အရံလူ
20000 (ကျပ်)
နှစ်ဆယ်ရာစု၏ စိတ်နှလုံးညှိုးခြုံးစရာ ပုံရိပ်တစ်ခု။ ကောင်ကလေးနှစ်ယောက်၊ အတိအကျ ဆိုရပါမူ မင်းသားလေးနှစ်ပါး။ မိခင်ဖြစ်သူ၏ အခေါင်းအနောက် ညှိုးငယ်စွာ လမ်းလျှောက်ပြီး လိုက်ပါပို့ဆောင်နေသည်ကို တစ်ကမ္ဘာလုံးက ဝမ်းနည်းကြေကွဲစွာ၊ ထိတ်လန့်စွာ စောင့်ကြည့်နေကြသည်။ မင်းသမီးဒိုင်ယာနာ လောကကြီးကို နှုတ်ဆက်ခွဲခွာသွားပြီးနောက် သားတော်နှစ်ပါးဖြစ်ကြသည့် မင်းသားဝီလျှံနှင့် မင်းသားဟယ်ရီတို့ ဘာတွေတွေးနေ၊ ခံစားနေကြရမလဲ၊ ထိုအချိန်မှစ သူတို့ရဲ့ ဘဝလေးတွေ ဘယ်လိုဖြစ်သွားကြလေမလဲ… လူသန်းပေါင်းများစွာက စိတ်ဝင်စားနေကြသည်။
ဟယ်ရီ့အတွက်တော့ ဒါသည်ပင် ဒီဇာတ်လမ်းကို ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည်။ မိခင်ဖြစ်သူကို မဆုံးရှုံးရသေးခင်အထိ အသက်ဆယ့်နှစ်နှစ်အရွယ် မင်းသားငယ်ဟယ်ရီ၏ ဘဝမှာ အပူအပင်ကင်းကင်းဖြင့် နန်းမွေခံထက်ပင် ပျော်ရွှင်သောဘဝကို ခံစားရရှိခဲ့သော်လည်း ဝမ်းနည်းစရာ ကိစ္စကြီးကို ကြုံလိုက်ရခြင်းက သူ့ကို အရာရာကို ပြောင်းလဲသွားစေခဲ့သည်။ သူက ကျောင်းစာတွင် ရုန်းကန်ရသည်။ ဒေါသကို ထိန်းချုပ်ရခြင်းတွင် ရုန်းကန်ရသည်။ အထီးကျန်ဆန်လာသည်။ ထို့နည်းတူ လူတွေ၏ စောင့်ကြည့်မှု မီးရောင်အောက်တွင် ရုန်းကန်နေရသည့်ဘဝကို လက်ခံရန်ထက် သူ့မိခင် ဆုံးရှုံးရသည်ကိုသာ အပြစ်ဖို့လာသည်။ အသက်နှစ်ဆယ့်တစ်နှစ်အရွယ်တွင် သူက ဗြိတိသျှ စစ်တပ်ကို ဝင်သည်။ စည်းကမ်းတွေက သူ့ကို စနစ်ကျနသွားစေပြီး စစ်မြေပြင် စစ်ဆင်ရေးခရီးနှစ်ခေါက်က သူ့ကို သူရဲကောင်းအဖြစ် ပြည်တော်ပြန်ဝင်စေခဲ့သည်။ သို့ရာတွင် သူက အရင်ထက်ပိုပြီး လမ်းပျောက်လာသလို ခံစားလာရသည်။ စိတ်ဒဏ်ရာ၏ ဖိစီးမှုများကို ခံစားလာရသလို အထိတ်တလန့်ဖြစ်ခြင်းက ဘာမှ မလုပ်မကိုင်နိုင်တော့သည်အထိ ဆိုးရွားလာသည်။ အဆိုးဆုံးက သူ့အတွက် အချစ်စစ်ကို ရှာမတွေ့ခြင်းပင်။
နောက်တော့ သူ မီဂန်နှင့်တွေ့သည်။ ကမ္ဘာလောကကြီးက သူတို့နှစ်ဦး၏ ရုပ်ရှင်ဆန်ဆန် အချစ်ဇာတ်လမ်းကို တမေ့တမော အားပေးကြရင်း ပုံပြင်ဆန်လှသည့် မင်္ဂလာဆောင်ကို စီးမျောခံစားကြသည်။ သို့သော်လည်း အစကတည်းကပင် ဟယ်ရီနှင့် မီဂန်တို့နှစ်ဦးစလုံးက စာနယ်ဇင်းများ၏ အမဲလိုက်ခြင်း၊ တိုက်ခိုက်ခံရခြင်း၊ လူမျိုးရေးခွဲခြားခံရခြင်းနှင့် လံကြုတ်ဇာတ်လမ်းများ၏ သားကောင်ဖြစ်ခဲ့ရရှာသည်။ ဇနီးသည်ဖြစ်သူ ခံစားနေရသည့် ဝေဒနာကိုကြည့်ရင်း သူတို့၏ လုံခြုံရေး၊ အန္တရာယ်ရှိနေပြီဖြစ်သည့် စိတ်ကျန်းမာရေးအခြေအနေများကြောင့် မိခင်ဖြစ်သူ ဆုံးပါးသွားရသည့် ဖြစ်ရပ်မျိုး သမိုင်းနောက်တစ်ကြော့ ပြန်မလည်စေရေးအတွက် ဟယ်ရီ့အဖို့ အမိမြေကို စွန့်ခွာရန်မှတပါး အခြားမရှိတော့ချေ။ ရာစုနှစ်ပေါင်းများစွာအတွင်း တော်ဝင်မိသားစုကို စွန့်ခွာရန်ဆိုသည်မှာ လူနည်းစုအတွက်ပင် မကြံကောင်းမစီရာ အဖြစ်မျိုး။ နောက်ဆုံးကြိုးစားခဲ့သူမှာ သူ၏ မိခင်အရင်းဖြစ်သူ မင်းသမီးဒိုင်ယာနာ… ပထမဆုံး အကြိမ်အဖြစ် မင်းသားဟယ်ရီက သူ့ဘဝဇာတ်ကြောင်း၊ သူကိုယ်ရေးမှတ်တမ်းကို တည်းဖြတ်ခြင်းမရှိ၊ အကြမ်းထည်အတိုင်း အရိုးခံ ချပြလိုက်ပါပြီ။ ထုတ်ဝေရေးလောကအတွက် ထင်ရှားသည့် မှတ်တိုင်တစ်ခုဖြစ်ပြီး အရံလူစာအုပ်သည် ရှုထောင့်အမြင်များ၊ ဖော်ထုတ်မှုများ၊ မိမိကိုယ်ကို ဆန်းစစ်မှုများ၊ ဝမ်းနည်းမှုအပေါ် အောင်မြင်ကျော်လွှားနိုင်စေမည့် အဆုံးအစမဲ့စွမ်းအားဖြစ်သော ချစ်ခြင်းမေတ္တာအတွက် ခက်ခဲစွာ ရှာဖွေတွေ့ရှိလာရသည့် အရာတစ်ခုလည်း ဖြစ်ပါသည်။
ဆပ်စက်စ်မြို့စား မင်းသားဟယ်ရီက –
“ကျွန်တော် ဒီစာအုပ်ကို မွေးရာပါဖြစ်ခွင့်ရတဲ့ မင်းသားတစ်ပါး အနေနဲ့ရေးတာ မဟုတ်ဘဲ တဖြည်းဖြည်းချင်းဖြစ်တည်လာတဲ့ လူတစ်ဦးအနေနဲ့ ရေးထားတာပါ။ နှစ်ပေါင်းများစွာ စာတွေ့ရော၊ လက်တွေ့ပါ ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေ အများကြီးရှိခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်အကြောင်းကို ပြန်ပြောရာမှာလည်း အနိမ့်အမြင့် အတက်အကျတွေ၊ အမှားတွေ၊ သင်ယူခဲ့ရတဲ့ သင်ခန်းစာတွေကိုပါ ဖော်ပြခြင်းအားဖြင့် ကျွန်တော်တို့ ဘယ်က ဆင်းသက်လာသလဲဆိုတာထက် တွေးခေါ်ပုံမှာ အတူတူဖြစ်ပါတယ်ဆိုတဲ့အကြောင်းကို မြင်အောင် ရှင်းပြနိုင်လိမ့်မယ်လို့ ထင်မိပါတယ်။ ကျွန်တော့်ဘဝရဲ့ ဒီအချိန်အထိ သင်ယူလေ့လာခွင့် ရသမျှကို မျှဝေချပြခွင့်ရတဲ့အတွက် တကယ်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိသလို လုံးဝ တိကျသေချာတဲ့ အမှန်တရားတွေချည်းဖြစ်တဲ့ ကျွန်တော့်ဘဝအကြောင်းကို စိတ်ဝင်တစား ဖတ်ရှုပေးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ချင်းစီအတွက်လည်း စိတ်လှုပ်ရှားမိပါရဲ့။” လို့ ဆိုထားပါတယ်။
စာမျက်နှာ | 650 (ရောင်စုံဓာတ်ပုံများပါဝင်ပါသည်) |
---|---|
စာအုပ်အရွယ်အစား | 5.1 x 1.5 x 8.1 inches |
ပုံနှိပ်မှတ်တမ်း | စာပေလောက၊2023 မေလ ၊ (ပထမအကြိမ်) |
8 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ