ဆံနွယ်ခက်ခက် အိပ်မက်ရနံ့ဟောင်း နှင့် ကိုသံချောင်းနှင့် နှစ်ပေါင်း၂၀
3000 (ကျပ်)
ဆံနွယ်ခက်ခက် ဆိုတဲ့ ဝတ္ထုလတ်မှာ မြို့အမည် မဖော်ပြ၊ တည်နေရာမပြောပြထားတဲ့ မြို့လေးတစ်ခုက ဆိုးတေတေ ဆယ်ကျော်သက် အထက်တန်းကျောင်းသား ကောင်လေးတစ်ယောက်ရဲ့ စိတ်လှုပ်ရှားမှုတွေကို ခပ်သွက်သွက်စကားပြောဟန်နဲ့ ရယ်ရွှန်းပတ်ရွှန်းပြောပြထားပါတယ်။ ကောင်လေးတစ်ယောက်ရဲ့ ဒေါင့်မကျိုးတဲ့ ပေစောင်းစောင်း ဟန်ပန်ရယ်၊ အချစ်ဦးနဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်ရာ ပထမဆုံးရင်ဆိုင်ရပုံတွေကို ရေးဖွဲ့သွားပါတယ်။
ဒုတိယတစ်ပုဒ် ကိုသံချောင်းနဲ့ နှစ်ပေါင်း၂၀ ဝတ္ထုက ဘဝနည်းနည်းဆန်ပါတယ်။ သူက နှုတ်ခမ်းမွှေးလို့ အမှတ်သညာပြုတဲ့ လူတစ်ယောက်နဲ့ ရန်ကုန်မှာ စတင်သိကျွမ်းခဲ့ပုံ။ ပထမမှာ လူ့ဂွစာ ဆန်လွန်းတဲ့ အဲ့ဒီလူကြီးကို မြင်ပြင်းကတ်ပုံ။ ဘဝကို ငတ်လှည့်ပြတ်တလှည့်အတူတူရုန်းကန်ကြရင်းတဖြေးဖြေးအချိန်တွေကြာလာတဲ့အခါသူက ဓားတောင်ကို ကျော်၍ မီးပင်လယ်ကိုဖြတ်မည် ဝတ္ထုထဲက ကိုသံချောင်းလို့ အမည်ပြောင်ပေးခဲ့မိတဲ့အထိ ခင်မင်ခဲ့ကြရာက နောင်နှစ်ပေါင်း၂၀ကျော်ကြာတဲ့အထိ တွဲလက်မြဲခဲ့ရတဲ့ ရဲဘော်ရဲဘက် တစ်ယောက်အကြောင်းဖြစ်ပါတယ်။ ကိုသံချောင်းအကြောင်းပြောရင်း ပါပီယွန်ဟာ သူ့အတိတ်ဘဝတစ်စိတ်တစ်ပိုင်းကို လှစ်ပြထားပါသေးတယ်။
စာမျက်နှာ | 102 |
---|---|
စာအုပ်အရွယ်အစား | 5.2 x 0.3 x 7.5 inches |
ပုံနှိပ်မှတ်တမ်း | ဝိုင်းမော်၊ 2020 ဇွန်လ (ပ-အကြိမ်) |
19 in stock
Wai Yan –
I have just a few words to say about the first novella, as it felt tiny and mediocre in comparison to the novella in tandem. It was just a cute story about young love. ပါပီယွန် never denies or confirms his stories to be either fiction or non-fiction but my money on this particular story is that it’s a creation of his imagination because it’s lacking the heart and weight of his usual tales.
The second novella is another story all together. ကိုသံချောင်း or Mustache is such a dynamic character to read. His personality has a lasting effect on me as a reader. Through all the bad hands he’s been dealt with in life, he never let such experience change who he is in his essence. He is honest, kind, hardworking and passionate. These qualities of his were the driving force of the story and the actions he took in the situations that he was put in, emphasizes his nature and his belief in the the potential of our country, Myanmar and serves as a role-model for us all.