စစ်ရှုံးသူ
8000 (ကျပ်)
ဆရာကြီးရွှေဥဒေါင်းရဲ့ စစ်ရှုံးသူဟာ အင်းဝခေတ်ကို နောက်ခံပြု ရေးဖွဲ့ထားတဲ့ ဝတ္ထုဖြစ်ပါတယ် ..
နောင်တော်ကိုဖြုတ်ချပြီး နန်းရလာတဲ့ ညီတော်ဘုရင်ကို ပြန်လည်ဖြုတ်ချကာ နောင်တော်နန်းပြန်ရရေး ကြိုးပမ်းကြတဲ့ တော်လှန်ရေးဇာတ်လမ်းပါ ..
ထွက်ပြေးတိမ်းရှောင်သွားရတဲ့ နောင်တော်ဘက်ကို ပူးပေါင်းကူညီတော်လှန်ကြဖို့ ကြိုးစားကြသူတွေထဲက မြို့စားမောင်နှမ၊အစဥ်အလာရှိသူတွေကြား ရောက်ရှိသွားတဲ့ လက်ရှိဘုရင်ရဲ့တပ်မှာ တာဝန်ထမ်းဆောင်နေသူ တပ်မှူးလေးဟာ တော်လှန်ရေးဘက်တော်သား ဖြစ်သွားခဲ့တယ် ..
ဝတ္ထုကို မောင်မောင်တင့်၊မနန်းယူ၊စောမြစိန် စတဲ့သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းနဲ့ ချိတ်ဆက်ထားတယ် .. မနန်းယူက မောင်မောင်တင့်ရဲ့ ဦးကြီးနဲ့ ဘုန်းကြီးကျောင်း ကျောင်းနေဖက် ဦးစံဖဲရဲ့သမီး ၊စောမြစိန်က နောင်တော်ဘုရင်ကြီး ထီးနန်းပြန်ရရေးအတွက် တစ်ဖက်တစ်လမ်းကနေ ပူးပေါင်းတော်လှန်နေတဲ့ မြို့စားစောခုံမှိုင်းရဲ့အစ်မတော်၊နောင်တော်ဘုရင်ဟောင်းဘက်တော်သား ..
တော်လှန်ရေးဟာ လုံလောက်ပြည့်စုံတဲ့ အနေအထားမရောက်သေးခင်မှာ စိတ်အလိုကို ဦးစားပေးမိတာတွေနဲ့အတူ ကစင့်ကလျားဖြစ်သွားတဲ့ အယူအဆ၊အတွေးအခေါ်တွေကြောင့် ကျရှုံးသွားကြရတယ် ..
ဆရာကြီးဟာ ဒီဝတ္ထုကိုမှီးရေးထားတာဖြစ်ပေမယ့် မြန်မာ့စရိုက်၊မြန်မာ့အတွေးအခေါ်တွေကို သရုပ်ပေါ်အောင်ထည့်သွင်း ရေးသားထားတာတွေ့ရတယ် ..
တစ်ခါတလေမှာတော့ တစ်ချို့ဇာတ်ကွက်လေးတွေဟာ အနောက်တိုင်းဟန်လေးတွေ ပါလာတာကိုတွေ့ရတယ် ..
စွန့်စားသူတွေ၊ရဲဝံ့သူတွေ၊သစ္စာတရားလက်ကိုင်မြဲသူတွေကို တန်ဖိုးအဖြစ်မြင်ယောင်လာအောင် ပုံဖော်ရေးဖွဲ့ထားတယ် ..
| စာမျက်နှာ | 135(woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.5× 0.2×8.2 inches |
| ပုံနှိပ်မှတ်တမ်း | စာရိပ်မြိုင်စာပေ 2025 ဇန်နဝါရီလ (စတုတ္ထအကြိမ်) |
7 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ