ခွန်းခြွေစကား

( 0 မှတ်ချက်)

9000 (ကျပ်)

လောကလူသားတို့အတွက်
သေမိန့်ကျ ပါမောက္ခတစ်ဦး၏ ကြိုးပမ်းချက်
တစ်ခုကို ဖတ်ရမှာပါ။ ကျွန်တော်တို့ဟာ အချိန်
တွေ အများကြီးရှိတယ်ဆိုပြီး အချိန်ဖြုန်းနေ
တတ်ကြတယ်။အသက်ရှင် နေထိုင်ဘို့ လပိုင်း
ရက်ပိုင်းပဲ ကျန်တော့မယ်ဆိုရင် ဘာလုပ်ရမလဲ။
ဒီစာအုပ်ထဲမှာ အဖြေတချို့ရှိပါတယ်။

ဗုဒ္ဓဘာသာဝင်များ နောက်ဆုံးအချိန်ရောက်
ရင် ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှု တွေကို ပြန်လည်
အောက်မေ့သတိရပြီး ဒါိနပြု အမျှဝေ၊မရဏ
နုဿတိ ပွားပြီး ထွက်သက်ဇီဝိန်ချုပ်အောင်
အားထုတ်ကြပါတယ်။

#ဘဝဆည်းဆာ မှာအနေတတ် အနေကောင်းမှ
အသေတတ်အသေကောင်းမယ်။အသေတတ်
အသေကောင်းမှ ဘဝကူးဂတိ အထူးကောင်း
မယ်လို့ စွဲစွဲမြဲမြဲ ယုံကြည်ကြပါတယ်။ ကိုယ်ကြုံ
နေရတဲ့ ဝေဒနာတွေကို မှန်ကန်တဲ့နှလုံးသွင်း၊
သည်းခံ၊ သေမင်းကို ရင်ဆိုင်ဝံ့သည့် ဇွဲလုံ့လတွေ
နဲ့ “ယောနိသော မနသိကာရ” စိတ်သွင်းပြီး
ကျော်ဖြတ်ရတယ်လို့ နာယူမှတ်သားမိပါတယ်။

ယခုစာအုပ်ထဲမှာ ရောဂါအမည်တပ်ခံရ
သေမိန့်ကျ ပါ‌မောက္ခတဦး အသက်ရှင်နေခိုက်
ရက်အနည်းငယ်အတွင်းမှာ သူ ဘာတွေလုပ်သွား
ခဲ့သလဲဆိုတာကို ရေးသားထားပါတယ်။မေတ္တာ
စိတ်နဲ့ သူ နေထိုင်သွားပါတယ်။ အနာဂတ်ကာလ
မှာ ကြုံတွေ့ရမဲ့ ဘဝအခက်အခဲတွေကို ဖြေရှင်း
နိုင်ဖို့ သူ့ သားသမီး၊သူ့ တပည့်တွေ အတွက်
“ဘဝအတွက် သင်ခန်းစာတွေ” ကို ဝေမျှပေး
သွားပါတယ်။

ကလေးဘဝထဲက ကိုယ်ဖြစ်ချင်တဲ့
အိပ်မက်တွေရှိခဲ့ကြပါတယ်။သွားလိုတဲ့ပန်းတိုင်
ရောက်ဖို့ ,အိပ်မက်ကို အကောင်အထည်ဖော်ဖို့
ကြိုးစားခဲ့ကြပါတယ်။အဲဒီအိပ်မက် ကို ဘယ်
လိုရယူမလဲ ၊အခက်အခဲတွေ ကြုံလာရင် ဘယ်လို
ကျော်လွှားမလဲ၊ ဒါတွေကို ဘဝဆည်းဆာချိန်
ရောက်နေတဲ့ ပါမောက္ခတဦးက ဟောပြော ပို့ချ
ခဲ့ပါတယ်။ သေခြင်းတရားကို ရင်ဆိုင်နည်း
မဟုတ်ပါဘူး။ ရှင်ခြင်းတရားကို ရင်ဆိုင်နည်း
ပါ။ ဝေဒနာသည်ရဲ့ ဘဝလက်ကျံ နောက်ဆုံး
အချိန်မှာ သူ့ပညာ ၊သူ့စေတနာ နဲ့ သူ့ပို့ချချက်
တွေဟာ ရှင်လူတို့အတွက် နောက်ဆုံး
ကြိုးစားချက် ပေါ့ဗျာ။

#သင်အသက်ရှင်ဖို့_အချိန်နည်းနည်းလေးပဲ_ကျန်တော့ရင်

လူ့ဘဝဆိုတာ ရခဲမှန်း လူတိုင်းနီးပါး သိကြပါတယ်။ ဒါပေမဲ့ လူအတော်များများကတော့ ဘဝကို ပေါ့ပေါ့တန်တန် သဘောထားကြတယ်။ ပေါ့ပေါ့တန်တန် သဘောထားတယ်ဆိုတာ ဒါမျိုးတွေပါ။

၁။ တချို့က ဘဝဆိုတာ အမြဲတမ်း တည်မြဲနေတယ်။ မိမိမသေနိုင်ဘူးလို့ ထင်ကြတယ်။

၂။ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပျော်ပါးသောက်စားနေတတ်ကြတယ်။

၃။ မိမိရဲ့ နေ့စဉ်ဘဝက သာမန်ဖြစ်စဉ်လေးများကို ကျေးဇူးတင်ဖို့ မေ့နေတတ်တယ်။

၄။ ရရှိထားသည့် အခွင့်အလမ်းများကို အကောင်းဆုံး အသုံးချဖို့ သတိမမူကြဘူး။

၅။ လက်ရှိ ဖြစ်ပျက်နေသည့် အခြေအနေများကို တန်ဖိုးထားပြီး ပိုမိုကောင်းမွန်အောင် ကြိုးစားဖို့ ပျက်ကွက်နေကြတယ်။

သင်ဟာ အဲဒီလို လူမျိုးထဲက တစ်ယောက်ဆိုရင် “ခွန်းခြွေစကား” စာအုပ်ကို ဖတ်သင့်ပါတယ်။

စာအုပ်မှာ စာရေးသူ ‘ရင်ဒီပေါက်ရရှ်’ အကြောင်း ရေးပြထားတယ်။ အသက် ၄၀ ကျော်အရွယ်မှာ သူဟာ အမေရိကန်နိုင်ငံက နာမည်ကြီးတက္ကသိုလ်တစ်ခုက ကွန်ပျူတာသိပ္ပံဘာသာသင်ပြတဲ့ ပါမောက္ခတစ်ယောက် ဖြစ်နေတယ်။ လစာဝင်ငွေကောင်းကောင်းရပြီး အိမ်ကောင်းကောင်းမှာ နေတယ်။ ဇနီးနဲ့ လူမမယ် ကလေးသုံးယောက်ရှိတယ်။ ဘဝမှာ အပူအပင်ကင်းပြီး ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်လျက်ရှိတယ်။

တစ်ရက်မှာ သူဟာ တုန်လှုပ်ချောက်ချားစရာသတင်းကြားလိုက်ရတယ်။ သူ့မှာ ပန်ကရိယကင်ဆာရောဂါဖြစ်နေတယ်။ လအနည်းငယ်ပဲ အသက်ရှင်နေရတော့မယ်တဲ့။

လူအတော်များများဟာ ခုလိုအဖြစ်မျိုးနဲ့ ကြုံတွေ့ရင် ဘာဖြစ်သွားကြသလဲ။ စိတ်ဓာတ်ကျပြီး မအိပ်နိုင်မစားနိုင် ဖြစ်သွားကြတယ်။ သေမယ့်နေ့ကို တစ်ရက်ပြီးတစ်ရက် ရေတွက်ရင်း စောင့်နေလိမ့်မယ်။ ကင်ဆာရောဂါပျောက်က်လို ပျောက်ငြား ရတဲ့နည်းနဲ့ ဆေးကုကြမယ်။

ရင်ဒီပေါက်ရှ်ဟာ အဲဒီလိုလူမျိုးမဟုတ်ပါဘူး။ လူအများလုပ်သလို မလုပ်ဘူး။ အသက်ရှင်ဖို့ ကျန်ရှိတဲ့ အချိန်လေးအတွင်းမှာ လူအများအတွက် သင်ခန်းစာယူစရာတွေနဲ့ သူ့ကလေးတွေ ကြီးပြင်းလာရင် မှတ်သားစရာတွေကို နောက်ဆုံးပို့ချချက် (the last lecture) ဟောပြောဖို့ စီစဉ်တယ်။ အဲဒါတွေဟာ ဘဝအတွက် သင်ခန်းစာတွေ ဖြစ်ကြပါတယ်။

စာမျက်နှာ

284(woodfree paper)

စာအုပ်အရွယ်အစား

4.9 x 0.5 × 8.2 inches

ပုံနှိပ်မှတ်တမ်း

ပဉ္စဂံစာပေ၊ 2025 ဇန်နဝါရီလ (ပထမအကြိမ်)

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ခွန်းခြွေစကား” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဗန်းမော်သိန်းဖေ စာအုပ်များ