NIKE ဖိနပ်ပုံပြင်

( 2 မှတ်ချက်)

9000 (ကျပ်)

စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်မှုရဖို့ သွားတဲ့လမ်းကြောင်းဟာ ရှုပ်ထွေးပွေလီတယ်။ အန္တရာယ်များတယ်။ ဖရိုဖရဲနိုင်တယ်။ ပြီးတော့ အပတ်တကုတ် ကြိုးစားအားထုတ်မှုတွေ၊ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့လည်း ပြည့်နှက်နေတယ်။ ဖီးလ်နိုက်က Shoe Dog စာအုပ်မှာ အဲဒါတွေကို ရှင်းရှင်းလင်းလင်းရေးပြထားတယ်။ ဖီးလ်နိုက်ကို ချီးကျူးစရာကောင်းတာက သူဟာ အနည်းငယ်သော CEO တွေသာ လုပ်ရဲတဲ့ အလုပ်တွေကို ရေးသားဖော်ပြထားတဲ့အပြင် သူ့ဘဝအကြောင်းနဲ့ သူ့ကျရှုံးမှုတွေကိုလည်း အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ရေးသားထားတယ်။ ဖီးလ်နိုက်ဟာ Nike ကို မတော်တဆ အောင်မြင်သွားတဲ့ ကုမ္ပဏီလို့ ရိုးသားစွာ ဝန်ခံထားတယ်။ မယုံကြည်နိုင်ဖွယ် ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ပါပဲ။

Bill Gates

ပြီးခဲ့တဲ့နှစ်က ဖတ်ခဲ့သမျှစာအုပ်တွေထဲမှာ အကောင်းဆုံးစာအုပ်ဟာ NIKE တည်ထောင်သူ ဖီးလ်နိုက်ရေးတဲ့ SHOE DOG ပါ။ ဖီးလ်နိုက်ဟာ ညဏ်ထက်မြက်သူ၊ နိုင်လိုစိတ်ပြင်းပြသူဖြစ်သလို ပုံပြောကောင်းသူတစ်ယောက်လည်းဖြစ်ပါတယ်။

Warren Buffett

– ဒီစာအုပ်မှာ Nike ဖိနပ်တီထွင်ခဲ့သူ “ဖီးလ်နိုက်” က 1962 ခုနှစ်မှာ ဂျပန်နိုင်ငံက အပြေးဖိနပ်တွေမှာယူပြီး အမေရိကန်နိုင်ငံထဲမှာ ရောင်းတဲ့ Blue Ribbon ကုမ္ပဏီလေးကို တည်ထောင်ခဲ့ရာက 1980 ပြည့်နှစ်မှာ ကမ္ဘာကျော် Nike,Inc ဖိနပ်ကုမ္ပဏီကြီး ဖြစ်လာတဲ့အထိ ၁၈နှစ်အတွင်း ဖြစ်ပျက်ခဲ့တာတွေကို နှစ်အလိုက် အဆင့်ဆင့် ရေးပြထားပါတယ်။

– ဖီးလ်နိုက်က လူငယ်တွေနဲ့ စီးပွားရေးသမားတွေကို မိမိရဲ့ အိပ်မက်ဟာ ရူးသွပ်တဲ့ အကြံဖြစ်နေပေမယ့်လည်း အကောင်အထည်ဖော်ဖို့ တိုက်တွန်းထားပါတယ်။ ဒီစာအုပ်မှာ သူ့ရဲ့ ရူးသွပ်တဲ့အကြံကနေ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုရတဲ့ NIKE ကုမ္ပဏီကြီး ဖြစ်လာအောင် လုပ်နိုင်ခဲ့တယ်။ သူဟာ ကုမ္ပဏီကို ဘယ်လိုတည်ထောင်ခဲ့တယ်၊ လုပ်ငန်းတစ်ခု စ လုပ်ရင် ဘယ်လိုအခက်အခဲတွေ တွေ့နိုင်တယ်။ အဲ့ဒါတွေ ဘယ်လို ကြိုးစားပြီး ကျော်လွှားအောင်မြင် လုပ်နိုင်တယ်ဆိုတာတွေ ရေးပြထားလို့ စီးပွားရေးလုပ်ငန်းလုပ်ချင်သူများ ၊ လုပ်ကိုင်နေသူတွေနဲ့ အပြေးဖိနပ်အကြောင်း စိတ်ဝင်စားသူတွေ ဖတ်သင့်တဲ့စာအုပ်ပါ။

စာမျက်နှာ

519

စာအုပ်အရွယ်အစား

4.9 x 0.8 x 8.3 inches

ပုံနှိပ်မှတ်တမ်း

ပဉ္စဂံစာပေ၊ 2023 ဩဂုတ်လ (ပထမအကြိမ်)

7 in stock

NIKE ဖိနပ်ပုံပြင် အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Chan Nyein Aung

    ဒီစာအုပ်လေးကတော့ လူငယ်တွေ ဖတ်ကို ဖတ်သင့်တဲ့ စာအုပ်လေးပါလို့ ပြောပါရစေ။
    ဘာလို့ ဒီစာအုပ်ကိုဖတ်သင့်တာလဲ….?
    မိမိဘဝကို တန်ဖိုးထားသူတိုင်း.. စီးပွားရေးကို စိတ်ဝင်စားသူတိုင်း…nikeဖိနပ်အကြောင်းစိတ်ဝင်စားသူတိုင်းဖတ်သင့်တယ်။ အထူသဖြင့်လူငယ်တွေ ဖတ်ဖြစ်အောင် ဖတ်ပါ။ လုံးဝ အကျိုးမရုတ်ပါဘူးလို့ အာမခံပါတယ်။
    ကျွန်တော်လည််း လူငယ်တစ်ယောက်မို့ အထူးညွန်းဆိုနေရခြင်း ဖြစ်ပါတယ်။
    ဆရာဗန်းမော်သိန်းဖေ စာအရေးအသားက ခုမှစာဖတ်ခါစ လူငယ်တွေ နဲ့လဲ ကွက်တိပါပဲ။ များများ ပြောနေဖို့ မလိုတော့ဘူးထင်မိပါတယ်။ ခုချက်ခြင်း အမှာတင်ပြီး ဝယ်ဖတ်ကြည့်ပါ။

  2. Aung Khine Min (verified owner)

    ရေ‌ေြမလေမြေမတူကြပေမယ့် တိုးတက်အောင်မြင်ချင်တဲ့လူတိုင်းဖတ်သင့်တဲ့စာအုပ်ကောင်းလေးတစ်ခုပါ။ဘ၀ကို၀န်ထမ်းဘ၀နဲ့မဖြတ်သန်းချင်ဘဲ ကိုယ်ပိုင်လမ်း၊လျှောက်လမ်းဖောက်ချင်တဲ့သူ‌တိုင်းအတွက်အထောက်အကူဖြစ်စေမှာအမှန်ပဲ။Pressureဆိုတဲ့အရာတွေကိုကျော်ဖြတ်ပြီးနိုင်တဲ့အချိန်ဟာကို့အတွက်‌ပျော်ရွှင်ရသောစိတ်၊ငါလုပ်နိုင်ပါတယ်ဆိုတဲ့စိတ်၊အမျိုးမျိုးအဖုံဖုံသောအကြောင်းအရာများကိုစိတ်၀င်စားအောင်ဖော်ပြပြောဆိုရေးသားထားသောစာအုပ်ကောင်းတစ်အုပ်ပါ။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ဗန်းမော်သိန်းဖေ စာအုပ်များ