ်လေးက သေးပေမယ့် အတွေးကချဲ့ချင်သလောက် ချဲ့လို့ရတဲ့ အနှစ်တွေအဖြစ် တွေ့ရတယ်။ဒီစာအုပ်လေးဖတ်ရင်း အကျဥ်းချုံ့နဲ့အနှစ်ချုံ့ဆိုတာလေးကို တွေးမိတယ်။ကျဥ်းအောင်ချုံ့ထားတာနဲ့ အနှစ်တွေကို ချုံ့ထားတာမတူဘူးမဟုတ်လား။အနှစ်အသား ဆိုတဲ့အသုံးလည်းရှိပါတယ်။ဒီစာအုပ်ကလေးက မူရင်းစာအုပ်ကြီးရဲ့ အနှစ်အသား
    တွေကို ပိုမိုလွယ်ကူစွာဖတ်လို့ရအောင် လွယ်ကူတဲ့
    အရေးအသားတွေနဲ့ ပြန်ရေးထားတာလို့ဆိုပါတယ်။
    ဒီစာအုပ်လေးကို ဖတ်တဲ့အခါ ရေးထားတာတွေဟာ ကိုယ်မသိဟာ ဘာမှမပါဘူးလို့ ထင်ရလောက်အောင် ကိုယ်သိတဲ့၊ကိုယ်လက်လှမ်းမီတာတွေချည်းဖြစ်ပါတယ်။ရေးတဲ့သူကိုယ်တိုင်ကလည်း လူတိုင်းမှာရှိတာကို လူတိုင်းသတိဂရုပြုမိအောင်ရေးထားတာပါပဲ။
    အခန်း( ၆ )ခန်းရဲ့ခေါင်းစဥ်တွေကိုပဲကြည့်လိုက်ပါ။( ၁ ) အကျင့်စရိုက် ( ၂ )အခြေအနေများ
    ( ၃ )ကျန်းမာရေး ( ၄ )ရည်ရွယ်ချက် ( ၅ )အောင်မြင်မှု ( ၆ )အမြော်အမြင် ( ၇ )ငြိမ်းချမ်းခြင်း။
    လူတိုင်းသိတာတွေချည်းပါပဲ။အဲဒီတော့ လူတိုင်းနဲ့ ပတ်သက်လို့ရသွားတာပေါ့။လူတိုင်းအတွက်
    ဖြစ်သွားတာပေါ့။ဒီခေါင်းစဥ်တွေအောက်ကနေ လူတိုင်းမှာရှိတဲ့ လူတိုင်းကိုယ်စီပိုင်ဆိုင်တဲ့ စိတ်အတွေး
    ရဲ့တန်ဖိုးကို တန်ခိုးအရာရောက် ကြိုးပမ်းဖော်ထုတ်
    ရယူနိုင်တယ်ဆိုတာကို ရေးသားထားတာဖြစ်ပါတယ်။
    အရေးအသားက သတိထားမိအောင်၊သတိထားမိပြီး အသုံးချတတ်အောင် အသိပေးတဲ့
    အသိသတိပေးစာလို့ ဆိုနိုင်ပါတယ်။ဝါကျတစ်ကြောင်းချင်း၊စာတစ်ပိုဒ်ချင်း၊စာတစ်ပုဒ်ချင်း ဖတ်ရင်းနဲ့ ဖတ်ပြီးပြီးရော မဟုတ်ဘဲ ကိုယ့်ပါဝင်မှုနဲ့ပိုမို
    ပြည့်စုံကောင်းမွန်တိုးတက်အောင် ကိုယ်တိုင်ပါဝင်တွေးတော ဖြည့်စွက်ရမယ့် စာမျိုးဖြစ်တယ်ဆိုတာ
    အလွယ် သဘောပေါက်လာနိုင်ပါတယ်။
    ဖတ်ရင်းတွေးရင်းဆင်ခြင်ရင်း ကိုယ့်အတွေးအမြင် ဆင်ခြင်သုံးသပ်ခြင်းနဲ့အတူ ကိုယ်နဲ့ကိုယ့်ခရီးကို ပိုမိုကောင်းမွန်အဆင်ချောစွာ အရောက်သွားနိုင်ပါတယ်လို့ ဆိုနိုင်ရဲ့။ဒီစာအုပ်ကလေးက လှေခွံဆိုရင် ကိုယ်က ဒီလှေခွံကလေးနဲ့ ဘဝပင်လယ်ကိုဖြတ်သန်းတဲ့အခါ လက်ထိုးလှော်မလား၊ရွက်တိုက်မလား၊စက်တပ်မောင်းမလား စသည်ဖြင့် ကိုယ့်ရွေးချယ်မှုနဲ့အတူ လှေစီးခရီး နှင်ရမှာမျိုးလို့ဆိုနိုင်ပါတယ်။
    လက်ပဲရှိရင် လက်ထိုးလှော်။ရွက်ရအောင်ကြိုးစားဖန်တီးနိုင်ရင် ရွက်လွှင့်။စက်တပ်ဆင်နိုင်အောင် ကိုယ်ကအားထုတ်နိုင်ရင် စက်တပ်မောင်း။
    ကိုယ့်ကြိုးပမ်းအားထုတ်မှုဟာ လက်ချည်းသက်သက်လည်းဖြစ်နိုင်သလို၊ရွက်ပိုင်ဆိုင်ခွင့်လည်း ဖြစ်လာနိုင်ကာ၊စက်တပ်ဆင်နိုင်တဲ့ အင်အားလည်း ဖြစ်လာနိုင်ပါတယ်။
    ကိုယ့်အစွမ်းအစတွေဟာ ကိုယ့်အတွေးစိတ်ကူးစိတ်သန်းနဲ့ စိတ်အထာကျမှုအပေါ်မှာ အသစ်လဲမှုဖြစ်သွားမယ်ဆိုတာကို စာအုပ်ကလေးကနေ ပြောပြနေတယ်လို့ခံစားရတယ်။ဖတ်ပြီးပြီးရော့မဟုတ်သလို၊ဖတ်ပြီးသွားပြီနဲ့လည်း ပြီးတဲ့စာအုပ်ကလေးမဟုတ်ဘူးလို့ ထင်မြင်လာမိပါတယ်။ဖတ်ကြည့်သင့်ပါတယ်။ဖတ်ကြည့်ကြစေချင်တယ်။ဖတ်ပြီးကိုယ့်အတွေးစိတ်ကူး၊စိတ်အထာကို
    မြင်အောင် ကြည့်ကြည့်ကြတာပေါ့။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

လင်းသစ် စာအုပ်များ