ဂန္ဓာရီဂမ္ဘီရသံခိပ်
16000 (ကျပ်)
ဂန္ဓာရီဂမ္ဘီရ လောကီပညာ မှော်ပညာ စိတ်ဝင်စားသူတွေနဲ့ ပညာစဉ် လမ်းစဉ် လိုက်စားသူတိုင်း လေ့လာထားသင့်တဲ့ စာအုပ် ..
နားလည်ရခက်ခဲပြီး အင်မတန် ရှုပ်ထွေးတဲ့ အဆင့်မြင့် ဂန္ဓာရီဆိုင်ရာ ပညာစဉ်တွေကို နားလည်ရလွယ်အောင် အနှစ်ချုပ် ရှင်းလင်းထားတဲ့ စာအုပ် ..
လူသိနည်းသလို လျို့ဝှက်တဲ့ အဆင့်မြင့် ဂမ္ဘီရဆိုင်ရာ လမ်းစဉ်တွေကို နားလည်ရလွယ်အောင် အနှစ်ချုပ် တင်ပြထားတဲ့ စာအုပ် ..
ဂန္ဓာရီဂမ္ဘီရဆိုင်ရာ ပညာစဉ် လမ်းစဉ်တွေဆိုတာ ဘာလဲ။ ကိုးကွယ်ယုံကြည်မှု ဘာသာတရားတွေနဲ့ အဲဒီ ပညာစဉ် လမ်းစဉ်တွေ ဘယ်လိုလုပ်ပြီး ဆက်စပ်နေကြတာလဲ။ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာတွေနဲ့ ပတ်လို ပတ်သက်နေကြတာလဲ။ အထက်လမ်း၊ အောက်လမ်း၊ အလယ်လမ်းတွေဆိုတာ ဘာတွေလဲ။ ထွက်ရပ်လမ်းစဉ်ဆိုတာ ဘာကိုပြောတာလဲ။
လျို့ဝှက်နက်နဲတဲ့ အဲဒီ ပညာစဉ် လမ်းစဉ် ဂိုဏ်းစဉ်တွေအကြောင်းကို အခြေခံသဘောတရားအနေအားဖြင့် နားလည်နိုင်အောင် တင်ပြထားတဲ့ ဒီသံခိပ်စာအုပ်က ဝါသနာရှင်တွေအတွက်ရော၊ ပညာရှင်တွေအတွက်ပါ တဖက်တလမ်းကနေ အထောက်အကူဖြစ်မယ့် စာအုပ်ဖြစ်ပါတယ်။
အစဉ်အလာရှိတဲ့ ဂန္ဓာရီဂမ္ဘီရဂိုဏ်းတော်တခုက ဉာဏမှူးရဲ့ မှတ်စုတွေကို တိုက်ရိုက် ဘာသာပြန်ဆိုထားတာဖြစ်တဲ့အတွက်၊ မဖြစ်မနေ သိထားအပ်တဲ့ အခြေခံ ပညာစဉ်လမ်းစဉ်ဂိုဏ်းစဉ်တွေကို အနှစ်ချုပ်အားဖြင့် လေ့လာနိုင်မှာဖြစ်ပါတယ်။
ရွှေရည်စိမ် အတုအယောင်တွေ အင်မတန် ပေါတဲ့ လောကထဲမှာ မှတ်ကျောက်တခုအနေနဲ့ အထောက်အကူဖြစ်စေမယ့် စာအုပ်ဖြစ်တဲ့အတွက် ပညာသင်ပဲဖြစ်ဖြစ်၊ ပညာရှင်ပဲဖြစ်ဖြစ်၊ ဝါသနာရှင်ပဲဖြစ်ဖြစ်၊ သုတေသီပဲဖြစ်ဖြစ် လက်ကိုင်စွဲထားနိုင်မယ့် သိသူဖော်စား မသိသူကျော်သွား စာအုပ်ဖြစ်ပါတယ်။
| စာမျက်နှာ | 239(woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.6 x 0.4 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | စာရိပ်မြိုင်စာပေ၊ 2025 အောက်တိုဘာလ (ပထမအကြိမ်) |
11 in stock








ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ