ချိုချဉ်

( 0 မှတ်ချက်)

8000 (ကျပ်)

ဝေါလ်မတ်စတိုးဆိုင်တွင် ထိုကောင်ကလေးကို ပထမဆုံး စတွေ့သည့်နေ့မှစ လေးလတိတိ ပြည့်မြောက်သည့်နေ့တွင် ဖီလ်ပင်ဒဲလ်တန်၏ နောက်ဆုံး လက်ကျန်သွားများ ကျွတ်ထွက်ကုန်လေသည်။

ဖီလ်ပင်ဒဲလ်တန်ဟာ နာမည်ရဘဏ်တစ်ခုမှာ လက်ထောက်မန်နေဂျာဖြစ်ပြီး သူ့ချစ်သူလော်ရီဆိုတဲ့ အမျိုးသမီးနဲ့အတူ အေးချမ်းတဲ့ဘ၀လေးပိုင်ဆိုင်ထားသူပါ။ တစ်ရက်မှာတော့ သူဟာ ကားအက်ဆီးဒင့် ထဖြစ်ပါတယ်။ အက်ဆီးဒင့်မဖြစ်ခင် ဝေါလ်မတ်စတိုးဆိုင်မှာ ထူးဆန်းတဲ့အမျိုးသမီးတစ်ယောက်နဲ့ သူ့ရဲ့ သားဖြစ်သူ ခပ်ဆိုးဆိုးကောင်ကလေးကိုလည်း တွေ့ခဲ့ရပါသေးတယ်။ အပြန်မှာ စတိုးဆိုင်မှာတွေ့ခဲ့တဲ့ အဲဒီအမျိုးသမီးက သူ့ကားကို အနောက်ကနေအရှိန်နဲ့ဝင်တိုက်တယ်။ အက်ဆီးဒင့်ဖြစ်တဲ့နေရာမှာပဲ အဲဒီအမျိုးသမီးက သူ့ကိုချိုချဉ်တစ်လုံးလာပေးတယ်။ ပြီးတော့ သူ့ကိုယ်သူ သတ်သေသွားတယ်။

အဲဒီအမျိုးသမီးက ဖီလ်ကို ဘာလို့ ချိုချဉ်လေးတစ်လုံးပေးခဲ့တာလဲ။

အဒမ်ဆိုတဲ့ကောင်လေးကရော သူ့ကိုဒယ်ဒီလို့ ဘာကြောင့် ခေါ်နေရသလဲ။

သဘာဝလွန်အိပ်မက်ထဲ နစ်မြုပ်နေသူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်ဖွယ်ရာခံစားချက်များနဲ့ ဘာဆက်ဖြစ်မယ်ဆိုတာကို  မှန်းဆအဖြေရှာဖို့ခက်တဲ့ မူရင်း Kealan Patrick Burke ရဲ့ Sour Candy ကို ဆရာနဒီလင်းသစ်က ”ချိုချဉ်”အဖြစ် ဘာသာပြန်ဆိုထားပါတယ်။

စာမျက်နှာ

126(Woodfree Paper)

စာအုပ်အရွယ်အစား

5.4 x 0.3 x 8.1 inches

ပုံနှိပ်မှတ်တမ်း

လမ်းပြကြယ်စာအုပ်တိုက်၊ 2024 ဇန်နဝါရီလ (ပထမအကြိမ်)

9 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ချိုချဉ်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

နဒီလင်းသစ်(ဆေး-၂) စာအုပ်များ