မျှဝေလိုသောအတွေးများ ၃

( 1 မှတ်ချက်)

7000 (ကျပ်)

မျှဝေလိုသောအတွေးများ ၃မှာ  လူမှုကွန်ယက်ပေါ်မှတ်မှတ်ထင်ထင်ရှိသော စာစုများ၊ မှတ်သားသိဖွယ်စာစုလေးများကို ပေါင်းစည်းကာ ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပါတယ်။ ဆရာဗန်းမော်သိန်းဖေ၏ မှတ်သားမိသမျှ၊ အင်တာနက်စာမျက်နှာများပေါ်တွင် ဖတ်မှတ်မိသမျှ အတွေးအမြင်လေးများကို စုစည်းဖော်ပြထားပါတယ်။ စာချစ်ပရိသတ် လူငယ်လူရွယ်တို့အတွက် ဘဝကို အကောင်းဘက်ကပြောင်းလဲဖို့ အထောက်အကူဖြစ်စေမယ့် စာအုပ်ကောင်းလေး တစ်အုပ်ဖြစ်ပါတယ်။

စာမျက်နှာ

292

စာအုပ်အရွယ်အစား

4.5 x 0.5 × 8.2 inches

ပုံနှိပ်မှတ်တမ်း

ပဉ္စဂံစာပေ၊ 2018 ဇွန်လ၊ (ပ-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

26.9.2024 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 7000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

4 in stock

မျှဝေလိုသောအတွေးများ ၃ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. မအိမ့်အိမ့်ထူးအောင် –

    #မျှဝေလိုသောအတွေးများ_၃
    #ဗန်းမော်သိန်းဖေ

    ဆရာ့ရဲ့ စာအုပ်တွေကို စတင်ဖတ်ဖူးခဲ့တာက မျှဝေလိုသောအတွေးများ (၂)ဆိုတဲ့ စာအုပ်လေးကနေပါ။ ဖတ်ရတာ ပေါ့ပေါ့ပါးပါးရှိတယ်။ ကိုယ်ကြားဖူးပြီးသား ဆောင်းပါးတွေ ပါပေမယ့်လည်း ကိုယ်မတွေးမိတဲ့ အတွေးအမြင်ရှုထောင့်အသစ်တွေကို လက်ခံတတ်လာအောင် အတွေးစလေးတွေ ချန်ထားပေးခဲ့လို့ သဘောကျမိတယ်။

    စုစည်းတင်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်ချင်းစီကလည်း ရသနဲ့သုတ မျှတစွာပါဝင်တာမို့ စာစတင်ဖတ်မယ့်သူတွေအတွက်လည်း သင့်တော်ပါတယ်။

    #အခုဒီစာအုပ်လေးဖတ်ပြီး ကျွန်မစိတ်ထဲ ဘာပြင်းပြင်းပြပြဖြစ်လာလဲဆိုတော့ အတ္ထုပ္ပတ္တိစာအုပ်တွေကို ပိုဖတ်ကြည့်ချင်စိတ် ဖြစ်လာတယ်။ နောက်လည်း မဖတ်ရသေးတဲ့ ဆရာ့စာအုပ်တွေကို ဆက်ဝယ်ဖတ်ပါဦးမယ်။

    ✨ဆရာရေးသားထုတ်ဝေခဲ့တဲ့ “မျှဝေလိုသောအတွေးများ”ဟာ စာအုပ်နံပါတ်စဥ် ၁ကနေ ၅အထိ ထွက်ရှိပြီးပါပြီ။ ၄ နဲ့ ၅ တော့ မဖတ်ရသေးဘူး။ အကုန်ဖတ်ဖူးပြီးသူရှိရင် ဘယ်နံပါတ်စဥ်စာအုပ်ကို ပိုကြိုက်လဲ ပြန်မျှဝေပေးခဲ့ပါဦးနော်❣️။

    အခုဖတ်ညွှန်းလေးရဲ့ နိဂုံးအတွက် စာအုပ်ထဲက ကျွန်မအကြိုက်ဆုံးလည်းဖြစ်ပြီး မိတ်ဆွေတို့အတွက်လည်း အကျိုးရှိစေမယ့် စာစုလေးတွေကို ပြန်လည်ရေးသားမျှဝေပေးလိုက်ပါတယ်ရှင့်။
    ❣️❣️❣️

    ?လူဖြစ်လာတဲ့ ဘဝမှာ လူသားတွေအတွက် ကောင်းကျိုးဆောင်ရွက်ခဲ့တဲ့ အမှတ်တရလေးတွေ ကိုယ်မသေခင် ချန်ထားခဲ့ပါ။

    ?လူငယ်တွေမှာ လုပ်ချင်တာတွေ များလွန်းတယ်။ အဲ့ဒါတွေထဲကမှ စွဲစွဲလမ်းလမ်း ဖြစ်နေတာကို အာရုံစူးစိုက်လုပ်ပါ။

    ?ခေါင်းဆောင်ဖြစ်ချင်ရင် ခေါင်းဆောင်တွေအကြောင်း ရေးထားတဲ့ စာအုပ်တွေကိုဖတ်ပါ။ တရားရချင်ရင် တရားစာအုပ်တွေကိုဖတ်ပါ။ ကြီးပွားချမ်းသာချင်ရင် ကြီးပွားချမ်းသာသူတွေအကြောင်း ရေးထားတဲ့ စာအုပ်တွကိုဖတ်ပါ။

    ?နိုင်ငံခြားမှာရောက်နေတဲ့ လူငယ်တွေကို အဓိကပြောချင်တာက မိမိရနေတဲ့ အခွင့်အလမ်းကို အသုံးချကြပါ။ အလုပ်လုပ်ရင်း ပိုက်ဆံရှာသလို အင်္ဂလိပ်စကားပြောကျွမ်းကျင်အောင်လည်း လုပ်ပါ။ အင်္ဂလိပ်လိုပြောတဲ့နိုင်ငံမှာ သူတို့လို များများပြောပြီး ဆက်လက်သင်ယူပါ။

    ?တစ်ခါတစ်လေ လူကြီးတွေ၊ ဆရာကြီးတွေ၊ ကျွမ်းကျင်ပညာရှင်ကြီးတွေ ပြောတိုင်း လုံးဝမှန်တယ်လို့ မမှတ်ယူပါနဲ့။ ကိုယ့်အရည်အချင်းကိုယ် သိဖို့ပဲ လိုပါတယ်။

    ?”မီးသွေးဟာ မြေအောက်မှာဖြစ်ပေါ်နေတဲ့ ဖိအားကြောင့် စိန်ဆိုတာ ဖြစ်လာတာပါ။ ဖိအားသာမရှိရင် စိန်တုံးဖြစ်မလာဘဲ မီးသွေးအဖြစ်ဘဲ ဆက်လက်တည်ရှိနေမှာပါ”တဲ့။
    ဒါကြောင့် လူ့ဘဝမှာ ကြုံတွေ့လာတဲ့ အခက်အခဲတွေ ဒုက္ခတွေဟာလည်း ကိုယ့်ကို အရည်အချင်းတက်လာအောင် အဖိုးတန်စိန်ဖြစ်လာအောင် လုပ်ပေးနေတဲ့ မြေကြီးရဲ့ ဖိအားတွေလို့ မှတ်ယူထားလိုက်ပါ။

    ?စာအုပ်တစ်အုပ်ကို ဝယ်လိုက်ပြီဆိုရင် စာအုပ်ကို အလှကြည့်သိမ်းထားဖို့လား၊ စာအုပ်ထဲက အကြောင်းအရာတွေကို ကျေညက်အောင်ဖတ်ပြီး ရလာတဲ့ အသိအမြင်နဲ့ မိမိဘဝတိုးတက်အောင် လုပ်ဖို့လားဆိုတာကို ခွဲခြားသိပါ။ စာအုပ်ဖတ်ဖို့ အချိန်မရှိဘူးလို့ တွေးနေမိရင်လည်း စာဖတ်ဖို့အချိန်ကို အခုချက်ချင်း ကြံဖန်ရှာလိုက်ပါ။

    ?စာအုပ်တစ်အုပ်ကို ၃ ခန်းလောက်ဖတ်ကြည့်ပြီးလို့ စိတ်မဝင်စားဘူးဆိုရင်၊ ဒါမှမဟုတ်
    သင့်အတွက် အကျိုးရှိစေမယ့် အကြောင်းအရာတွေ ပါတာမတွေ့ရင် အဲ့ဒီစာအုပ်ကို ဆက်ဖတ်မနေပါနဲ့တော့။ အဲ့ဒီစာအုပ်ကို အဝေးတစ်နေရာမှာထားပြီး နောက်တစ်အုပ်ပြောင်းဖတ်ပါ။ အဲ့ဒါက သင့်အတွက် ပိုအကျိုးရှိပါလိမ့်မယ်။

    ?ကျွန်တော်တို့ဘဝမှာ ကြီးပွားအောင်မြင်ဖို့
    အခွင့်အလမ်းတွေ ပေါ်လာတတ်ပါတယ်။ ဒါပေမယ့် ပေါ်လာတဲ့ အခွင့်အလမ်းတွေကို အချိန်မရှိလို့၊ ခက်ခဲလို့၊ နောင်လည်း အခွင့်အလမ်းတွေ ပေါ်လာနိုင်သေးတယ် စတဲ့ ဆင်ခြေတွေပေးပြီး ချက်ချင်း ဖမ်းဆုပ်မယူမိတာမျိုး ရှိခဲ့မှာပါ။ အခွင့်အလမ်းဆိုတာ ပေါ်လာတုန်းမှာ အမိအရ ဖမ်းယူရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘဝမှာ အခွင့်အလမ်းဆိုတာ နှစ်ကြိမ်နှစ်ခါ လာရိုးထုံးစံ မရှိလို့ပါ။

    #မိတ်ဆွေတို့လည်း ဒီစာအုပ်လေးထဲကနေ အကြိုက်ဆုံးစာသားရှိရင် အချင်းချင်းမျှဝေဖို့ commentပေးခဲ့လို့ ရပါတယ်နော်။
    .
    .
    .
    #ကျေးဇူးတင်ပါတယ်။
    #ချစ်ခင်လေးစားစွာဖြင့်
    #အိမ့်
    Mon, Oct 19, 2020

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဗန်းမော်သိန်းဖေ စာအုပ်များ