၁၉၂၂

( 1 မှတ်ချက်)

9000 (ကျပ်)

💜 ကမ္ဘာကျော် သည်းထိတ်ရင်ဖို စာရေးဆရာကြီး Stephen King ရဲ့ ပြောင်မြောက်တဲ့လက်ရာနဲ့ ဆရာ နဒီလင်းသစ်(ဆေး-၂)ရဲ့ ဘာသာပြန်လက်ရာကို ပေါင်းစပ်ပြီး ဖတ်ရှုရမယ့် သည်းထိတ်ရင်ဖို ဟော်ရာ၀တ္ထု ၁၉၂၂ . . .

✍️ Stephen King ဟာ ဘာသာပြန် စာဖတ်ပရိသတ်တွေကြား များစွာ ထိတွေ့မှုရှိတဲ့ စာရေးသူပါပဲ။A good marriage, Pet sematary, In the tall grass , Joy Land , Perfume ,…. စသည့်ဖြင့် ထိတ်လန့်သည်းဖို ဘာသာပြန်စာအုပ်တွေကို ပြေးမြင်မိကြပါလိမ့်မယ်။

💜 ” ၁၉၂၂ ” ကတော့ စတီဖန်ကင်းရဲ့ နာမည်ကြီးစာအုပ်တွေထဲက တစ်အုပ်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အတ္တကြီးပြီး တစ်ယူသန် အစွဲကြီးလှတဲ့ ဂျိမ်းစ်တို့ လင်မယားနှစ်ယောက်ကြား အိမ်‌တွင်းရေးကိစ္စတွေနဲ့ သဘောထားကွဲလွဲမှုတွေ များလာတဲ့အခါ….ခံယူချက်ချင်း မတူသူ‌ေတွအလျောက် လမ်းခွဲကွာရှင်းဖို့အထိ ဖြစ်လာတယ်။

💜 ၁၉၂၂ မတ်လရဲ့ မြူ‌ေတွဆိုင်း‌ေနတဲ့ နေ့တစ်နေ့မှာ လယ်သမား ဝီလ်ဖရက်ဂျိမ်းစ်ရဲ့ ကိုယ်ထဲက ကိုလူစိမ်းရဲ့လက်ထဲကို ဇနီးဖြစ်သူ အာတီလက်ဂျိမ်းစ်ရဲ့ ကံကြမ္မာဟာ သက်ဆင်းသွားရပြီး မထင်မှတ်ထားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါတယ်။

💜 အဲ့ဒီအချိန်ကစလို့ ဝီလ်ဖရက်တို့ မိသားစုရဲ့ဘ၀ထဲကို အရိပ်မည်းကြီးတစ်ခုက အုပ်မိုးထားပါတော့တယ်။

💜 အဲ့ဒီလို ထိတ်လန့်သည်းဖို ၁၉၂၂ခုနှစ်က ဇာတ်လမ်းတစ်ပုဒ်ဟာ လူတွေဆီမှာ မထားသင့်တဲ့ အတ္တမာနနဲ့ တစ်ကိုယ်ကောင်းစိတ်တွေကို ရောယှက်ပြီး လူ့သဘာ၀ကို ဖော်ကြူးထားတယ် ။

💜 သေချာတာကတော့ ဒီစာအုပ်ဟာ ဖတ်ပြီးရင် Stephen King ရဲ့ ထူးခြားဆန်းပြားတဲ့ အတွေးအခေါ်တွေနဲ့ ရင်ထဲရင်ထဲ တစ်ခုခုထင်ကျန်နေခဲ့မှာ အသေအချာပါပဲ။

စာမျက်နှာ

248

စာအုပ်အရွယ်အစား

5.5× 0.4×8.1 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2023 ဒီဇင်ဘာလ (ပထမအကြိမ်)

5 in stock

၁၉၂၂ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Mon Halsey

    ၁၉၂၂ တဲ့..။
    စာအုပ်ခေါင်းစဉ်ကိုကစိတ်ဝင်စားစရာပဲဖြစ်ပါတယ်။
    ဒီရက်ပိုင်းမှာဘာသာပြန်စာအုပ်ကလေးတွေ တော်တော်များများ ဖတ်ဖြစ်နေပါတယ်။ ၁၉၂၂ ကတော့လက်ထဲကမချနိုင်အောင် စွဲနေခဲ့တာမို့ စာအုပ်ကောင်းကြိုက်တဲ့စာဖတ်သူတွေကို ညွှန်းပေးလိုက်ချင်ပါတယ်။
    ဒီဇာတ်လမ်းဟာ Psycho/Drama
    ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ၁၉၂၂ ခုနှစ်မှာ မိန်းမကို လုပ်ကြံမိခဲ့တဲ့အထိ လောဘအမိုက်မှောင်ဖုံးနေတဲ့လူတစ်ယောက်ရဲ့ နောင်တ၊ စိတ်ဓါတ်ပျက်စီးခြင်း၊ရူးသွပ်ခြောက်လှန့်ခံနေရခြင်းနဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို ပုံဖော်ရေးဖွဲ့ထားတာပါ။
    မြေနဲ့ပတ်သတ်တဲ့လောဘတစ်ခုက လူတစ်ယောက်ကိုဘယ်လောက်အထိ ဆွဲခေါ်သွားနိုင်သလဲဆိုတာ.. မိမိနဲ့အနီးစပ်ဆုံး သူတွေကိုတောင် ဒုက္ခပေးလိုက်နိုင်တဲ့အထိပါပဲ။
    Stephen King ရဲ့ “1922” ဆိုတဲ့ စာအုပ်ကို နဒီလင်းသစ် (ဆေး-၂)ကမြန်မာလိုဘာသာပြန်ရေးသားထားခြင်းဖြစ်ပါတယ်။ ဘာသာပြန်လက်ရာလည်းအင်မတန်ချောမွေ့တာကြောင့် ကြောက်လည်းကြောက်၊ ဒေါသတွေလည်းထွက်ပြီး ဖတ်ခဲ့ရတဲ့ အမှတ်တရဇာတ်လမ်းတစ်ပုဒ်ပါပဲ။
    ဒီစာအုပ်ဟာ Stephen King ၂၀၁၀ ခုနှစ်က ထုတ်ဝေခဲ့တဲ့ “Full Dark, No Stars” စာအုပ်ရဲ့ တစ်စိတ်တစ်ပိုင်းပါ။
    “1922” ဟာ လူ့သဘာဝရဲ့ အမှောင်ဆုံးဘက်အခြမ်း Dark Side တွေကိုစိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကောင်တွေနဲ့ဖော်ထုတ်ပြသထားတာကြောင့်ဖတ်ရှုသူတွေနဲ့ ဝေဖန်သူတွေ..အလွန်ကို အာရုံစိုက်ခံခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။
    ဇာတ်ကောင်တွေရဲ့ အတွင်းစိတ်ဖိစီးမှု တွေကို ထိထိရောက်ရောက် ဖော်ပြနိုင်ခဲ့တာကြောင့် အဖိုးတန်တဲ့ စာပေလက်ရာတစ်ခုဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ လျှို့ဝှက်သည်းဖိုဝတ္ထု ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူဆိုရင် “1922” ဟာ သိပ်ကို စွဲမက်ဖွယ်ကောင်းတဲ့ စာအုပ်တစ်အုပ်ဖြစ်မှာ သေချာပါတယ်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

နဒီလင်းသစ်(ဆေး-၂) စာအုပ်များ