အနန္တသက်ဆင်းမှု

( 0 မှတ်ချက်)

15500 (ကျပ်)

ဟိန္ဒူဘာသာလို့ ကျွန်တော်တို့တတွေ ထင်မြင်ယူဆနေမိတဲ့ ယုံကြည်မှုအလေ့အထ အစဉ်အလာကြီးကို “သနာသနဓရ်မ” (Sanātana Dharma) လို့ ခေါ်ပါတယ်။ သက္ကတအသုံး “သနာသနဓရ်မ” ကို ပါဠိလို ပြန်ဆိုလိုက်ရင် “သနန္တနဓမ္မ” ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ “အနန္တအမှန်တရား” ပါ။

တနည်းအားဖြင့် “အနန္တသစ္စာ” လို့လည်း ပြောလို့ ရပါသေးတယ်။ အနန္တသစ္စာကို မလွဲမသွေ လက်သင့်ခံရသလိုပဲ၊ (ဝေါဟာရ ကစားတဲ့အနေနဲ့ ဘာသာပြန်ကြည့်လိုက်ရင်) “သနာသနဓရ်မ” ကို ပညာသားပါပါ ဘာသာပြန်လိုက်ရင် “အနန္တသက်ဆင်းမှု” လို့ ပြန်ဆိုလို့ ရပါတယ်။

“အနန္တသက်ဆင်းမှု” ဟာ လူသားတိုင်းအတွက် သနာသနဓရ်မ (ဟိန္ဒူဘာသာ) ဆိုင်ရာ မိတ်ဆက် စာအုပ်ဖြစ်ပါတယ်။ သနာသနာဓရ်မ (ဟိန္ဒူဘာသာ) ဂိုဏ်းဂဏ အစဉ်အလာကြီးတွေ အများကြီးထဲက အကြီးဆုံးနှစ်ခုဖြစ်တဲ့ မဟာၐီဝ ကိုးကွယ်သူတွေရဲ့ ယုံကြည်မှု၊ မဟာဝိၑဏု ကိုးကွယ်သူတွေရဲ့ သက်ဝင်မှု သဘောတရားတွေအပါအဝင်၊ သနာသနဓရ်မ (ဟိန္ဒူဘာသာ) မှာ တကယ်တမ်း ဘာတွေကို လက်ခံထားပြီး၊ ဘယ်လို အတွေးအခေါ်တွေ ရှိသလဲဆိုတာကို ဖော်ပြထားတဲ့ အနှစ်ချုပ်စာအုပ်လည်း ဖြစ်ပါတယ်။

“အနန္တသက်ဆင်းမှု” စာအုပ်က ယုံကြည်သက်ဝင်မှု အလေ့အထတွေအပေါ် အယုံအကြည်မရှိ အထင်သေးသိမ်ကြတဲ့ ခေတ်လူငယ်တွေအတွက် ရည်ရွယ်ပြီး ထုတ်ဝေထားခဲ့တဲ့ စာအုပ်ဖြစ်တဲ့အတွက် ကြီးလေးတဲ့ အကြောင်းအရာတွေကို စိတ်ဝင်စားစရာ ပြယုဂ်တွေ ထုတ်နုတ်ပြီး ပေါ့ပေါ့ပါးပါး တင်ပြထားတဲ့အတွက် ဘာသာရေးစာအုပ်ဖြစ်ပေမဲ့၊ ဘာသာရေးမဆန်တဲ့ စာအုပ်ဖြစ်ပါတယ်။

ဗုဒ္ဓဝါဒနဲ့ ခေတ်ပြိုင်ဖြစ်သလို၊ ဗုဒ္ဓဝါဒထက် ရှေးကျတဲ့ သနာသနဓရ်မ (ဟိန္ဒူဘာသာ) ဝါဒမျိုးစုံရဲ့ ဝါဒကျောရိုး အတွေးအခေါ်အနှစ်ချုပ်တွေကို စုစည်းတင်ပြထားတဲ့ စာအုပ်ဖြစ်ပြီး၊ မူရင်းစာအုပ်နာမည်ဖြစ်တဲ့ “A Million Thoughts” “သန်းနဲ့ချီတဲ့ အတွေးအခေါ်တွေ” ဆိုသလိုပဲ အနှစ်သာရမျိုးစုံရှိတဲ့ အတွေးအခေါ် စုစည်းချက်စာအုပ်လည်းဖြစ်ပါတယ်။

ပေါ့ပါ့ပါးပါး ဖတ်ရမှာဖြစ်သလို၊ စိတ်ဝင်စားစရာ ဇာတ်လမ်းတွေနဲ့အတူ ပူးတွဲ တင်ပြထားတဲ့ ဒေသနာတော်လာ အဆုံးအမတွေရဲ့ အချိတ်အဆက်နဲ့ နားလည်လွယ်အောင် ရှင်းလင်းထားပုံတွေက စာဖတ်သူတိုင်းအတွက် လက်တွေ့အသုံးကျနိုင်မှာ ဖြစ်ပါတယ်။

သနာသနဓရ်မ (ဟိန္ဒူဘာသာ) အကြောင်း စိတ်ဝင်စားသူတိုင်း မလွဲမသွေ ဖတ်ရှုသင့်တဲ့ မိတ်ဆက်စာအုပ်ဖြစ်ပြီး၊ တအုပ်တည်းနဲ့တင် အနှစ်သာရမျိုးစုံကို သိမြင်လေ့လာခွင့် ရမှာဖြစ်ပါတယ်။

စာမျက်နှာ

208(Woodfree paper)

စာအုပ်အရွယ်အစား

5.6 × 0.3 × 8.2 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2025 ဒီဇင်ဘာလ (ပထမအကြိမ်)

11 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အနန္တသက်ဆင်းမှု” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဧရုမံ စာအုပ်များ