
ဆင်စွယ်မင်းသမီး
11000 (ကျပ်)
ဆင်မုဆိုးကြီးအယ်လင်…
အယ်လင်ရဲ့တပည့်ကျော်လူဝါကလေး ‘ဟင်’ …
ရင်နယ်မြို့စားကလေး နဲ့ မြို့စားကလေးကတော်…
ဘုရားငယ်တိုင်းပြည်က စွမ်းအားရှင်တွေလိုထင်ရတဲ့ဟရုနဲ့မရုတို့ညီအစ်ကို တို့ကြားက ဆက်နွယ်မှုရေစက်တွေ။ ရင်နယ်မြို့စားကလေးရဲ့ကတော်ဟာ မုန်ယိုနေတဲ့ဆင်ကြီးကြောင့် ရင်သွေးငယ်ကိုဆုံးရှုံးခဲ့ရတယ်။ ရင်သွေးလေးသေဆုံးသွားလို့ စိတ်မကျန်းမမာဖြစ်သွားခဲ့တယ်။ အချိန်အတန်ကြာတဲ့အခါ စိတ်အပြောင်းအလဲဖြစ်အောင် ရင်နယ်မြို့စားကလေးတို့ မိသားစုနဲ့ အီဂျစ်ပြည်ကိုခရီးထွက်ကြတယ်။
တစ်နေ့ နိုင်းမြစ်ထဲကသင်္ဘောပေါ်မှာပဲ မြို့စားလေးကတော်ရုတ်တရက်ပျောက်ဆုံးသွားပါတယ်။ ဆင်မုဆိုးကြီးအယ်လင်၊ အယ်လင်ရဲ့တပည့်ကျော်လူဝါကလေး ‘ဟင်’ ၊ ရင်နယ်မြို့စားကလေး နဲ့ သူ့တပည့်ကျော်ဆာဖိတ်တို့ရဲ့ မြို့စားကတော်ကိုရှာပုံတော်ဖွင့်ကြတဲ့ သည်းတထိတ်ထိတ်တောတွင်းစွန့်စားခန်းကြီး။
လိုရာခရီးရောက်ဖို့ဖြတ်သန်းခဲ့ရတဲ့ သဲကန္တာရတွေ၊ မြစ်တွေ၊ တောတောင်တွေ နှစ်ဖက်ရန်သူတွေကြားထဲညှပ်ရတဲ့ ဘေးကျပ်နံကျပ်အဖြစ်တွေ ဂူအောင်းမြွေဆိုးကြီးကိုရင်ဆိုင်ရပုံတွေ၊ ကင်ဒါ(ခ)အသားစားလူနက်မျိုးတွေနဲ့ သူတို့ကိုးကွယ်ကြတဲ့ ဂျနဆင်ဆိုးကြီး ကိုရင်ဆိုင်တိုက်ခိုက်ရပုံတွေနဲ့ ကင်ဒါလူဖြူမျိုးတွေနဲ့သူတို့ကိုးကွယ်တဲ့ ကလေးသူငယ်ဘုရားငယ်ဆီအရောက်သွားခဲ့ကြတဲ့ ခရီးရှည်ကြီးအကြောင်း ရင်သပ်မောရှုမောစွာဖတ်ရှုရမယ့် စာအုပ်ကောင်းတစ်အုပ်ပါ။
| စာမျက်နှာ | 192(Burma Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.4 x 0.4 x 7.9 inches |
| ပုံနှိပ်မှတ်တမ်း | လမ်းပြကြယ်စာအုပ်တိုက်၊ 2025 စက်တင်ဘာလ |
9 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ