လူငယ်တွေဂေါ်ဖို့၂၁ရာစုဂေါ်ဋီကာ
4800 (ကျပ်)
ကိုယ်လုပ်ချင်တဲ့ အလုပ်ကလေး စလုပ်ဖို့ အနောက်ကနေ တွန်းပေးမယ့် တွန်းအားလိုနေတာလား…စရမယ့် ပရောဂျက်ကို စဖို့ မဝံ့မရဲဖြစ်ပြီး ဘေးဖယ်ထားရင်း တွေဝေနေသလား… ဒီလိုဆိုရင်တော့ ဒီစာအုပ်က သင့်အတွက်ပါပဲ။ ဘာကြောင့် လူတချို့က ပိုက်ဆံတွေ ရေလိုသုံးနိုင်၊ အပျံစားသူငယ်ချင်းတွေရှိပြီး အလန်းလွန် အလွန်လန်းတဲ့ ဘဝမှာနေ၊ အရမ်းကို အောင်မြင်နေတဲ့ အလုပ်တစ်ခု ရှိနေတဲ့အချိန် တချိုတွေကတော့ ခြေလှမ်းတိုင်းကို ရုန်းကန်နေရပြီး အမြဲတမ်း မွဲတေနေရင်း တစ်နေ့တစ်နေ့ ခက်ခက်ခဲခဲ ဖြတ်သန်းနေရသလဲ။ လူတချို့က အလုပ်တွေလုပ်၊ အစားကောင်းအသောက်ကောင်းတွေစား၊ ကောင်းကောင်းအနားယူ၊ လည်ပတ်နေရင်း သူတို့ခန္ဓာကိုယ်ကို ဂရုတစိုက်တသသလုပ်ပြီး အကူအညီလိုအပ်နေတဲ့သူတိုင်းကို အကူအညီပေးနိုင်နေအောင် ဘယ်လိုအရာတွေကစွမ်းဆောင်နိုင်စေတာလဲ။ တချို့လူတွေက ကိုယ့်ကိုယ်ကိုယ် မယုံမရဲနဲ့ အချိန်ဆွဲမိနေတဲ့အချိန် တချို့လူတွေက ပေါင်းသင်းဆက်ဆံရေး ကောင်းလွန်းနေပြီး ဆုံးဖြတ်ချက်တွေချ၊အလုပ်တွေ အောင်မြင်နေရတာရဲ့ လျှို့ဝှက်ချက်က ဘာလဲ။ ကိုယ့်ဘဝကို နေချင်တဲ့ပုံစံနဲ့ နေပြီး ကိုယ့်လိုအင်ဆန္ဒမှန်သမျှကို ပျော်ပျော်ကြီး ဖြည့်ဆည်းနိုင်ဖို့၊ တစ်နည်းအားဖြင့် တကယ်ဂေါ်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ အဖြေကတော့ ရက်စ် ပါ။ ဒီစာအုပ်မှာ စာဖတ်သူကိုယ်တိုင် လိုချင်တာတွေ ပြည့်ဝနိုင်စေမယ့်၊ မလိုချင်တာတွေ ဝေးဝေးပြေးနိုင်စေမယ့် ချက်ချင်းအသုံးချနိုင်တဲ့ အစွမ်းအထက်ဆုံး စည်းမျဉ်း ၁၁ ချက်ကို မျှဝေပေးထားပါတယ်။
စာမျက်နှာ | 169 |
---|---|
စာအုပ်အရွယ်အစား | 5.7 x 0.5 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | သားငယ်စာအုပ်တိုက်၊ 2022 အောက်တိုဘာလ (ပထမအကြိမ်) |
5 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ